မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ သည်းထိပ်ရင်ဖို ရုပ်ရှင်ကားဖြစ်ပါတယ်။

From Bangkok to Mandalay ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းဒါရိုက်တာ ChaartChai Ketnust က နောက်ထပ်မြန်မာဇာတ်ကားတစ်ကားကို သရုပ်ဆောင် နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုံရွှေရည်စတဲ့ မြန်မာသရုပ်ဆောင်များနဲ့ ဖန်တီးလိုက်ပြီဖြစ်ပါတယ်။

(ရန်ကုန်မြို့ Junction City မှာ ပြုလုပ်ခဲ့တဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကား သတင်းစာရှင်းလင်းပွဲ)



သရုပ်ဆောင် နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုံရွှေရည်တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ လိပ်ပြာစံအိမ် (The Only Mom) ရုပ်ရှင်ကားကို နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရုံတင်ပြသသွားမှာဖြစ်ကြောင်း ဒီရုပ်ရှင်ကားကို ရိုက်ကူးတဲ့ ထိုင်းဒါရိုက်တာ ChaartChai Ketnust က ဒီဇင်ဘာလ ၁၉ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ပြသသွားဖို့ရှိတယ်။ တပြိုင်နက်ဖြစ်မဖြစ်တော့မသေချာသေးဘူး" လို့ မစ္စတာ Ketnust က စကားပြန်မှတစ်ဆင့် မီဒီယာများကို ပြောခဲ့ပါတယ်။

ဒီရုပ်ရှင်ကို အခုလို နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ပြသမယ့်အတွက် ဝမ်းသာတယ်လို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးခွင့်ရခဲ့တာလည်း ကျေနပ်တယ်လို့ သူမက ပြောပါတယ်။

"စိတ်မကောင်းဖွယ်ရာတွေ၊ သည်းထိပ်ရင်ဖိုတွေ၊ ရိုက်နေရင်းနဲ့ကို အများကြီးဖြစ်ခဲ့တယ်။ အတွေ့အကြုံတွေ၊ အမှတ်တရတွေ၊ အခက်အခဲတွေ အများကြီးပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ ပင်ပန်းခဲ့၊ ဘယ်လောက်ပဲခက်ခဲခဲ့ ဒီကားက ကစ်အတွက်ကတော့ ကျေနပ်စရာပဲ။ ဘာလို့လဲဆိုတော့ ကစ် မရဖူးသေးတဲ့အရာတွေ၊ မသိတာတွေ အများကြီးသိလိုက်ရတယ်" လို့ ဝတ်မှုံရွှေရည်က ပြောပြပါတယ်။

သရုပ်ဆောင် ဒေါင်းကလည်း ဒီကားနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ အများကြီးပါပဲတဲ့။ ဒါပေမဲ့ အခုတော့ မပြောပြချင်သေးပါဘူးလို့ သူက ဆိုပါတယ်။

" အတွေ့အကြုံတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ ဇာတ်လမ်းကြည့်ပြီးမှ ပြောပြချင်တယ်။ အဲဒါမှ ပိုပြီးတော့ အရသာရှိမှာပေါ့။ ကျွန်တော့်ကာရိုက်တာက ဓာတ်ပုံဆရာ" လို့ပဲ ဒေါင်းက ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo - လိပ်ပြာစံအိမ် Facebook Page

လိပ်ပြာစံအိမ် (The Only Mom) ရုပ်ရှင်ဇာတ်ကားကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယား၊ ဂျပန်၊ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ မလေးရှား၊ ထိုင်ဝမ်၊ ဘရူးနိုင်း၊ ဗီယက်နမ်၊ လာအို၊ အိန္ဒိယစတဲ့ နိုင်ငံတွေမှာ ပြသသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က