• Cele Yatkwat
    စိတ်လှုပ်ရှားမှုတွေနဲ့ အိမ်ပြန်ခရီးစတင်ခဲ့တဲ့ ဖြိုးမြတ်အောင်
Sabal Thwin
[Unicode Version]
Myanmar idol Season 3 သီချင်းဆိုပြိုင်ပွဲဝင် ဖြိုးမြတ်အောင်က အခုဆိုရင် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာရှိတဲ့ သူ့ရဲ့ ပရိသတ်တွေ ဆီကို Myanmar idol အဖွဲ့သားတွေနဲ့ အတူ သွားနေပြီဖြစ်ပါတယ်။ဏအိမ်အလည်ပြန်ခွင့်ရတဲ့ ခရီးစဉ် မှာ ကျွန်တော်ကို အားပေး ချစ်ခင် ဝန်းရံကြတဲ့ မိသားစုတွေ ဘယ်လောက်များ ရှိနေမလဲဆိုတာ စိတ် လှုပ်ရှားရင်း ရင်ခုန်နေတယ်။
38448888_385091382021516_8215723892614889472_n.jpg
Photo: Phyo Myat Aung Fb
Myanmar idol Season 3 သီချင်းဆိုပြိုင်ပွဲဝင် ဖြိုးမြတ်အောင်က အခုဆိုရင် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာရှိတဲ့ သူ့ရဲ့ ပရိသတ်တွေ ဆီကို Myanmar idol အဖွဲ့သားတွေနဲ့ အတူ သွားနေပြီဖြစ်ပါတယ်။ ဟင်္သာတကို  ရောက်နေတဲ့ အချိန်မှာလည်း သီဆိုဖျော်ဖြေမှုတွေလုပ်ရင်း လိုအပ်တဲ့နေရာတွေကိုလည်း သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။
'' ဟင်္သာတမြို့ကို ခဏပြန်ပြီးတော့ လိုအပ်တဲ့ စာသင်ကျောင်းလေးတွေမှာ လှူမယ်။ ပြီးရင် ကျွန်တော့်ကို အားပေးဖို့စောင့်နေကြတဲ့ ဧရာဝတီ တိုင်းက မိသားစုတွေနဲ့ တွေ့မယ်။ တနလာၤနေ့ ညနေ ၃ နာရီဟင်္သာတမြို့တော်ခန်းမမှာ ဟင်္သာတ Band နဲ့ သီချင်းတွေ အတူတူ သီဆိုသွားဖို့ လည်း ရှိပါတယ်'' ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ မနက် ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ Live လွှင့်ပြီးပြောပြခဲ့တာပါ။
38495672_385091445354843_6109361146270056448_n.jpg
Photo: Phyo Myat Aung Fb
ဖြိုးမြတ်အောင်ဟာ ခဏအိမ်အလည်ပြန်ခွင့်ရတဲ့ ခရီးစဉ်မှာ ကျွန်တော်ကို အားပေး ချစ်ခင် ဝန်းရံကြတဲ့ မိသားစုတွေ ဘယ်လောက်များ ရှိနေမလဲဆိုတာ စိတ် လှုပ်ရှားရင်း ရင်ခုန်နေတယ်။ Grand Final ပွဲမတိုင်ခင် ကျွန်တော်တို့ Top2နှစ်ယောက် မွေးရပ်ဌာနေကိုခဏပြန်ပြီး အားပေးဝန်းရံကြတဲ့ ပရိတ်သတ် မိသားစုတွေနဲ့ ရင်းနှီးစွာတွေ့ဆုံခွင့်ရမယ်လို့လည်း သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါသေးတယ်။
38539072_385091492021505_999005385845112832_n.jpg
Photo: Phyo Myat Aung Fb
အကဲဖြတ်ဒိုင်အချင်းချင်း အမြင်မတူဘူးဆိုတဲ့ မျိုးကျော့မြိုင် 
ဖြိုးမြတ်အောင်ရဲ့ အိမ်အပြန်လမ်းခရီးမှာတော့ သူ့ကို အားပေးတဲ့ ပရိသတ်များစွာတို့က သောင်းသောင်းဖြဖြကြိုဆိုနေကြတာကို တွေ့ရပါ တယ်။ နောက်ဆုံးအချိန်ထိ ပြိုင်ပွဲဝင်ကြမယ့် နှစ်ဦးဖြစ်တဲ့ Myanmar idol Season 3 winner ဆုအတွက် ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့ကို အားပေးတဲ့ ပရိသတ်တွေကတော့ အင်တိုက်အားတိုက်ကို အားပေးနေကြတာပါ။
38438023_385091352021519_2691847439685517312_n.jpg
Photo: Phyo Myat Aung Fb
Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲ ဟာဆိုရင် သိပ်မကြာခင်မှာပဲ နောက်ဆုံးအနိုင်ရသူ တစ်ဦးကို ရွေးချယ်ဖို့ရက်က နီးကပ်လို့ လာပါပြီ။ Myanmar idol Season 3 မှာတော့ နာမည်ကြီးအဆိုတော်များဖြစ်တဲ့ မြန်မာပြည်သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင်နဲ့တင်ဇာမော် တို့မှ အကဲဖြတ် ဒိုင်လူကြီးများအဖြစ်ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။
[Zawgyi Version]
Photo: Phyo Myat Aung Fb
Photo: Phyo Myat Aung Fb
Photo: Phyo Myat Aung Fb
Photo: Phyo Myat Aung Fb
ဆက်စပ်သတင်းများ
"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"
သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs