အလုပ်တွေများနေလို့ ကိုယ်တိုင်မပြုစုနိုင်ပါဘူးတဲ့။

ပိုင်ဖြိုးသုက သရုပ်ဆောင် ဆရာဝန် ဇနီးတစ်ယောက်ဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူ နေမကောင်းဖြစ်တာကို ကိုယ်တိုင်မပြုစုပေးနိုင်လို့ စိတ်မကောင်းဖြစ်နေပါတယ်။

Photo: Paing Phyo Thu



ပိုင်ဖြိုးသုတစ်ယောက် အနုပညာအလုပ်တွေ လုပ်နေတဲ့ကြားက နေမကောင်းဖြစ်နေတဲ့ ခင်ပွန်းအတွက် စိုးရိမ်ပူပန်လို့နေပါတယ်။ သူဟာ လက်ရှိမှာတော့ ‘’ထာဝရ နှောင်ကြိုး’’ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးနေတာဖြစ်ပါတယ်။

‘’အိမ်ဦးနတ် နေမကောင်းဖြစ်နေချိန်မှာ ကိုယ်က ပွဲတက် နေ့လယ်ကစပြီး ခု မိုးချုပ်တဲ့အထိ Shooting မှာ ကားရိုက်။ သနားပါတယ် ဆရာဝန်မိန်းမ ယူထားပေမယ့် သူခမျာ ဆေးခန်းသွားပြတော့ သူ့အစ်ကိုနဲ့ သွားရရှာတယ်’’ ဆိုပြီးတော့ မတ်လ ၁၂ ရက်နေ့ ညက သူ့ရဲ့ Facebook Story မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: Paing Phyo Thu

ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မင်္ဂလာပွဲကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ လက်ထပ်ခဲ့ကြတာပါ။

မင်္ဂလာဦးအလှူကို ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာညစာစားပွဲကိုတော့ အင်းယားလိဂ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Photo: Paing Phyo Thu

ပိုင်ဖြိုးသုဟာ ဆေးတက္ကသိုလ်ကျောင်းသူဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ပါသေးတယ်။ အဲ့ဒီနောက် ပညာရေးကိုဦးစားပေးခဲ့လို့ ပရိသတ်တွေနဲ့ ခဏတာ အဆက်ပြတ်နေခဲ့တာပါ။ ကျောင်းပြီးသွားချိန်မှာတော့အနုပညာပျိုးခင်းရဲ့စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်အလုပ်တွေ ပြန်လုပ်လာခဲ့တာ ဖြစ်ပါတယ်။

Photo: Paing Phyo Thu

အဲ့ဒီနောက် ပိုင်ဖြိုးသုက ဘီလူးမ၊ သရဲမနှင့် မိန်းမပျို ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ ‘’ထာဝရနှောင်ကြိုး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသားဇဏ်ခီနဲ့အတူ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က