L'oreal Paris Fashion Week ကို တက်ရောက်နေတာပါ။
Ei Ei Myat

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပနေတဲ့  L'oreal Paris Fashion Week ပွဲကို တက်ရောက်နေတာပဲ ဖြစ်ပါတယ်။



 

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပနေတဲ့  L'oreal Paris Fashion Week ပွဲကို တက်ရောက်နေတာပဲ ဖြစ်ပါတယ်။  L'oreal Paris Fashion Week ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝတ်မှုံရွှေရည်နဲ့အတူ နေခြည်ဦးပါ ရောက်ရှိနေတာပါ။

မင်းသမီးချောလေး ဝတ်မှုံရွှေရည်ဟာပြင်သစ်ကို ရောက်နေပေမယ့်လည်း သူမရဲ့ လှုပ်ရှားမှုတိုင်းကို သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပရိသတ် တွေ ကို အသိပေးလျက်ရှိပါတယ်။စက်တင်ဘာ ၂၉ရက်နေ့ကလည်း သူမရဲ့ ပရိသတ်တွေအတွက် ဓာတ်ပုံအလန်းစားတွေကို သူမရဲ့ အကောင့်မှာ တင်ပေးထားတာတွေ့ရပါတယ်။

 

"ဒါကတော့မနေ့က ညနေပိုင်း Day tour around Paris, part 2 လေးပါ။ Activities တွေဆက်တိုက်မို့ ပင်ပန်းပေမယ့်လည်း အခုလို ပုံကောင်းကောင်းလေးတွေ ပရိတ်သတ်ကြီးကို ပြန် share ပေးနိုင်တော့ လည်း အမောပြေ ပင်ပန်းရကျိုး နပ် တာပေါ့နော် " ဆိုတဲ့ စာသားလေးကိုလည်းေ ရးသားထားပါသေးတယ်။

ပရိသတ်တွေက သူရဲ့ လှုပ်ရှားမှုလေးတွေကို မြင်တွေ့နေရလို့ ဝမ်းသာနေကြပါတယ်။ ပြင်သစ်ရောက် မြန်မာမလေး ဝတ်မှုံရွှေရည် တစ်ယောက်အရမ်းကို လှနေလို့နေပါတယ်။

 

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပပြုလုပ်မယ့် L'Oreal Paris Fashion Week ပွဲကို မြန်မာနိုင်ငံမှ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ရယ်၊ Beauty Blogger  we wee တို့လည်း ဖိတ်ကြားခြင်း ခံရတာလည်း ဖြစ်ပါတယ်။

အသက်(၃၀) ပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ တစ်နှစ်ထက် တစ်နှစ်ပိုပိုရင့်ကျက်လာသလို စိတ်ကအစ ပြောင်းလဲလာတာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။အသက်အရွယ်နဲ့ မလိုက်အောင် နုနယ်ပြီး ချစ်ဖို့ကောင်း လှ တဲ့ သူမဟာ မြန်မာနိုင်ငံက ပရိသတ်များရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

 

ဝတ်မှုံရွှေရည်က ၁၉၈၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာ လော ကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သလို ကြော်ငြာများနဲ့လည်း လူကြိုက်များ လာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

ကြော်ငြာများနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ တီဗီကြော်ငြာ ၃၀၀၊ ဗီဒီယိုဇာတ်ကားများ ၂၀၀ကျော်နဲ့ ရုပ်ရှင်ဇာတ် ကား ၃၀ကျော်တို့မှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့လာခဲ့ပါတယ်။

 

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်း တိုက်မှာ လှူဒါန်းခဲ့ပါတယ်။ ဆက် လက်ပြီး သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ် ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆိုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က