အောက်တိုဘာလ ၁၄ ရက်နေ့က ပြီးခဲ့တာဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က တစ်ကိုယ်တော် ဖျော်ဖြေပွဲပြီးသွားလို့ ရင်ထဲမှာ ဟာတာတာ နဲ့ ခံစားချက်ကို ရင်ဖွင့်လာပါတယ်။ စိုင်းစိုင်း ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Photo: စိုင်းစိုင်းဖေ့စ်ဘွတ်ပေ့ချ်

 

ဂီတလောကမှာ အောင်မြင်မှုနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲဖြစ်တဲ့ '' ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း'' ဖျော်ဖြေပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တယ်လု့ိသိရပါတယ်။ ဖျော်ဖြေပွဲ ပြီးတဲ့ အချိန်မှာလည်း သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။

''၁၀ တန်း စာမေးပွဲကြီးပြီးသွားသလိုပဲ ရင်ထဲမှာဟာတာတာနဲ့'' ဆိုပြီးတော့ အောက်တိုဘာလ ၁၅ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် အောက်တိုဘာလ ၁၆ ရက်နေ့ မနက် ၉ နာရီခွဲအချိန်မှာလည်း '' ပွဲပြီးပြီးချင်းအခိုက်အတန့်'' ဆိုပြီးတော့ ပျော်ပျော်ရွှင်ရွှင် လန်းလန်းဆန်းဆန်းရှိလှတဲ့ ဓာတ်ပုံလေး တစ်ပုံ တင်ခဲ့ပါသေးတယ်။

Photo: စိုင်းစိုင်းဖေ့စ်ဘွတ်ပေ့ချ်

 

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ''ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း'' ဆိုတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ ပါဝင် ပံ့ပိုးပေးခဲ့ကြသူတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်းကို အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါသေးတယ်။ စိုင်းစိုင်းရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာ အဆိုတော် မို့မို့ ၊ ဂျွန် ၊ ကြိုးကြာ ၊ မသီရိဂျေ ၊ သီရိဆွေ ၊ ငယ်ငယ် ၊ ကောင်းမြတ် ၊ ဖြိုးကြီး ၊ နန္ဒစိုင်း ၊ မိုးမိုး ၊ ကိုသအို ၊ ဘန်နီ ၊ ဖြိုးလေး ၊ နေဝင်း ၊ G Fatt ၊ ကိုမျိုးကျော့မြိုင် ၊ မောင်မောင်ပြည့်စုံတို့က ပါဝင်သီဆိုပေးခဲ့ကြတယ် လို့ သိရပါတယ်။

Photo: စိုင်းစိုင်းဖေ့စ်ဘွတ်ပေ့ချ်

 

ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီးပရိသတ်ကို တောင်းပန်လိုက်တဲ့ စိုင်းစိုင်း 

တစ်ကိုယ်တော် ဖျော်ဖြေပွဲရဲ့ ဂီတအပိုင်းနဲ့ ပတ်သက်ပြီး Dream Lovers အဖွဲ့ဓီရာမိုရ် နဲ့ ဂီတကဗျာအဖွဲ့တို့က ပါဝင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ အစီအစဉ်တင်ဆက်သူ အနေနဲ့ကတော့ ဆန်းထွဋ်က ပါဝင်ကူညီအားဖြည့်ခဲ့တာဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့ညက အမျိုးသားကဇာတ်ရုံမှာ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

Photo: စိုင်းစိုင်းဖေ့စ်ဘွတ်ပေ့ချ်

 

စိုင်းစိုင်းဟာ သူ့ရဲ့ '' ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း'' ဆိုတဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အခွေအနေနဲ့ ထွက်ရှိသွားမှာဖြစ်တာကြောင့် ရိုက်ကူးရေးတွေ ပြုလုပ်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း စာနယ်ဇင်း မီဒီယာတွေကို အောက်တိုဘာလ ၁၂ ရက်နေ့ ည ၈ နာရီကျော် က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ တရားဝင်တောင်းပန်ခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က