ဝိတ်မချပါဘူး။

Photo: Kyaw Kyaw Bo fb


 

အနုပညာလောကမှာ အောင်မြင်မှုတစ်ခုကို ပိုင်ဆိုင်ထားနိုင်တဲ့ ကျော်ကျော်ဗိုဟာ ဖေ့စ်ဘွတ်ပေါ်တင်တဲ့ သူ့ရဲ့ဓာတ်ပုံတွေမှာ အပြင် ကမျက်နှာ ပုံစံနဲ့ နည်းနည်းလေးကွဲထွက်နေတာကြောင့် ကျော်ကျော်ဗို ပုံ ဟုတ်ရဲ့လားဆိုပြီးတော့ အထင်မှားသွားရလောက်အောင် ဖြစ်ကြပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျော်ကျော်ဗိုက မီဒီယာတွေကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

'' Facebook မှာ တင်တဲ့ပုံတွေက ကျွန်တော်နဲ့ မတူလို့တော့မရဘူးလေ၊ ကျွန်တော်ပါပဲ ပြောင်းလဲသွားတယ်ဆိုတာက ဆေးလိပ်ဖြတ် လိုက်တာ လည်းပါတယ်၊ တိုက်ရိုက် မလုပ်တော့ဘဲနဲ့ အစားအသောက်ဘက်ကို ကျွန်တော် လှည့်လိုက်တဲ့ အချိန်မှာ အရမ်းဝလာတာတွေ လည်းပါမယ်ပေါ့'' ဆိုပြီးတော့ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားအထူးပြသပွဲကို တက်ရောက်လာတဲ့ ကျော်ကျော်ဗိုက မီဒီယာတွေရဲ့ အင်တာဗျူး မှာဖြေဆိုထားပါတယ်။

Photo: Kyaw Kyaw Bo fb

ပေပေတေတေ အရက်သမားအဖြစ် မြင်ရမယ့် ကျော်ကျော်ဗို  

ဆေးလိပ်ဖြတ်ပြီးတဲ့ နောက်မှာတော့ အစားအသောက်ကို ပိုစားဖြစ်လာတဲ့ ကျော်ကျော်ဗိုက ဝိတ်လည်းမချပါဘူးလို့ ဆိုပါတယ်။

'' ဝိတ်မချပါဘူး လောလောဆယ်တော့ ကျွန်တော်စားနေတယ်၊ ဝိတ်တွေလည်း တက်လာတယ်။ မျက်နှာက ဆေးလိပ် ဖြတ်လိုက် တော့ ကျွန်တော်ထင်တယ် အသားအရေက Fresh ဖြစ်ပြီးတော့ ကြည်သွားတယ်ထင်တယ်၊ ပြီးတော့ မျက်နှာ ပြန်ပြည့် ပြီး ဖောင်းလာတယ်လို့ ထင်တယ်။ Skincare တွေကိုလည်း ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်နဲ့ သေချာလေး လုပ်ပေးရတယ်။ ကျွန်တော်တို့က နေပူ၊ မိုးရွာ မီးထိုး၊ မှန်ထိုးနဲ့ အလုပ်လုပ်နေရတာဆိုတော့ ဒီနှစ်ထဲမှာ ပိုပြီးတော့ ဂရုစိုက်ဖြစ်တယ်'' လို့ ဆိုပါတယ်။

Photo: Kyaw Kyaw Bo fb

 

သရုပ်ဆောင်ကျော်ကျော်ဗိုဟာ အခုလက်ရှိမှာ အရှေ့တောင်အာရှခရီးသွားအစီအစဉ်လေးတစ်ခု ရိုက်နေတယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ်တွေမှာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာရှိတဲ့ ခရီးသွားသင့်တဲ့ နေရာလေးတွေရဲ့ အကြောင်းကို ရိုက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ်လည်း ကမ္ဘာဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနဲ့ ဘရူနိုင်းနိုင်ငံတွေကိုပါ ဆက်သွားဖို့ရှိသေးတယ်လို့ ဆိုပါတယ်။

 

Share

Loading Next Article...
က္က