ဒီဇင်ဘာ(၂) ရက်နေ့ ညက ပေးလိုက်တာပါ။

သားလေး Liam ကို မြန်မာနာမည်လေး ပေးဖို့ ယွန်းဝတီလွင်မိုးတစ်ယောက် စီစဉ်နေတာ တော်တော်ကြာပါပြီ။ အခုတော့ သားလေးအတွက် မြန်မာနာမည်ရသွားပါပြီ။ သားလေးကို "လွင်ထက်" ဆိုပြီး နာမည်ပေးထားပါတယ်။



Photo : ယွန်းဝတီလွင်မိုး FB

 

ခေးလေးလို့ ပရိသတ်တွေ ချစ်စနိုး ခေါ်ခြင်းခံရတဲ့ ယွန်းဝတီလွင်မိုးက သားလေးကို မြန်မာနာမည် လှလှလေး ပေးလိုက်ပါပြီ။ ယွန်းဝတီ လွင်မိုး အနေနဲ့ Liam လေးကို မြန်မာနာမည်ပေးဖို့ စီစဉ်နေတာ တော်တော်ကြာပါပြီ။ အခုတော့ သားလေးအတွက် နာမည်လှလှလေး ရသွား ပါပြီ။ သားလေးကို "လွင်ထက်" လို့ ပေးလိုက်တာပါ။

သားလေးကို ပေးလိုက်တဲ့ နာမည်လေးမှာ  ယွန်းဝတီလွင်မိုးရဲ့ နာမည်ရော ခင်ပွန်းရဲ့ နာမည်လေးပါ  ပါတာတွေ့ရပါတယ်။

Photo : ယွန်းဝတီလွင်မိုး FB

 

သားလေးကို ပေးတဲ့ နာမည်လေးကို ပရိသတ်တွေကလည်း အရမ်းကြိုက်ကြတာတွေ့ရပါတယ်။ ယွန်းဝတီလွင်မိုးဟာ လက်ရှိမှာ သားလေး Liam နဲ့အတူ မြန်မာနိုင်ငံကို ပြန်ရောက်နေတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ သားလေးနဲ့ ပုံလေးတွေကို သူမရဲ့ အင်စတာဂရမ်မှာ ပရိသတ်တွေ တင်ပေးဖြစ်တာတွေ့ရပါတယ်။

သားလေးဟာ လက်ရှိမှာ ကျန်းကျန်းမာမာရှိသလို အရမ်းကိုလည်း ထွားတယ်လို့ ယွန်းဝတီလွင်မိုးလေးက ပြောခဲ့ပါသေးတယ်။

Photo : ယွန်းဝတီလွင်မိုး FB

ယွန်းဝတီလွင်မိုးအတွက် မိခင်ဖြစ်သူ ဒေါ်မေသူရဲ့ မွေးနေ့ဆုတောင်း 

ယွန်းဝတီလွင်မိုးရဲ့ သားလေးကို သြစတြေးလျနိုင်ငံ ၊  မဲလ်ဘုန်းမြို့မှာရှိတဲ့ Saint Vincent ဆေးရုံမှာ သြဂုတ်လ(၇) ရက်နေ့ ညနေ(၅)နာရီလောက်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သားလေးကို ရိုးရိုးပဲ မွေးခဲ့တာ ဖြစ်ပြီး သားလေးမျက်နှာကို  ပထမဆုံး အကြိမ် မြင်လိုက်ရတဲ့အချိန်မှာ "သားလေးလောက် ဘယ်အရာမှ အရေး မကြီးတော့ဘူး"ဆိုတဲ့ စိတ်ခံစားချက်ကို ဖြစ်မိတယ်လို့ စက်တင်ဘာ(၂) ရက်နေ့က ပရိသတ်တစ်ယောက် မေးထားတဲ့ မေးခွန်းမှာ ဖြေဆိုပေး ထားတာတွေ့ရပါတယ်။

Photo : ယွန်းဝတီလွင်မိုး FB

 

ယွန်းဝတီ လွင်မိုးကတော့ မင်းသားကြီးလွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့  သမီးကြီးလေးဖြစ်သလို ဖခင်နဲ့ မိခင်တို့ရဲ့ ချောမောတဲ့ ရုပ်ရည်လေးကို အမွေဆက်ဆံထားသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။ ယွန်းဝတီလွင်မိုးဟာ ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်ခဲ့တဲ့ ယွန်းဝတီလွင်မိုးဟာ သူမရဲ့ချစ်သူ ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က