ရင်သားခွဲစိတ်ဦးမှာတဲ့။
Sabal Thwin

နေခြည်ဦးက နှာခေါင်းနဲ့ မျက်လုံးခွဲစိတ်မှုတွေ အပြင် ရင်သားခွဲစိတ်မှုတွေပါ ထပ်မံပြုလုပ်ဖို့ ရှိသေးတယ်လို့ ဆိုပါတယ်။ ဒါကို တော့ ၂၀၁၉ ရောက်မှသာ အကောင်အထည်ဖော်ဖြစ်မယ့် အကြောင်းကိုလည်း ပြောပြလာပါသေးတယ်။

38480817_1800715076716421_219201416957263872_n.jpg

Photo: Nay Chi Oo Facebook

 

မကြာခင်က နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်မှုတွေ လုပ်ခဲ့တဲ့ နေခြည်ဦးက နောက်ထပ်လည်း ခွဲစိတ်ပြုပြင်မှုတွေ လုပ်ဦးမယ်လို့ သိရပါတယ်။ သူ့ အနေနဲ့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာကြောင့် သရုပ်ဆောင်ဘက်ကိုပဲ အဓိက အာရုံစိုက်နေပေးနေတယ်လို့ မီဒီယာတွေရဲ့ အင်တာဗျုးမှာ ဖြေဆိုခဲ့ပါတယ်။

'' ထပ်ပြီးတော့ ခွဲစိတ်ပြုပြင်ဖို့တွေ ရှိပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဝင်လာပြီဆိုတော့ ဒီဘက်မှာ ပိုပြီးတော့ အာရုံစိုက် ချင်ပါတယ်။ ပထမဆုံး ဆာဂျရီကလည်း ဒီနှစ်မှာ လုပ်တာပေါ့နော် တစ်ကန့်လောက် ဖြန့်ချင်ပြီ။ နေခြည်လုပ်မယ့် ဆာဂျရီတွေကိုတော့ နောက်နှစ်မှ လုပ်ဖို့ စဉ်းစားထားပါတယ်'' လို့ ဆိုပါတယ်။

38152831_1798169686970960_1143141529066405888_n.jpg

Photo: Nay Chi Oo Facebook

ချီချီဆိုတဲ့ နာမည်တစ်လုံးဖြစ်အောင် အရမ်းကြိုးစားရတယ်ဆိုတဲ့ နေခြည်ဦး 

နေခြည်ဦးဟာ နောက်ထပ်ခွဲစိတ်ပြုပြင်မှုတွေကတော့ ရင်သားခွဲစိတ်ပြုပြင်မယ်လို့ သိရပါတယ်။ ပထမ ခွဲစိတ်မှု လုပ်ထားတာကလည်း မကြာသေးတာကြောင့် ရင်သားခွဲစိတ်မှုကို ၂၀၁၉ ခုနှစ်ကျမှသာ ပြုလုပ်သွားမယ်ဆိုတာကို သြဂုတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာပြုလုပ်တဲ့ သရုပ်ဆောင်သစ် ရွေးချယ်ပွဲက မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

'' ရင်သားခွဲစိတ်ပြုပြင်မှာက ကျတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိတယ်။ ပြီးတော့ အင်္ကျီဝတ်ရတာလည်း အဆင်ပြေအောင်လို့ ခွဲစိတ်ပြု ပြင်မှုတွေတော့ လုပ်ဦးမှာပါ။ အရင်တုန်းက ခွဲစိတ်ပြုပြင်ခဲ့တဲ့ ဥစ္စာတွေကိုလည်း ဗီဒီယိုဖိုင်နဲ့ သေချာလေး ရိုက်ထားတာ ဖြစ်တဲ့အတွက် အတွေ့အကြုံရှိပြီးပြီဖြစ်လို့ မကြောက်ပါဘူး'' လို့ သူကပြောပါတယ်။

35923489_1735616986559564_4359343160640405504_n.jpg

Photo: Nay Chi Oo Facebook

 

မကြာခင်က တောင်ကိုရီးယားနိုင်ငံမှာနှာခေါင်းနဲ့ မျက်စိ ခွဲစိတ်မှုတွေ ပြုလုပ်လာခဲ့တဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ ပိုပြီးတော့ တောင်လှလာပါသေးတယ်။သူ့ကို ဝေဖန်ပြောဆိုကြသူတွေကလည်း  ပလပ်စတစ်ဆာဂျရီ လုပ်ပြီး ဒီလို ပြောင်းလဲလို့ရတယ်ဆိုတာကို လက်ခံ လာတဲ့အတွက် ကျေနပ်တယ်လို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

38085502_1796330457154883_5048543557468553216_n.jpg

Photo: Nay Chi Oo Facebook

 

နှာခေါင်းနဲ့ မျက်စိ ခွဲစိတ်မှုတွေ ပြုပြင်ပြီးတဲ့နောက်မျာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာတဲ့ အကြောင်းကိုလည်း နေခြည်ဦးက ဆက်လက် ပြောပြခဲ့ပါသေးတယ်။ လှပတဲ့ နှာတံစင်းစင်းလေးနဲ့ သဘာဝကျတဲ့ မျက်ရစ်လေးတွေကြောင့် အရမ်းကို ကျေနပ်ခဲ့တယ်လို့လည်း ပြောပြခဲ့ပါ သေးတယ်။

 


ဆက်စပ်အကြောင်းအရာများ


က္က