ပရိသတ်တွေ စိတ်မကောင်းဖြစ်လို့နေပါတယ်။

အဆိုတော် ဖြိုးပြည့်စုံနဲ့အတူ သူငယ်ချင်းနှစ်ယောက်အား မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဗဟန်းမြို့နယ်ရဲစခန်းက အမှုဖွင့်ထားပါတယ်။

Photo: Phyo Pyae Sone



အဆိုတော် ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းနှစ်ယောက်ကို ဒီနေ့(အောက်တိုဘာ၇ရက်)ညနေပိုင်းလောက်က မြန်မာပလာဇာအပြင်ဘက်ရှိ ကော်ဖီဆိုင်မှာ ထိုင်နေစဉ် မူးယစ်ရဲတပ်ဖွဲ့စု(၄၀)မှ သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းနှစ်ယောက်မှာ မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ ဆေးဝါး(၁၀)ပြားတွေ့ရှိတာကြောင့် ဗဟန်းမြို့နယ်ရဲစခန်းမှ မူးယစ်ပ ၄၄ ၊၂၀၁၉ ပုဒ်မ ၁၉က/၂၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဗဟန်းမြို့နယ်ရဲစခန်းမှ ရဲမှုးသိန်းဝင်းက ဆိုပါတယ်။

Photo: WAN

"လက်ရှိအဆိုတော် ဖြိုးပြည့်စုံ ပါတယ်။ တေးရေး ငြိမ်းချမ်းကို ပါတယ်။ ရော်နီဆန်းလွင်ပါတယ်။ မူးယစ်အဖွဲ့က သတင်းကြားလို့ သွားဖမ်းတာပါ။ မြန်မာပလာဇာမှာ ဖမ်းမိပါတယ်။ ဖမ်းဆီးခဲ့တဲ့ အခါမှာ ဆေးပြား ၁၀ ပြားပါတယ်။ အရင်တုန်းက မြင်ဖူးနေကျ ဆေးပြားတွေမဟုတ်ဘူး။ ထူးဆန်းတယ်။ ဖြိုးပြည့်စုံကိုယ်တိုင်ပြောတယ်။ ထိုင်းကနေ ဝယ်လာတာ မူးယစ်ဆေးဝါးမဟုတ်ဘူးလို့ပြောတယ်။ မူးယစ်ဆေးဝါးအစစ်အမှန်ဟုတ်မဟုတ် စစ်ဆေးပ့ါမယ်။ မူးယစ်ဆေးဝါးပါရှိတယ်ဆိုရင် ဥပဒေအရ အရေးယူဆောင်ရွက်မယ်” လို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။


အဆိုတော်ဖြိုးပြည့်စုံကိုယ်တိုင်ကလည်း စခန်းမှာ စစ်ဆေးမေးမြန်းချိန်တွင် သူကိုယ်တိုင် ထိုင်းကနေ ဝယ်ယူလာတာဖြစ်ပြီး မူးယစ်ဆေးဝါးမဟုတ်ကြောင်း ဆိုပါတယ်။ဖြိုးပြည့်စုံရဲ့ သတင်းတွေကြားပြီး အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေလည်း စိတ်မကောင်း ဖြစ်လို့နေကြသလို ဖြိုးပြည့်စုံဟာ မူးယစ်ဆေးဝါး သုံးစွဲတတ်သူ တစ်ယောက်မဟုတ်ကြောင်း သူတို့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွေမှာ ရေးသားထားတာတွေ့ရပါတယ်။

ဖြိုးပြည့်စုံဟာ ဂီတလောကထဲကို Melody World 2010 သီချင်းဆိုပြိုင်ပွဲ ကနေတဆင့် စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲကြီးပြီးသွားတဲ့နောက်မှာ အွန်လိုင်းပေါ်ကနေ သီချင်းလေးတွေကို မိတ်ဆက်ပေးခဲ့ပြီး ''သိမ်းထားတဲ့ အချစ်'' ၊ '' လရိပ်'' ၊ ''မျှော်နိုင်သမျှ'' စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်ကြားမှာ ရေးပန်းစားခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ မျှော်နိုင်သမျှ Audio CD ကို ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဒုတိယမြောက်အခွေကိုတော့ ပြင်ဆင်နေတုန်းပဲလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က