• Cele Yatkwat

    မြေးကို အနုပညာအမွေပေးခွင့်ရလို့ စိတ်ချမ်းသာတယ်ဆိုတဲ့ ချိုပြုံး

Sabal Thwin
[Unicode Version]

အကယ်ဒမီချိုပြုံးက အခုဆိုရင် အသက် ၇၂ နှစ်အရွယ်ရှိပါပြီ။ သူ့ရဲ့ အနုပညာအမွေတွေကို သားသမီးတွေမှာလည်း မရရှိခဲ့ သလို မြေးတွေ ထဲမှာလည်း ဝင်းခန့်မိုး တစ်ယောက်ကိုသာ အနုပညာအမွေပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မြေးလေးအပေါ် ထားတဲ့ မျှော်လင့်ချက်တွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

2.jpg 

ဝါရင့်သရုပ်ဆောင် အကယ်ဒမီချိုပြုံးက အခုဆိုရင် အသက် ၇၂ နှစ်အရွယ်ရှိပြီလို့ သိရပါတယ်။ သူ မသေခင်မှာ မြေးဖြစ်သူ ဝင်းခန့်မိုးကို အနုပညာအမွေတွေ ပေးခွင့်ရတဲ့အတွက်လည်း အရမ်းပျော်တယ်လို့ ဆိုပါတယ်။ မြေးလေး ဝင်းခန့်မိုးရဲ့ အနုပညာနဲ့ ပတ်သက်ပြီး Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

'' မေချိုအရမ်းပျော်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မေချို့အသက် ၇၂ နှစ်ရောက်လာတဲ့တိုင်အောင် သားသမီးကိုလည်း ဆွယ်တာမရဘူး၊ တူ တူမတွေကိုလည်း လုပ်ပေးတာမရဘူး မြေးတွေကလည်း စိတ်မဝင်စားကြဘူး။ ဒါပေမယ့် ဒီကလေးကတော့ ချိုချို တကယ် စိတ်ဝင်စားတယ်၊ ဖြစ်စေချင်တယ်ဆိုရင်တော့ သားလုပ်ပေးပါမယ်ဆိုတဲ့ ကတိလေးပေးတဲ့အတွက် သူ့ကို အားကိုးပါတယ်'' လို့ ဆိုပါတယ်။

44849558_2013599468727990_5797297326577942528_n.jpg 

ဝင်းခန့်မိုးကိုတော့ အကယ်ဒမီ ချိုပြုံးရဲ့ မြေးလေးဖြစ်တယ်ဆိုတာကို ၂၀၁၆- ၂၀၁၇ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲရဲ့ ရွှေကြို ရွေးချယ်ရေးကနေ တဆင့် သိရှိလာခဲ့တာဖြစ်ပါတယ်။ အနုပညာအမွေတွေ ပေးခွင့်ရမယ့် မြေးလေးအတွက် မျှော်လင့်ချက်တွေကိုလည်း အောက်တိုဘာလ ၂၅ ရက်နေ့က ဝင်းခန့်မိုးရဲ့ မွေးနေ့ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' ဘဝအတွက် မျှော်လင့်ချက်ကလေးပေါ့နော်။ မျှော်လင့်ချက်ဆိုတာ မေချို့ရဲ့ မျိုးစက်ကို ထားပေးခဲ့နိုင်တယ်ပေါ့။ နို့မို့ဆိုရင် မေချိုက အသက် လည်းကြီးနေပြီ ပြောရမယ်ဆိုရင် ကြွေဖို့အချိန်က နီးနေပြီပေါ့နော်။ ကိုယ့်ရဲ့အနုပညာအမွေ ဘယ်သူ့ကိုပေးရမယ်ဆိုတာ စိတ်မကောင်းဘူး။ ဒါပေမယ့် အခုတော့ ကိုယ်ပေးခဲ့ရမယ်သူ ရှိပြီဖြစ်တဲ့အတွက် စိတ်ချမ်းသာရပါပြီ'' လို့ ဖြေဆိုခဲ့ပါတယ်။

အဘွားရဲ့ မျှော်လင့်ချက်အတိုင်း ဖြစ်အောင်ကြိုးစားမယ့် ဝင်းခန့်မိုး 

29572362_366075917242941_3246534181811671730_n.jpg

Photo: ဝင်းခန့်မိုး ဖေ့စ်ဘွတ်


အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ရဲ့ မြေးဖြစ်လို့လည်း သရုပ်ဆောင်ရတဲ့ အိုက်တင်အပိုင်းတွေကို မသင်ပေးဘူးလို့ အကယ်ဒမီချိုပြုံး က ပြောပါတယ်။ ကိုယ်ပိုင် အမူအရာ ကိုယ်ပိုင်ဟန်ပန် နဲ့ပဲ တစ်မူထူးခြားအောင် အနုပညာအလုပ်တွေ လုပ်စေချင်တယ်လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။

