အရင်က အရမ်းဝခဲ့တယ်။

ခါရာ က တက္ကသိုလ်တက်တဲ့ အချိန်တုန်းက အရမ်းကို ဝလွန်းတာကြောင့် ကိုယ့်ကိုယ်ကို ပြန်မကြည့်ချင်အောင်ပါပဲတဲ့။ အခုချိန် မှာတော့ ကောင်မလေးတွေ အသည်းစွဲ လူချောလေး တစ်ယောက်ဖြစ်နေတဲ့အကြောင်း ပြောပြထားပါတယ်။

 

သရုပ်ဆောင် ခါရာ တစ်ယောက် မကြာခင်မှာ အသက် ၂၅ နှစ်ပြည့်တော့မယ်လို့ သိရပါတယ်။ သူ့အနေနဲ့ တစ်နှစ်ထက် တစ်နှစ်ပိုပြီး ချောလာတာက ဘာသာရေးကို တစိုက်မတ်မတ် ဆောင်ရွက်လာလို့ပါ ဆိုပြီးတော့ သဘောကျရယ်မောရင်း မီဒီယာတွေရဲ့ မေးခွန်းတွေ ကို ဖြေဆိုခဲ့ပါတယ်။

'' လက်ရှိအသက်အရွယ်က အောက်တိုဘာထဲမှာ ၂၅ နှစ်ပြည့်တော့မယ်။ ငယ်ငယ်တုန်းကဆိုရင် ကျွန်တော် ဘာသာတရားဘက်ကို တော် တော် လေး ဝေးပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာပါ အဲ့ဒီအတွက် ဘာသာတရားနဲ့ ပတ်သက်ပြီး တော်တော်လေး လိုက်စားဖြစ်ပါတယ်။ ပဌာန်းလည်းရွတ်တယ် အဲ့ဒါကြောင့် ပိုချောလာတာလား မသိဘူးခင်ဗျ'' လို့ ဆိုပါတယ်။

Photo: ခါရာဖေ့စ်ဘွတ်

 

ကိုလူချော လေး လို့ ပရိသတ်တွေ သိထားကြတဲ့ ခါရာမှာ ဒီလို ချောချောမောမော ခန့်ခန့်ညားညား မဖြစ်ခင်တုန်းက သူ့ကိုယ်သူ ပြန်မကြည့် ချင်တော့လောက်တဲ့ ခန္ဓာကိုယ်အချိုးအစား ပိုင်ဆိုင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ကျောင်းတက်နေရတဲ့ အချိန်လည်း ဖြစ်တော့ စားလိုက် သောက် လိုက် အိပ်လိုက်နဲ့ပါပဲ လို့ ဆက်လက်ပြောပြလာပါတယ်။

'' အရင်တုန်းကဆို ကိုယ့်ကိုယ်ကို ပြန်မကြည့်ချင်လောက်တော့တဲ့ အထိ ဖြစ်ခဲ့တဲ့ အချိန်တွေလည်းရှိပါတယ်။ ကျွန်တော် အရမ်းဝခဲ့ဖူးပါတယ်။ တက္ကသိုလ်တက်တုန်းကပေါ့နော် တစ်ရက်ကို ခေါက်ဆွဲထုတ် ၄ ထုတ်၊ ၅ ထုတ်လောက်စားတယ်။ အစားအသောက်လည်း အရမ်းကြိုက်တယ်၊ အမြဲတမ်းစားခဲ့တယ် စပြီးတဲ့အချိန် အမြဲအိပ်တော့ ကျွန်တော့် မျက်နှာက ဇကောလောက်ကြီးရှိတယ်'' ဆိုတာကို စက်တင်ဘာလ ၂၉ ရက်နေ့ က EMPORIO & ARMANI (ဆိုင်ဖွင့်ပွဲ)ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ.

 

အခုလက်ရှိမှာတော့ ခါရာဟာ ဇာတ်ကားတွေ ရိုက်နေရပြီ ဖြစ်တဲ့အတွက် အားကစားအပိုင်းကို ပိုပြီးတော့ ဦးစားပေးလုပ်ဖြစ်တယ်လို့ ဆို ပါတယ်။ အရမ်းဝခဲ့တုန်းကလည်း ဝိတ်ချဖို့ စီစဉ်ခဲ့ဖူးတယ် လို့ ဆက်လက်ပြောပြလာပါတယ်။

'' အခုနောက်ပိုင်း အားကစားကို ဦးစားပေးပြီးတော့ လုပ်တယ်။ အလုပ်နဲ့ ပတ်သက်လာလို့လည်းမဟုတ်ဘူး အစကတည်းက ဝိတ်ချဖို့ အစီအစဉ်ရှိတယ်။ အခုဆို ဒီအလုပ်နဲ့လည်း တိုက်ရိုက်ပတ်သက်နေတဲ့အတွက်ကြောင့် ပုံမှန်လေး Gym ဆော့ဖြစ်ပါတယ်။ အားကစားကို ကျွန်တော် ဖိလုပ်ဖြစ်နေပါတယ်'' လို့ သူကဆိုပါတယ်။

ဟာသဇာတ်ရုပ်ထက် အက်ရှင်ပိုင်းကို ပိုနှစ်သက်တဲ့ ခါရာ 

Photo: ခါရာဖေ့စ်ဘွတ်

 

ခါရာဟာ Bonanza ထုတ်လုပ်ရေးနဲ့အတူ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ Professional Model တစ်ယောက် အနေနဲ့ ပရိသတ်တွေ စတင်အားပေးခြင်းကို ခံခဲ့ရသူပါ။ အခုချိန်မှာတော့ ခါရာပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲ တွေကလည်း ပရိသတ်ရှေ့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က