အကောင့် လျှို့ဝှက်နာမည် မသိပါဘူးတဲ့။
Sabal Thwin

ပြေတီဦးရဲ့ ဖေ့စ်ဘွတ်အကောင့် Hack ခံနေရတာကြောင့် Hacker တွေကို တောင်းပန်စကားပြောပြခဲ့ပါတယ်။ သူ့အနေနဲ့ မကြာသေးခင်က ''တရားလား'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို နယ်မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။



Photo: ပြေတီဦးဖေ့စ်ဘွတ်

 

သရုပ်ဆောင်အကယ်ဒမီပြေတီဦးတစ်ယောက် သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့် ဟက်နေသူတွေကို တောင်းပန်လိုက်ပါတယ်။ ငွေလိုချင်လို့ Hack တာဖြစ်စေ၊ စနောက်ပြီး Hack တာဖြစ်စေ မလုပ်ကြဖို့ကိုလည်း ပြောပြခဲ့ပါတယ်။ ဒီ့အတွက်လည်း စိုးရိမ်နေရတဲ့ သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြခဲ့ပါတယ်။

'' ကျွန်တော့်အကောင့်ကို မဟက်ကြပါနဲ့ဗျာ။ အကောင့်ထဲမှာ ဘာမှမရှိပါဘူး။ တောင်းပန်မှ ရမယ်ဆိုလဲကြိုတင်တောင်းပန်ပါတယ်။ အလုပ် တွေ ရှုပ်မှာစိုုးလို့ပါ။ ဟက်နိုင်မှန်းလဲသိပါတယ်။ တော်မှန်းလဲသိပါတယ်။ ဖေ့စ်ဘုတ်က စာတွေပို့နေလို့ပါ။ ကျွန်တော်ကလည်း ကို့ password တောင် ကိုယ်သိတာမဟုတ်ဘူး။ တီဝဲပဲသိတော့ သူ့လဲ ခဏခဏ ပြောင်းခိုင်းနေရတာ အားနာလာပြီ။ ကိုယ့်ဘာသာ ကိုယ်လည်း မပြောင်း တတ်လို့ပါဗျာ။  မလုပ်ကြပါနဲ့နော်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၆ ရက်နေ့ ည ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးခဲ့တာဖြစ်ပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘွတ်

အိမ်ထောင်ရှင်ဘဝမှာပဲခေါ်လို့ရတဲ့ နာမည်လေးပြောလိုက်တဲ့ ပြေတီဦး 

ပြေတီဦး ဖေ့စ်ဘွတ် အကောင့် ဟက်ခံရတယ် ဆိုတဲ့အပေါ် စိုးရိမ်နေတဲ့ ပရိသတ်တွေ အများကြီးရှိပါတယ်။ ဒီ့အတွက် Comment ကနေ တဆင့် ဆက်လက်ပြောပြခဲ့ပါတယ်။

'' တချို့တွေကငွေညှစ်ကြတာမဟုတ်ပါဘူး။ ခင်မင်ရင်းနှီးချင်တာ စနောက်ချင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့ကြတော့ အလုပ်တွေ မရှုပ်ချင်လို့ပါ။ အဲ့ကြောင့် ကြိုတင်တောင်းပန်တာပါ'' လို့ ပြောပြခဲ့တာဖြစ်ပါတယ်။ ပြေတီဦးက စက်တင်ဘာလ ၂၆ ရက်နေ့က ''တရားလား'' ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို အောင်အောင်မြင်မြင်ရိုက်ကူးခဲ့ပြီးပြီဖြစ်ပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘွတ်

 

ပြေတီဦးဟာ အာဒံရယ်၊ဧဝရယ်၊ဒဿရယ် ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၀ခုနှစ်အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် မှာ "လက်ပံ" ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၁၃ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၁၄ခုနှစ်မှာ နှလုံးသားဖြင့် ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းအမျိုးသားဇာတ် ဆောင်ဆုကို ရရှိခဲ့သူတစ်ဦး ဖြစ် ပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘွတ်

 

အကယ်ဒမီပြေတီဦးဟာအနုပညာနဲ့ ပတ်သက်ပြီး အကယ်ဒမီဆုတွေလည်း ပိုင်ဆိုင်ထားသလို အနုပညာလုပ်ငန်းကနေရရှိလာတဲ့ ငွေကြေး နဲ့ တည်ထောင်ခဲ့တဲ့ ပြေတီဦး ဖောင်ဒေးရှင်းကြီးရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်ပါတယ်။ ပြေတီဦးဟာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူး နေရသလို ပရဟိတအလုပ်တွေလည်းလုပ်ရင်း မိသားစုကိုပါ အချိန်ပေးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က