သမီးလေးကိုဝေဖန်တာ သူ မခံစားနိုင်ဘူးတဲ့။

စမိုင်းလ်က သမီးလေးတွေကို အပြစ်တင်ဝေဖန်သူတွေကြောင့် စိတ်ညစ်လို့နေပါတယ်။ အခုလည်း အဲ့လိုဝေဖန်သူတွေကို သူမက တောင်းပန်ထားပါသေးတယ်။

 

စမိုင်းလ်ဟာ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ သမီးလေးတွေရဲ့ပုံတွေ မိသားစုလိုက်ပုံလေးတွေကို ပရိသတ်တွေ အတွက် တင်ပေးဖြစ်ပါတယ်။ ဒီလိုမျိုး ပုံလေးတွေတင်တဲ့အခါမှာ သမီးလေးတွေကို ချစ်ဖို့ကောင်းတယ်ဆိုတဲ့ စကားလေးတွေ ကြားရရင် ရင်ထဲမှာ ပြောမပြတတ်အောင် ပျော်ရပါတယ်တဲ့။

"သမီးတွေပုံတွေကိုတကယ်ဆို မတင်ချင်ပါဘူး .. FB ပေါ်ကနေ မမြငိရပဲ ကဲ့ရဲ့အပြစ်တင်တတ်သူတွေ တစ်ချို့ကြောင့်ပါ.. မိဘနေရာကို ရောက်လာတော့ ကိုယ့်ကိုဘယ်လောက်ချောကြောင်းလှကြောင်းပြောတာထက် သမီးလေးတွေဘယ်လောက်ချစ်ဖို့ကောင်းတယ် ဆိုတဲ့ စကားတွေက ရင်ထဲမှာဖြစ်လာတဲ့ အပျော်တွေကို ပြောမပြတတ်ဘူး" လို့ဒီဇင်ဘာ (၇)ရက်နေ့က ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

 

သမီးလေးတွေကိုချစ်တဲ့ပရိသတ်တွေကြောင့် ပျော်ရသလို ဖေ့စ်ဘွတ်ကနေ မမြင်ရပဲ ကဲ့ရဲ့အပြစ်တင်သူတွေ တချို့ကြောင့် အရမ်းစိတ်ညစ်နေရသလို ရင်ထဲမှာလည်း အောင့်နေအောင်ခံစားရတယ်လို့ သူမက ဆိုပါတယ်။

"အဲလိုပဲသမီးလေးတွေရုပ်ဆိုးလိုက်တာ ကုလားမ မဲတူ စသည်ဖြင့် ပျစ်ပျစ်နပ်နပ် ကိုယ်ချင်းမစာပြောလာတဲ့ သူတွေဆိုရင်လည်း ရင်ထဲမှာအောင့်နေအောင်ဝမ်းနညိးတယ်. သားသမီး မောင်နှမ ကိုယ်ချင်းစာစိတ်လေးထားပြီး သူတစ်ပါးအပေါ် ဝေဖန်ပြစ်တင်ကြပါလို့ ကြိုတောင်းပန်ပါရစေ" ဆိုပြီး သူမက ဆက်လက်ပြောထားပါသေးတယ်။

ဝမ်းသာပီတိတွေနဲ့ ကထိန်အလှူပြုခဲ့ကြတဲ့ စမိုင်းလ်တို့မိသားစု 

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း အများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေ ရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကို ထိန်းသိမ်းရတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 

သရုပ်ဆောင်စမိုင်းလ်ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။

Share

Loading Next Article...
က္က