အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်တဲ့။

သရုပ်ဆောင် ဒေါင်းက လတ်တလောမှာ မိန်းကလေးပရိသတ်တွေ သဘောအကျဆုံး မင်းသားတစ်လက်ဖြစ်နေတာပါ။ Facebook ပေါ်မှာဆိုရင် ဒေါင်းရဲ့ဓာတ်ပုံကို မိန်းကလေးတိုင်းလိုလို Share နေကြတာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် ဒေါင်းရဲ့ ပုံတွေကို Facebook ပေါ်မှာ မိန်းကလေးတိုင်းလိုလို Share နေကြတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲမှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်က ယောက်ျားလေးဆိုတော့ ပျော်တာပေါ့။ အဲဒါ သဘာဝကျတယ်လေ" လို့ ရယ်မောရင်း ဒေါင်းက Duwun Media ကို ဖြေကြားခဲ့ပါတယ်။ "အားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ဒေါင်းက ဆက်ပြောခဲ့ပါတယ်။

(လိပ်ပြာစံအိမ် ရုပ်ရှင်ကားမိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ ဒေါင်း)

သရုပ်ဆောင် ဒေါင်းက သန့်ပြန့်တဲ့ ရုပ်ရည်၊ စွဲမက်ဖွယ် အကြည့်တွေကြောင် သူ့ရဲ့သရုပ်ဆောင်ပုံတွေကို မကြည့်ရခင်ကတည်းက ပရိသတ်ရဲ့ ရင်ထဲကို ရောက်ရှိနေသူ ဖြစ်ပါတယ်။ အသက် ၃၀ မပြည့်သေးတဲ့ ဒေါင်းက အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်ရင့်ကျက်လွန်းသူတစ်ယောက်ပါ။ အဲဒါက ဘုရားတရားလုပ်လို့ ဖြစ်မယ်လို့ ဒေါင်းက ဆိုလာပါတယ်။

"အဲဒီလိုမြင်တယ်ဆိုရင်တော့ ကျွန်တော် ဘုရားတရားနေ့တိုင်းလုပ်တယ်လေ။ ကိုယ့်ကိုယ်ကို သိနေခြင်းက ပိုကောင်းတယ်လေ။ အဲဒါကြောင့်ပဲ ဖြစ်မှာပါ" လို့ ဒေါင်းက ဖြေပါတယ်။ ဒေါင်း ပါဝင်ထားတဲ့ ပုဂံမြို့သူ ဇာတ်လမ်းတွဲကို MRTV 4 ရုပ်သံလိုင်းမှာ တနင်္လာကနေ သောကြာနေ့အထိ ည ၇ နာရီအချိန်မှာ ပြသနေပါတယ်။ သရုပ်ဆောင် နိုင်းနိုင်း၊ ဝတ်မှုံရွှေရည်တို့နဲ့အတူ ဒေါင်းသရုပ်ဆောင်ထားတဲ့ "လိပ်ပြာစံအိမ်" ရုပ်ရှင်ကိုလည်း ၂၀၁၉ ခုနှစ်ဆန်းမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ပြသတော့မှာဖြစ်ပါတယ်။




Share

Loading Next Article...
က္က