ဒီနေ့ မနက်မှာ ဆန္ဒပြခဲ့ကြတာပါ။

သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး သမီးလေး ဗစ်တိုးရီးယားအတွက် လမ်းပေါ်ထွက် ဆန္ဒပြကြသူတွေထဲမှာ သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ ခိုင်နှင်းဝေ တို့လည်း ပါဝင်လာကြတာ တွေ့ရပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေနဲ့ မျိုးစန္ဒီကျော်တို့ အနုပညာ ညီအစ်မ နှစ်ယောက်က သက်ငယ်မုဒိန်းနဲ့ ပတ်သက်ပြီး သမီးလေး ဗစ်တိုးရီးယားအတွက် ပူးပေါင်းပါဝင် ဆန္ဒပြခဲ့တာကို တွေ့ရပါတယ်။ ဆန္ဒပြပွဲကိုတော့ အင်းစိန် မြို့နယ်မှာရှိတဲ့ CID ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။



‘’ေနာက်ထပ်Victoria များမရှိစေရေး ဆုတောင်းရင်း Juscite for Victoria သက်ငယ်မုဒိန်း မှုမှန်သမျှ သေဒဏ်ပေးပါ’’ ဆိုပြီးတော့ ဇူလိုင်လ ၆ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲကျော်က မျိုးစန္ဒီကျော်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာာဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲမှာ အနုပညာရှင်တွေရော၊ ဗစ်တိုးရီးယားကို ဝန်းရံပေးကြတဲ့ ပြည်သူတွေပါ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး အနုပညာရှင်တော်တော်များများက စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာ တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာလည်း Justice For Victoria ဆိုတဲ့ Facebook Profile လေးတွေ တင်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ဒီကိစ္စအတွက် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်လင်းလင်း က ပါဝင်ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်။

မျိုးစန္ဒီကျော်ဟာ အခုလက်ရှိမှာတော့ Single Mother အနေနဲ့ တစ်ဦးတည်းသော သမီးလေး Jewel ကို စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သမီးလေးနဲ့ အတူ အနုပညာအလုပ်တွေလည်း လုပ်နေတာ တွေ့ရပါတယ်။ မျိုးစန္ဒီကျော်က လက်ရှိမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

ခိုင်နှင်းဝေကိုတော့ ပရိသတ်တွေက ပရဟိတ မင်းသမီးလေးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သူမကိုယ်တိုင်ကလည်း လက်ရှိမှာ မိဘမဲ့ ကလေးလေးတွေကို မွေးစားထားတာ ဖြစ်ပါတယ်။ အဲဒီနောက် သမီးလေးတစ်ယောက်ကို တရားဝင်မွေးစားထားတဲ့ မေမေ ဆိုရင်လည်း မမှားပါဘူး။ 

Share

Loading Next Article...
က္က