တစ်ယောက်အခက်အခဲကို တစ်ယောက်က ကူညီနေကြ။

မြင့်မြတ်အတွက်တော့ ယုန်လေးက ညီအစ်ကိုတွေလို ဖြစ်နေပြီလို့ မီဒီယာတွေကနေတဆင့် ဖွင့်ပြောပြလာပါတယ်။ သူတို့ နှစ်ယောက်ပေါင်း ရိုက်ကူးပုံဖော်ထားတဲ့ Special 9 ရုပ်ရှင်ဇာတ်ကားကြီးကလည်း ၉ ရက်နေ့ဆိုရင် ရုံတင်ပြီလို့ ဆိုပါတယ်။



 

သရုပ်ဆောင်မြင့်မြတ်က ယုန်လေးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တဲ့ Special 9 ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးခဲ့စဉ်က အကူအညီတွေ အများကြီးပေးခဲ့တယ်လို့ သိရပါတယ်။ မြင့်မြတ်နဲ့ ယုန်လေးတို့ရဲ့ ဆက်ဆံရေး အကြောင်းတွေကိုလည်း မီဒီယာတွေကနေ တဆင့် အခုလို ပြောပြလာပါတယ်။

'' ကျွန်တော်တို့က သူငယ်ချင်းဆိုတာထက် ညီအစ်ကိုတွေလိုတောင်ဖြစ်နေပါပြီ။ ဘယ်သူ့မှာ ဒုက္ခပဲရှိရှိ ကိုယ်တတ်နိုင်သလောက်၊ တတ်နိုင် တဲ့ဘက်က ဝိုင်းပြီးတော့ ကူညီကြတာပဲ။ ကျွန်တော် ဒုက္ခရောက်နေတဲ့ အချိန်တုန်းကလည်း ကိုယုန်လေး ကူညီခဲ့တာတွေ အများကြီးရှိတယ်'' လို့ သူကဆိုပါတယ်။

Photo: Special 9 Page

 

ယုန်လေးကိုယ်တိုင် ပထမဆုံး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Special 9 ရုပ်ရှင်ဇာတ်ကားမှာမြင့်မြတ်ကလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားဟာ မြင်ဖူး၊ တွေ့ဖူးနေကြ အက်ရှင်ဇာတ်ကားတွေထက် ထူးခြားတဲ့ ဇာတ်ကားဖြစ်တဲ့ အကြောင်းကိုလည်း စက်တင် ဘာလ ၁ ရက်နေ့ညက သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တဲ့ Special 9 ရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

'' ဇာတ်ကားအကုန်လုံး ခြုံကြည့်လိုက်တဲ့အချိန်မှာ ကားတစ်ကားကောင်းဖို့ဆိုတာ တစ်ယောက်တည်း ကောင်းရုံနဲ့မပြီးဘူးTeam work ညီဖို့ အရေးကြီးတယ်။ ဒီဇာတ်ကားကတော့ သက်သေပါပဲ။ ဒီဇာတ်ကားထဲမှာပါတဲ့ သရုပ်ဆောင်တိုင်းက အားလုံး ကြိုးစားကြလို့ ဒီဇာတ်ကားလည်း ကောင်းတယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်ကတော့ ကြိုက်တယ်'' လို့ ဆိုပါတယ်။

 

ယုန်လေးက လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ လုပ်နေပြီး သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ မြင့်မြတ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလျှက်ရှိပါတယ်။ သူတို့ နှစ်ယောက်ပေါင်းပြီး ဖန်တီး ထားတဲ့ Special 9 ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း စက်တင်ဘာလ ၇ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။

Photo: Special 9 Page

 

Special 9 ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ယုန်လေး၊ နိုင်းဝမ်း၊ ထူးအယ်လင်း၊ ထက်ယံ၊ သားသား၊ Ice Cold၊ Okka၊ ဆူဇီ၊ ခိုင်မြတ်သဇင်၊ စိုးနန္ဒာကျော်၊ ပန်းနုတို့အပြင် အခြားသော အနုပညာရှင်များစွာက ပါဝင်အားဖြည့်ပေးထားပါတယ်။ ယင်းဇာတ်ကားကို ဒါရိုက်တာ အောင်မြတ် နဲ့ စစ်သွေးတို့က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က