'' မေချိုကတော့ အိုက်တင်တွေနဲ့ ပတ်သက်ပြီး မသင်ပေးပါဘူး။ ဒါကတော့ သူနဲ့ရိုက်မယ့် ဒါရိုက်တာတွေ သင်ပေးပါလိမ့်မယ်။ မေချိုတို့တုန်း က ဆို သူများအိုက်တင်လုပ်တာကိုကြည့်ပြီး သူ့လို လိုက်လုပ်မယ်လို့ မလုပ်ခဲ့ဘူး။ တစ်မူထူးခြားအောင် ကိုယ့်အမူအရာ ကိုယ့်ဟန်ပန်လေးနဲ့ ပဲ လုပ်ပါတယ်။ သူ့ကိုလည်း သူ့ရဲ့ အမူအရာဟန်ပန်လေးနဲ့ပဲ လုပ်စေချင်ပါတယ်'' လို့ သူကဆိုပါတယ်။

44778007_506152903235241_5192635849073754112_n.jpg

Photo: ဝင်းခန့်မိုး ဖေ့စ်ဘွတ်


သရုပ်ဆောင် အကယ်ဒမီချိုပြုံးဟာ အသက် ၇၂ နှစ်အရွယ်အထိ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတုန်းဖြစ်ပါတယ်။ အခုချိန်ထိလည်း ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်ကြီးတစ်ဦးပါ။ သူ့ရဲ့ မြေးလေး ဝင်းခန့်မိုး ကတော့ အခုလက်ရှိမှာ ဆယ်ကျော်သက် ကောင်မလေးတွေရဲ့ အသည်းစွဲ မင်းသားချောလေး တစ်ယောက် ဖြစ်လို့နေပါပြီ။


 

[Zawgyi Version]

အကယ္ဒမီခ်ဳိၿပဳံးက အခုဆုိရင္ အသက္ ၇၂ ႏွစ္အရြယ္ရွိပါၿပီ။ သူ႔ရဲ႕ အႏုပညာအေမြေတြကုိ သားသမီးေတြမွာလည္း မရရွိခဲ့ သလို ေျမးေတြ ထဲမွာလည္း ဝင္းခန္႔မုိး တစ္ေယာက္ကုိသာ အႏုပညာအေမြေပးႏုိင္ခဲ့တယ္လုိ႔ ဆိုပါတယ္။ ေျမးေလးအေပၚ ထားတဲ့ ေမွ်ာ္လင့္ခ်က္ေတြကုိ အခုလုိ ရင္ဖြင့္ေျပာျပလာပါတယ္။

 

ဝါရင့္သရုပ္ေဆာင္ အကယ္ဒမီခ်ဳိၿပဳံးက အခုဆုိရင္ အသက္ ၇၂ ႏွစ္အရြယ္ရွိၿပီလုိ႔ သိရပါတယ္။ သူ မေသခင္မွာ ေျမးျဖစ္သူ ဝင္းခန္႔မုိးကုိ အႏုပညာအေမြေတြ ေပးခြင့္ရတဲ့အတြက္လည္း အရမ္းေပ်ာ္တယ္လုိ႔ ဆုိပါတယ္။ ေျမးေလး ဝင္းခန္႔မုိးရဲ႕ အႏုပညာနဲ႔ ပတ္သက္ၿပီး Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျပာျပခ့ဲပါတယ္။

'' ေမခ်ဳိအရမ္းေပ်ာ္ပါတယ္၊ ဘာျဖစ္လုိ႔လဲဆုိေတာ့ ေမခ်ဳိ႕အသက္ ၇၂ ႏွစ္ေရာက္လာတဲ့တုိင္ေအာင္ သားသမီးကုိလည္း ဆြယ္တာမရဘူး၊ တူ တူမေတြကုိလည္း လုပ္ေပးတာမရဘူး ေျမးေတြကလည္း စိတ္မဝင္စားၾကဘူး။ ဒါေပမယ့္ ဒီကေလးကေတာ့ ခ်ဳိခ်ဳိ တကယ္ စိတ္ဝင္စားတယ္၊ ျဖစ္ေစခ်င္တယ္ဆုိရင္ေတာ့ သားလုပ္ေပးပါမယ္ဆုိတဲ့ ကတိေလးေပးတဲ့အတြက္ သူ႔ကုိ အားကုိးပါတယ္'' လို႔ ဆုိပါတယ္။

 

