သူ့ရဲ့ Instagram မှာ တင်ခဲ့တာပါ။

သားသားလေးနဲ့ ပထမဆုံး Shopping ထွက်နေတဲ့ ဓာတ်ပုံတွေကို မေမေ ယွန်းဝတီလွင်မိုးက Instagram ကနေတဆင့် ချပြလိုက်ပါပြီ။ သူ့ရဲ့ သားလေးကို တွေ့ချင်နေတဲ့ ပရိသတ်တွေတော့ အများကြီးပါပဲ။



Photo: YWDLM Instagram

 

သရုပ်ဆောင် လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးက ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ သားလေးနဲ့ အတူ Shopping ထွက်နေပါတယ်။ မကြာ သေးခင်ကလည်း မိခင်ဖြစ်သူ မမေသူ နဲ့ ညီမလေးဖြစ်သူ ယွန်းနဒီလွင်မိုးတို့ရဲ့ Instagram မှာလည်း သားလေးရဲ့ လက် ပုံလေးတွေ ကို တင်ခဲ့ပါတယ်။

'' Baby’s first day out. 2 weeks 4 days post partum'' ဆိုပြီးတော့ သူ့ရဲ့ Instagram မှာ သြဂုတ်လ ၂၄ ရက်နေ့ ညက တင်ခဲ့တာဖြစ်ပါ တယ်။ သားလေးဟာ အခုဆိုရင်တော့ ၁၈ ရက်သားလေးပဲ ရှိပါသေးတယ်။ယွန်းဝတီလွင်မိုးရဲ့ သားလေးကိုတော့  သြစတြေးလျနိုင်ငံ၊ မဲဘုန်းမြို့မှာ သြဂုတ်လ (၇) ရက်နေ့ ညနေ(၅) နာရီက Saint Vincent ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပြီး (၇.၅) ပေါင်ရှိတယ်လို့ သိရပါတယ်။

Photo: YWDLM Instagram

 

ယွန်းဝတီလွင်မိုးရဲ့ ဖခင်ဖြစ်သူ သရုပ်ဆောင်အကယ်ဒမီလွင်မိုးကလည်း သမီး နှစ်ယောက်ပဲ ရှိခဲ့တာကြောင့် သူ့ရဲ့ ရင်သွေးထဲမှာ ယောကျ်ား လေး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မြေးဦးလေး အဖြစ် မြေးယောကျ်ားလေးရလို့ အရမ်းကိုပျော်ရွှင်နေတဲ့ အကြောင်း ကိုလည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

"မြေးဦးလေးဆိုတော့ တော်တော်လေးတော့ ပီတိဖြစ်ပါတယ်။ဘာလို့လည်း ဆိုတော့ ကျွန်တော့်ရဲ့ ရင်သွေးမှာ ယောကျာ်းလေး မရှိခဲ့ဘူးလေ။ အခုယောကျ်ားလေး ရတော့တော်တော်လေးကို ပီတိဖြစ်မိပါတယ်။ ကိုယ့်ရဲ့မျိုးရိုးဖြစ်တဲ့ ကိုယ့်ရဲ့ မြေးဆိုရင် လည်း ဒါ အတိုင်းအထက် အလွန်ပေ့ါလေ ချစ်တဲ့စိတ်တွေကတော့ အများကြီးပေ့ါ။ " ဆိုပြီး ဖြေဆိုခဲ့တာပါ။

မြေးယောကျ်ားလေး ရလို့ ပျော်နေတဲ့ လွင်မိုး 

အဘိုးနေရာကို ရောက်ရှိသွားပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် လွင်မိုးဟာ မြေးယောကျ်ားလေးပိုင်ဆိုင်ရလို့ အပျော်ကြီး ပျော်လို့နေပါတယ်။ ချစ် စရာကောင်းတဲ့  မြေးဦးလေးကလည်း သူနဲ့ ရုပ်ချင်းဆင်တူတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။

'' မွေးတဲ့အချိန်မှာ ကျွန်တော်ရှိပါတယ်။(၁၀) ရက်နေ့ ကျမှ ပြန်လာတာ ဒီမှာ ကားရိုုက်လေးလည်း ရှိတော့လေ။ ကလေးက ကျွန်တော်နဲ့ပဲ တူပါတယ်။ သူတို့မိသားစုကတော့ သုံးလေးလလောက် သြစတြေးလျနိုင်ငံမှာ နေပြီး ပြန်လာကြမှာပါ" ဆိုပြီးတော့လည်း ဆက်လက်ဖြေဆို ခဲ့ပါသေးတယ်။

Photo: YWDLM Instagram

 

ယွန်းဝတီလွင်မိုးရဲ့ သားလေးမျက်နှာကို ပရိသတ်တွေ အရမ်းကို မြင်ချင်နေကြပါပြီ။ ဒါပေမယ့်လည်း အခုထက်ထိ ပရိသတ်တွေကို ပြသခြင်း မရှိသေးပါဘူး။ဒါပေမယ့်လည်း မကြာခင်မှာ ကလေးလေးရဲ့ မျက်နှာကို ယွန်းဝတီလွင်မိုးက အွန်လိုင်းကနေ ပြပေးမယ်လို့လည်းသိရပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က