သူတို့ နှစ်ဦးရဲ့ ပီတိလေးကို ပြောပြလာပါတယ်။

အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူစုံတွဲကတော့ ချစ်သူသက်တမ်း (၅) နှစ်ပြည့် အလှူလေးအတွက် ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာနဲ့ နောက်ထပ် မိဘမဲ့ဂေဟာ တစ်ခုမှာ အလှူအတန်းတွေ လုပ်ခဲ့ကြပါတယ်။ 

အဆိုတော်ဖြိုးလေး (Snare) နဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးကတော့ ဒီဇင်ဘာလ(၁၀) ရက်နေ့မှာ မှာ ချစ်သူသက်တမ်း(၅) နှစ်ပြည့်ပြီလို့ ဆိုပါတယ်။ အမှတ်တရနေ့လေး အကြိုအဖြစ် ခိုင်နှင်းဝေ ရဲ့ “ရင်သွေးလေးများ ရိပ်မြုံ” ဂေဟာမှာ ငွေကျပ်(၅) သိန်းလှူဒါန်းခဲ့ကြပါတယ်။ ဒီ အလှူလေးအတွက် ဝါဆိုမိုးဦးရဲ့ ပီတိစကားကို ပြောပြခဲ့ပါတယ်။ 



“ ဒီဇင်ဘာလ (၁၀) ရက်နေ့ ဆိုရင် ချစ်သူ သက်တမ်း (၅) နှစ်ပြည့်ပြီ။ မခိုင်နှင်းဝေရဲ့ ကလေးများဂေဟာမှာတော့ ဘက်စုံသုံးဖို့အတွက် ငွေသား (၅)သိန်း လှူခဲ့တယ်။ အခုလို ကာလမှာ ကလေးတွေ အတွက် လိုအပ်မှု များမယ်ဆိုတာလည်း သိတယ်၊ အစ်မနဲ့ Facebook မှာ Friend ဖြစ်နေတော့ အစ်မကို ဘာတွေ လိုအပ်လည်း မေးရင်းနဲ့ ဘက်စုံ သုံးလို့ရအောင် အလှူငွေလေးပဲ လှူဖြစ်သွားတယ်။ နောက်ထပ် အလှူလေးကလည်း ရွာသားကြီးဘက်က မိဘမဲ့ဂေဟာ တစ်ခုမှာ လှူဖို့ရှိပါသေးတယ်” လို့ ဆိုပါတယ်။ 

ဝါဆိုမိုးဦး အနေနဲ့ ချစ်သူသက်တမ်း အမှတ်တရ အလှူလေးကို ခိုင်နှင်းဝေရဲ့ ကလေးများ ဂေဟာမှာ ပြုလုပ်ခွင့်ရတဲ့ ပီတိလေးကို အခုလို ပြောပြလာပါတယ်။ 

“ အစ်မရဲ့ ဂေဟာကို ပထမဆုံး ရောက်ဖူးတာပါ။ ကလေးတွေကိုလည်း ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတာ တွေ့ရတော့ အရမ်းလည်း ပီတိဖြစ်ရတယ်။ အစ်မကတော့ တကယ်ကို အမေအရင်းတစ်ယောက်လိုပဲ စောင့်ရှောက်တာလည်း အမြဲတမ်းတွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးလေးတွေ အစ်မဆီကို ရောက်တာ အရမ်းကံကောင်းတယ်လို့ ဝါဆို ခံစားမိတယ်။ အစ်မအတွက်လည်း အရမ်း ဂုဏ်ယူပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေးကိုတော့ ၂၀၁၆ ခုနှစ်လောက်မှာ ပရိသတ်တွေကို တရားဝင် အသိပေးခဲ့ကြတာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း(၅) နှစ်တာ ခရီးမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ နဲ့ တည်ဆောက်ထားကြတာဖြစ်ပြီး အနုပညာလုပ်ငန်းတွေမှာလည်း ဖေးမကူညီပေးတာတွေ တွေ့ရသလို အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း အတွဲညီညီ ဆောင်ရွက်လေ့ရှိတဲ့ ချစ်သူ စုံတွဲ တစ်တွဲဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ မင်္ဂလာသတင်းကိုတော့ နောက် (၃) နှစ်နေမှသာ ပရိသတ်တွေကို အသိပေးသွားမယ်လို့လည်း Duwun အင်တာဗျူးမှာ ဝါဆိုမိုးဦးက ဖြေဆိုထားဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က