မိခင်မရှိတော့တဲ့အချိန်မှာ အစ်မတွေက စောင့်ရှောက်ပေးတယ်။

သန္တာဗိုလ်ကတော့ မိခင်ဖြစ်သူမရှိတော့တဲ့ နောက်မှာ အစ်မဖြစ်သူတွေနဲ့ အစစအရာရာ တိုင်ပင်ဖြစ်နေတယ်လို့ ပြောပါတယ်။ 

Photo: Thandar Bo



သန္တာဗိုလ်ရဲ့ မိခင်ကတော့ ၂၀၂၀ ခုနှစ် ဧပြီလ အတွင်းက ရုတ်တရက်ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။ အခုဆိုရင်တော့ သူမရဲ့ မိခင်ကွယ်လွန်တာ (၈) လပြည့်ပါပြီ။ မိခင်ဖြစ်သူ ကွယ်လွန်ပြီးတဲ့ နောက်မှာ အိပ်မက် မက်ခဲ့ရတာတွေကို သန္တာဗိုလ်က Duwun ကို ပြောပြလာပါတယ်။ 

“ အမေ ကွယ်လွန်တာ (၈)လပြည့်ပါပြီ။ အမေ့ကို အိပ်မက် မက်ရင် ဘုရားရှိခိုးနေတာတို့ ၊ ပြုံးပြုံးလေးနေတာတွေပဲ အိပ်မက် မက်တယ်။ ပြီးတော့ အမေက အင်္ကျီအဖြူတို့၊ ပန်းရောင်လေးတို့ ဝတ်ထားတာကိုပဲ တွေ့ရတယ်။ အရောင်လေးတွေလည်း သူက နုနုလေးတွေပဲ ဝတ်ထားတာ။ မေမေ နဲ့ အတူတူနေတာ ၊ ပြီးတော့ ကိုယ်ဘာပဲလုပ်လုပ် အမေ နဲ့ အတူတူ ဆိုတော့ အချိန်တိုင်း၊ ဘာပဲလုပ်လုပ် သတိရတာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Thandar Bo

သန္တာဗိုလ်ဟာ မိခင်ဖြစ်သူနဲ့ အတူတူနေထိုင်တာဖြစ်သလို မောင်နှမတွေထဲမှာလည်း အငယ်ဆုံးသမီးလေး ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ အစ်မဖြစ်သူတွေရဲ့ စောင့်ရှောက်မှုအောက်မှာနေထိုင်တယ်လို့ သိရပါတယ်။ သူမရဲ့ အနုပညာအလုပ်တွေ၊ အိမ်အလုပ်တွေကိုလည်း အစ်မဖြစ်တဲ့ ချောရတနာနဲ့ တိုင်ပင်နေတယ်လို့ သူက ဆိုပါတယ်။ 

“ အခုချိန်မှာ အစ်မနဲ့ အလုပ်ကိစ္စတွေ ပိုတိုင်ပင်ဖြစ်တယ်။ အရင်တုန်းကလည်း အနုပညာအလုပ်ဆိုရင် သူနဲ့ တိုင်ပင်တာများတယ်။ အခုက အမေမရှိတော့ဘူးဆိုတော့ အစ်မကြီး အမိအရာဆိုသလို တစ်ခုခုဆို မကြီးနဲ့ တိုင်ပင်တယ်။ ပြီးတော့ အိမ်မှာဆိုရင်လည်း တစ်ခုခုဆိုရင် အိမ်အလုပ်တွေ၊ အိမ်နဲ့ ပတ်သက်တဲ့အရာ တွေဆိုရင် အမေရှိနေတော့ အမေပူရတာပေါ့။ အခုကျတော့ အမေ မရှိတော့တဲ့ အချိန်မှာ အိမ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေဆို ညီမပဲ ပူရတော့တာပေါ့။ လိုအပ်တာတွေကိုလည်း မကြီးနဲ့ပဲ တိုင်ပင်ဖြစ်တယ်။ အမေ မရှိတော့မှ အမေ့ကို ပိုပြီးတော့ နားလည်လာတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Thandar Bo

သန္တာဗိုလ်ကတော့ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့တာပါ။ သူမကိုတော့ သရုပ်ဆောင် ချောရတနာရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ ပိုသိလာခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်ထိလည်း သန္တာဗိုလ်က မော်ဒယ်လ် တစ်ယောက်အနေနဲ့သာ အနုပညာလောကထဲမှာ ရပ်တည်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် သရုပ်ဆောင် ကောင်းပြည့်ရဲ့ ချစ်သူဆိုလည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က