ငယ်ငယ်လေးနဲ့ ဘာသာရေး ကိုင်းရှိုင်းသူလေး။

မယ်လိုဒီက ဘာသာရေးမှာ ကိုင်းရှိုင်းလှတဲ့သားလေးရဲ့ အပြုအမူတွေကြောင့် အံ့သြမဆုံးဖြစ်နေတာကို တွေ့ရပါတယ်။အခုလည်း သစ်တံခါး ဆရာတော် အပြန်မှာ ဆရာတော်နောက် လိုက်သွားမယ်လုပ်နေတဲ့ သားသားကို မလိုက်ဖို့ မနည်းပြန်တားခဲ့ရတယ်လို့ ဆိုပါတယ်။

Photo : မယ်လိုဒီ



မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်က ဘာသာရေးက ငယ်ငယ်လေးနဲ့ ဘာသာရေးကိုင်းရှိုင်းသူ တစ်ဦးပါ။ ဆရာတော်ကြီးကို ဖူးတွေ့ခွင့်ရတဲ့ အချိန်တွေမှာဆို အမြဲပျော်ရွှင်နေတတ်တဲ့ သားလေးက အခုလည်း သစ်တံခါး ဆရာတော်နောက် အတင်းလိုက်သွားမယ်ဆိုပြီး လုပ်နေလို့ ဆရာတော် ကားထဲက မနည်းပြန်ခေါ်ထားရတယ်လို့ မယ်လိုဒီက ဆိုပါတယ်။

“ဆရာတော်နောက်လိုက်မယ်တဲ့ ဖေဖေ မေမေ တာ့တာတဲ့ မလိုက်ပါနဲ့သားရယ် စောသေးတယ် အသက်နည်းနည်းကြီးမှလိုက်ပါလို့ တားလိုက်ရတယ်၊ ကားထဲကမနည်းပြန်ဆွဲထုတ်ရတယ်၊ ဆရာတော်တွေနဲ့တွေ့ရင် လူလိမ်မာလေးပါခင်ဗျာ” ဆိုပြီး မယ်လိုဒီရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၄) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : မယ်လိုဒီ

မယ်လိုဒီဟာ သားလေး သိဒ္ဓိစစ်ကြောင့် အမြဲတမ်း ဂုဏ်ယူနေရတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ ဆရာတော်ကြီးတွေကို ဖူးခွင့်ရတဲ့အချိန်ဆို အမြဲ ပျော်ရွှင်နေတတ်တဲ့ သားလေး သိဒ္ဓိစစ် အကြောင်းကို အခုလို ပြောပြထားပါသေးတယ်။

''အိမ်မှာ အငြိမ်မနေရှုပ်ပွအောင် ကစားသော်လည်း ဆရာတော်ကြီးများကိုဖူးခွင့်ရချိန်မှာတော့ဖြင့် ကျွန်တော်ဟာ လူအေးလေး သိဒ္ဓိစစ် ဘဝအမောတွေ ပြေပျောက်ရပါတယ်။ သားလိမ္မာမို့ စိတ်ချမ်းသာရပါတယ်။ အမှတ်တရ ထပ်တူထပ်မျှ စိတ်ချမ်းသာ ကြပါစေရှင်။ ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်'' ဆိုပြီးတော့ လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

Photo : မယ်လိုဒီ

သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီရဲ့ သားလေးကတော့ အခုဆိုရင် ၃ ရပါတယ်။မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။သားသားဟာ ဘာသာရေးကို အရမ်းကိုင်းရှိုင်းတဲ့ ကလေးလေးတစ်ဦးပါ။

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင် းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာခဏ ဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က