ဝင္းခန္႔မုိးကုိေတာ့ အကယ္ဒမီ ခ်ဳိၿပဳံးရဲ႕ ေျမးေလးျဖစ္တယ္ဆုိတာကုိ ၂၀၁၆- ၂၀၁၇ ရုပ္ရွင္ထူးခၽြန္ဆု ေပးပြဲရဲ႕ ေရႊႀကဳိ ေရြးခ်ယ္ေရးကေန တဆင့္ သိရွိလာခဲ့တာျဖစ္ပါတယ္။ အႏုပညာအေမြေတြ ေပးခြင့္ရမယ့္ ေျမးေလးအတြက္ ေမွ်ာ္လင့္ခ်က္ေတြကုိလည္း ေအာက္တုိဘာလ ၂၅ ရက္ေန႔က ဝင္းခန္႔မုိးရဲ႕ ေမြးေန႔ပြဲမွာ ေျပာျပခဲ့တာျဖစ္ပါတယ္။

'' ဘဝအတြက္ ေမွ်ာ္လင့္ခ်က္ကေလးေပါ့ေနာ္။ ေမွ်ာ္လင့္ခ်က္ဆုိတာ ေမခ်ဳိ႕ရဲ႕ မ်ဳိးစက္ကုိ ထားေပးခဲ့ႏုိင္တယ္ေပါ့။ ႏုိ႔မုိ႔ဆုိရင္ ေမခ်ဳိက အသက္ လည္းၾကီးေနၿပီ ေျပာရမယ္ဆိုရင္ ေၾကြဖုိ႔အခ်ိန္က နီးေနၿပီေပါ့ေနာ္။ ကုိယ့္ရဲ႕အႏုပညာအေမြ ဘယ္သူ႔ကုိေပးရမယ္ဆုိတာ စိတ္မေကာင္းဘူး။ ဒါေပမယ့္ အခုေတာ့ ကိုယ္ေပးခဲ့ရမယ္သူ ရွိၿပီျဖစ္တဲ့အတြက္ စိတ္ခ်မ္းသာရပါၿပီ'' လို႔ ေျဖဆုိခဲ့ပါတယ္။

အဘြားရဲ႕ ေမွ်ာ္လင့္ခ်က္အတုိင္း ျဖစ္ေအာင္ႀကိဳးစားမယ့္ ဝင္းခန္႔မုိး 

Photo: ဝင္းခန္႔မုိး ေဖ့စ္ဘြတ္


ေအာင္ျမင္တဲ့ သရုပ္ေဆာင္ တစ္ေယာက္ရဲ႕ ေျမးျဖစ္လုိ႔လည္း သရုပ္ေဆာင္ရတဲ့ အိုက္တင္အပုိင္းေတြကို မသင္ေပးဘူးလုိ႔ အကယ္ဒမီခ်ဳိၿပဳံး က ေျပာပါတယ္။ ကုိယ္ပုိင္ အမူအရာ ကုိယ္ပုိင္ဟန္ပန္ နဲ႔ပဲ တစ္မူထူးျခားေအာင္ အႏုပညာအလုပ္ေတြ လုပ္ေစခ်င္တယ္လုိ႔ ဆက္လက္ ေျပာျပခဲ့ပါေသးတယ္။

'' ေမခ်ဳိကေတာ့ အုိက္တင္ေတြနဲ႔ ပတ္သက္ၿပီး မသင္ေပးပါဘူး။ ဒါကေတာ့ သူနဲ႔ရုိက္မယ့္ ဒါရုိက္တာေတြ သင္ေပးပါလိမ့္မယ္။ ေမခ်ဳိတုိ႔တုန္း က ဆုိ သူမ်ားအုိက္တင္လုပ္တာကုိၾကည့္ၿပီး သူ႔လုိ လုိက္လုပ္မယ္လုိ႔ မလုပ္ခဲ့ဘူး။ တစ္မူထူးျခားေအာင္ ကိုယ့္အမူအရာ ကုိယ့္ဟန္ပန္ေလးနဲ႔ ပဲ လုပ္ပါတယ္။ သူ႔ကုိလည္း သူ႔ရဲ႕ အမူအရာဟန္ပန္ေလးနဲ႔ပဲ လုပ္ေစခ်င္ပါတယ္'' လုိ႔ သူကဆုိပါတယ္။

Photo: ဝင္းခန္႔မုိး ေဖ့စ္ဘြတ္


သရုပ္ေဆာင္ အကယ္ဒမီခ်ဳိၿပဳံးဟာ အသက္ ၇၂ ႏွစ္အရြယ္အထိ ရုပ္ရွင္ဇာတ္ကားေတြ ရုိက္ကူးေနရတုန္းျဖစ္ပါတယ္။ အခုခ်ိန္ထိလည္း ပရိသတ္ အခုိင္အမာနဲ႔ ရပ္တည္ေနတဲ့ အႏုပညာရွင္ႀကီးတစ္ဦးပါ။ သူ႔ရဲ႕ ေျမးေလး ဝင္းခန္႔မိုး ကေတာ့ အခုလက္ရွိမွာ ဆယ္ေက်ာ္သက္ ေကာင္မေလးေတြရဲ႕ အသည္းစြဲ မင္းသားေခ်ာေလး တစ္ေယာက္ ျဖစ္လုိ႔ေနပါၿပီ။


 



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs