• Local Celebrity

    ဖခင်မေတ္တာကို ဖော်ကျူးဦးမယ့် ဒါရိုက်တာ စင်ရော်မောင်မောင်

Ei Ei Myat
[Unicode Version]

"ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို  ပိုင်ဆိုင်ခဲ့တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်က ဖခင်မေတ္တာကို ဖော်ကျူးမယ့် ဇာတ်ကားတစ်ကားကို မကြာခင် ပုံဖော်တော့မှာပါ။ဖခင်တွေရဲ့ အနှိုင်းမဲ့ မေတ္တာကို ဖော်ကျူးမယ့် "ထာဝရအဖေ" ရုပ်ရှင်ကို အသည်းဆရာကြီး ပါမောက္ခဒေါက်တာ ခင်မောင်ဝင်းနဲ့ တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်လို့ ဆိုပါ တယ်။

36967592_10214908203612273_2002479431758643200_n.jpg

Photo : စင်ရော်မောင်မောင် FB

 

"ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးကို ပုံဖော်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ ဖခင်မေတ္တာကို ထပ်မံဖော်ကျူးဦးမယ်လို့ သိရပါတယ်။ ဖခင်တွေရဲ့ အနှိုင်းမဲ့ မေတ္တာကို ဖော်ကျူးထားတဲ့ "အဖေ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်သွားဦးမယ်လို့ စင်ရော်မောင်မောင်က ဆိုပါတယ်။

"သားသမီးတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မြင့်မိုရ်ရွှေတောင်နှင့်တူသော အဖေသားသမီးတွေအတွက် စင်္ကြာဝဠာကြီးနှင့်တူသော အဖေ သားသမီးတွေ အတွက် မဟာသူရဲကောင်း အဖေ၊သားသမီးတွေရဲ့ စံပြအဖေ သားသမီးတွေ ထာဝရ ဂုဏ်ယူနေရတဲ့ အဖေ၊ သားသမီးတွေ အတွက် ပေးဆပ်မှုသက်သက်သာရှိသော အဖေ၊ သားသမီးတွေအတွက် ထာဝရ လုံခြုံမှုကိုပေးသော အဖေ ဖခင်တစ်ဦး၏ အနှိုင်းမဲ့ မေတ္တာကို ဖော်ကျူးသော ရုပ်ရှင် ဇာတ်ကားကြီးတစ်ကားကို မကြာမီ ရိုက်ကူးတော့မှာ ဖြစ်ပါသည်။" ဆိုပြီး ဇူလိုင်(၁၃) ရက်နေ့က စင်ရော်မောင်မောင်ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

26167358_10213274051279486_5661220698356546392_n.jpg

Photo : စင်ရော်မောင်မောင် FB

သားအတွက် မွေးနေ့အလှူလုပ်ပေးနေတဲ့ စင်ရော်မောင်မောင်နဲ့ မေသန်းနု 

ထာဝရအဖေ ရုပ်ရှင်ဇာတ်ကားကို စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေး အသည်းဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ခင်မောင်ဝင်းနဲ့ ပူးပေါင်းပြီး အကောင်းဆုံး ရိုက်ကူးထုတ်လုပ်နိုင်ဖို့ စတင်ဆောင်ရွက်နေပြီလို့ သူက ဆိုပါတယ်။ အဖေ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဇာတ်ညွှန်းရေး ဆရာ နဲ့ အကောင်းဆုံး ဖြစ်အောင် ဇာတ်လမ်းရေးသားနေပြီဖြစ်တယ်လို့လည်း စင်ရော်မောင်မောင်က ဆက်လက်ရေးသားထားပါတယ်။

ထာဝရအမေဇာတ်ကားကြီးဟာ ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်းရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ အဲဒီဇာတ်ကားမှာ နေတိုး၊ ဝတ်မှုံရွှေရည်နဲ့ မေသန်းနုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး မိခင်ရဲ့မေတ္တာကို ဖော်ကျူးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ပရိသတ်က အသိအမှတ်ပြုထားပါတယ်။

24774821_10213055348092043_1032555373913173857_n.jpg

Photo : စင်ရော်မောင်မောင် FB

 

ပရိသတ်တွေ အသိအမှတ်ပြုခဲ့ကြသလို ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ ၂၀၁၇ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆု ကို ရရှိခဲ့ပါတယ်။ဒါရိုက်တာ စင်ရောက်မောင်မောင်က ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင် တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြားတောင် ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု ရရှိခဲ့ပါတယ်။ ဒါကြောင့် အခု ဒါရိုက်တာဆုနဲ့ဆိုရင် စင်ရော်မောင်မောင် ဟာ ဒါရိုက်တာဆု ၃ ဆု၊ ဇာတ်ကားဆု ၃ ဆု၊ စုစုပေါင်း အကယ်ဒမီဆု ၆ ဆု ပိုင်ဆိုင်ထားပါပြီ။

[Zawgyi Version]

"ထာဝရအေမ" ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အကယ္ဒမီဆုကို  ပိုင္ဆုိင္ခဲ့တဲ့ ဒါရိုက္တာ စင္ေရာ္ေမာင္ေမာင္က ဖခင္ေမတၱာကို ေဖာ္က်ဴးမယ့္ ဇာတ္ကားတစ္ကားကို မၾကာခင္ ပံုေဖာ္ေတာ့မွာပါ။ဖခင္ေတြရဲ႕ အႏိႈင္းမဲ့ ေမတၱာကို ေဖာ္က်ဴးမယ့္ "ထာဝရအေဖ" ရုပ္ရွင္ကို အသည္းဆရာႀကီး ပါေမာကၡေဒါက္တာ ခင္ေမာင္ဝင္းနဲ႕ တုိင္ပင္ၿပီး အေကာင္းဆံုးျဖစ္ေအာင္ လုပ္သြားမယ္လုိ႕ ဆိုပါ တယ္။

Photo : စင္ေရာ္ေမာင္ေမာင္ FB

 

"ထာဝရအေမ" ရုပ္ရွင္ဇာတ္ကားႀကီးကို ပံုေဖာ္ရိုက္ကူးခဲ့တဲ့ ဒါရိုက္တာ စင္ေရာ္ေမာင္ေမာင္ဟာ ဖခင္ေမတၱာကို ထပ္မံေဖာ္က်ဴးဦးမယ္လို႕ သိရပါတယ္။ ဖခင္ေတြရဲ႕ အႏႈိင္းမဲ့ ေမတၱာကို ေဖာ္က်ဴးထားတဲ့ "အေဖ" ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကို စင္ေရာ္ရုပ္ရွင္ထုတ္လုပ္ေရးက ရိုက္ကူးထုတ္လုပ္သြားဦးမယ္လို႕ စင္ေရာ္ေမာင္ေမာင္က ဆိုပါတယ္။

"သားသမီးေတြအတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ ျမင့္မိုရ္ေရႊေတာင္ႏွင့္တူေသာ အေဖသားသမီးေတြအတြက္ စၾကၤာဝဠာႀကီးႏွင့္တူေသာ အေဖ သားသမီးေတြ အတြက္ မဟာသူရဲေကာင္း အေဖ၊သားသမီးေတြရဲ႕ စံျပအေဖ သားသမီးေတြ ထာဝရ ဂုဏ္ယူေနရတဲ့ အေဖ၊ သားသမီးေတြ အတြက္ ေပးဆပ္မႈသက္သက္သာရွိေသာ အေဖ၊ သားသမီးေတြအတြက္ ထာဝရ လံုျခံဳမႈကိုေပးေသာ အေဖ ဖခင္တစ္ဦး၏ အႏိႈင္းမဲ့ ေမတၱာကို ေဖာ္က်ဴးေသာ ႐ုပ္ရွင္ ဇာတ္ကားႀကီးတစ္ကားကို မၾကာမီ ႐ိုက္ကူးေတာ့မွာ ျဖစ္ပါသည္။" ဆိုၿပီး ဇူလိုင္(၁၃) ရက္ေန႕က စင္ေရာ္ေမာင္ေမာင္ရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာထားပါတယ္။

