ဒီနေ့ကတော့ တစ်နှစ်ပြည့်ပါပြီတဲ့။

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း တို့က နိုဝင်ဘာလ ၂၆ ရက်နေ့ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ နန်းမြတ်ဖြိုးသင်းက ပထမဆုံးရင်သွေးလေး လွယ်ထားရပြီဖြစ်ပါတယ်။

Photo: နန်းမြတ်ဖြိုးသင်း

 

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်တာမှာလည်း ခင်ပွန်းဖြစ်သူအပါအဝင် စိတ်ချမ်းသာအောင်ထားခဲ့ကြတဲ့ မိသားစုဝင်တွေကို နန်းမြတ်က ကျေး ဇူးတင်စကားပြောပြခဲ့ပါတယ်။

'' စုလျားရစ်ပတ်မင်္ဂလာတစ်နှစ်ပြည့်ပြီ။ အချိန်ကုန်တာမြန်ပေမယ့်အဲ့အချိန်လေးတွေပြန်တွေးတိုင်းပျော်ရွှင်ကြည်နူးရပါတယ်။ ခုဆို သားသား လေး လဲ ကိုယ်ဝန်လွယ်ထားရပြီ။ နောက်နှစ်တွေဆိုသုံးယောက်ဖြစ်နေပြီ။ တစ်နှစ်တာအတွင်းစိတ်ချမ်းသာစရာတွေနဲ့ ပဲကြုံခဲ့ရလို့ ခင်ပွန်းနဲ့ နှစ်ဖက်မိသားစုအသိုင်းအဝိုင်းတွေကိုလဲကျေးဇူးအများကြီးတင်မိတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

Photo: နန်းမြတ်ဖြိုးသင်း

 

နန်းမြတ်ဖြိုးသင်းက အခုဆိုရင် ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း အရင်ကထက် ပိုပြီး ကုသိုလ်ရေးတွေ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။

''ရှေ့လျောက်ဖြတ်သန်းရဦးမယ့်ဘဝအချိန်တွေအတွက်လဲအများကြီးကြိုးစားရမယ်။ လူဆိုတာခဏလေးအတွင်းလဲသေသွားနိုင်တာမို့ ရရှိ ဖြတ်သန်းနေတဲ့ဘဝအချိန်အတွင်းမှာအကုသိုလ်အကင်းဆုံးနဲ့သံသရာအတွက်ပါရည်ရွယ်ဖြတ်သန်းသွားမယ်။ မကောင်းမှု ရှောင် ကောင်းမှု ဆောင် စိတ်ကိုဖြူအောင်ထား ပွင့်လေပီးသောမြတ်စွာဘုရားအားလုံးရဲ့တူညီတဲ့အဆုံးအမ အားလုံးပျော်ရွှင်ပြည့်စုံတဲ့ ဘဝတွေကိုဖြတ်သန်း နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်'' လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: နန်းမြတ်ဖြိုးသင်း

လိုချင်တဲ့ရင်သွေးလေး ပိုင်ဆိုင်ရလို့ဝမ်းသာနေတဲ့ နန်းမြတ် 

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း တို့ရဲ့ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မင်္ဂလာည စာစားပွဲ ကိုတော့ ရန်ကုန် မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပ ပြုလုပ် ခဲ့တာပါ။

Photo: နန်းမြတ်ဖြိုးသင်း

 

အခုဆိုရင်တော့ နန်းမြတ်ဖြိုးသင်းရဲ့ ကိုယ်ဝန်ဟာ ၆ လကျော် ၇ လထဲကို ရောက်နေပြီဖြစ်ပါတယ်။ ရင်သွေးလေးက သားလေး ဖြစ်တာ ကြောင့် လည်း ဇနီးမောင်နှံ နှစ်ယောက်စလုံး ပျော်ရွှင်ခဲ့ရပါသေးတယ်။ လက်ရှိမှာတော့ နန်းမြတ်က အနုပညာအလုပ်တွေ ရပ်နားထားတာ ဖြစ်ပြီး ဖိတ်ကြားထားတဲ့ ပွဲတွေလောက်သာ တက်ဖြစ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က