Photo : စင္ေရာ္ေမာင္ေမာင္ FB

သားအတြက္ ေမြးေန႕အလွဴလုပ္ေပးေနတဲ့ စင္ေရာ္ေမာင္ေမာင္နဲ႕ ေမသန္းႏု 

ထာဝရအေဖ ရုပ္ရွင္ဇာတ္ကားကို စင္ေရာ္ရုပ္ရွင္ထုတ္လုပ္ေရး အသည္းဆရာဝန္ႀကီး ပါေမာကၡေဒါက္တာ ခင္ေမာင္ဝင္းနဲ႕ ပူးေပါင္းၿပီး အေကာင္းဆံုး ရိုက္ကူးထုတ္လုပ္ႏုိင္ဖို႕ စတင္ေဆာင္ရြက္ေနၿပီလို႕ သူက ဆုိပါတယ္။ အေဖ ရုပ္ရွင္ဇာတ္ကားႀကီးအတြက္ ဇာတ္ညႊန္းေရး ဆရာ နဲ႕ အေကာင္းဆံုး ျဖစ္ေအာင္ ဇာတ္လမ္းေရးသားေနၿပီျဖစ္တယ္လို႕လည္း စင္ေရာ္ေမာင္ေမာင္က ဆက္လက္ေရးသားထားပါတယ္။

ထာဝရအေမဇာတ္ကားႀကီးဟာ ဆရာႀကီး ေဒါက္တာ ခင္ေမာင္ဝင္းရဲ႕ ျဖစ္ရပ္မွန္ကို ျပန္လည္႐ိုက္ကူးထားတာပါ။ အဲဒီဇာတ္ကားမွာ ေနတိုး၊ ဝတ္မႈံေရႊရည္နဲ႔ ေမသန္းႏုတို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၾကၿပီး မိခင္ရဲ႕ေမတၱာကို ေဖာ္က်ဴးႏိုင္တဲ့ ဇာတ္ကားေကာင္းတစ္ကားအျဖစ္ ပရိသတ္က အသိအမွတ္ျပဳထားပါတယ္။

Photo : စင္ေရာ္ေမာင္ေမာင္ FB

 

ပရိသတ္ေတြ အသိအမွတ္ျပဳခဲ့ၾကသလို ဒါရိုက္တာ စင္ေရာ္ေမာင္ေမာင္ဟာ ၂၀၁၇ခုႏွစ္မွာ "ထာဝရအေမ" ရုပ္ရွင္ဇာတ္ကားနဲ႕ ဒါရိုက္တာဆု ကို ရရွိခဲ့ပါတယ္။ဒါရိုက္တာ စင္ေရာက္ေမာင္ေမာင္က ၁၉၉၄ ခုႏွစ္မွာ "တျပည္သူမေရႊထား" ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆံုး ဒါရိုက္တာဆုကို ရရွိခဲ့ၿပီး ၂၀၀၄ ခုႏွစ္မွာ "လွ်ိဳ႕ဝွက္ေသာႏွင္း" ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး ဒါရိုက္တာဆုကို ရရွိခဲ့ပါတယ္။

ဒါ့အျပင္ စင္ေရာ္ေမာင္ေမာင္ ပိုင္ဆုိင္ တဲ့ စင္ေရာ္ထုတ္လုပ္ေရးကလည္း ၁၉၉၄ မွာ တျပည္သူမေရႊထား၊ ၂၀၀၄ မွာ လွ်ဳိ႕ဝွက္ေသာႏွင္းနဲ႔ ၂၀၀၉ ခုႏွစ္မွာ ႀကိဳးၾကားေတာင္ ပံခတ္သံတို႔ျဖင့္ ဇာတ္ကားဆု ၃ ဆု ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ အခု ဒါ႐ိုက္တာဆုနဲ႔ဆုိရင္ စင္ေရာ္ေမာင္ေမာင္ ဟာ ဒါ႐ိုက္တာဆု ၃ ဆု၊ ဇာတ္ကားဆု ၃ ဆု၊ စုစုေပါင္း အကယ္ဒမီဆု ၆ ဆု ပိုင္ဆုိင္ထားပါၿပီ။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs