ပျော်စရာကြီး။

ခိုင်သင်းကြည်က ဒီနှစ်သင်္ကြန်ကို မိသားစုနဲ့အတူတူ ခရီးထွက်နေတာပါ။ ဒီနှစ်ကိုလည်း မနှစ်ကလို ဘာလီမှာပဲ မိသားစု အပန်းဖြေကြမယ်တဲ့။

Photo : ခိုင်သင်းကြည်



သရုပ်ဆောင် ခိုင်သင်းကြည်တို့ မိသားစုက ဘာလီကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သင်္ကြန်ရက်အတွင်း မိသားစုနဲ့အတူတူ ဘာလီမှာ အပန်းဖြေမယ်လို့ သိရပါတယ်။ မနှစ်ကလည်း သင်္ကြန်တွင်းမှာ ဘာလီမှာ အပန်းဖြေခဲ့တာ ဖြစ်ပါတယ်။ မနှစ်က သွားခဲ့တာလေး ပြန်ကြည့်ပြီး ပျော်လို့ ဒီနှစ်ကိုလည်း ထပ်သွားမယ်လို့ ခိုင်သင်းကြည်က သူ့ရဲ့ ေ့ဖစ်ဘွတ်မှာ ဧပြီ(၁၁) ရက်နေ့က ရေးထားတာတွေ့ရပါတယ်။

Photo : ခိုင်သင်းကြည်

ဧပြီ(၁၂) ရက်နေ့မနက်က ရန်ကုန်က စထွက်သွားတဲ့ သူတို့မိသားစုလေးက ဧပြီ(၁၂)ရက်နေ့ ညက အင်ဒိုနီးရှား ဘာလီကျွန်းသို့ ရောက်ရှိခဲ့ပါတယ်။ ဒီနေ့(ဧပြီ၁၃ရက်)ကစပြီး ဘာလီကျွန်းမှာ အလည်ထွက်တော့မှာဖြစ်လို့ပရိသတ်တွေအတွက် ညနေကျမှ ပုံလေးတွေ တင်ပေးမယ်နော်ဆိုပြီး ပြောထားပါသေးတယ်။

“လည်လည်သွားတော့မယ် ညကျရင်ပုံတွေတင်မယ်နော်” ဆိုပြီး ဧပြီ(၁၃) ရက်နေ့က သူမဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။ သူတို့မိသားစု ခရီးသွားတဲ့ ပုံလေးတွေ ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးနေကြပါတယ်။

Photo : ခိုင်သင်းကြည်

သရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည်မှာ ချစ်ရတဲ့ ခင်ပွန်း ကိုခန့်နိုင်နဲ့ ချစ်စရာကောင်းတဲ့ သမီးလေး စံထိပ်ထားဦးတို့ကို ပိုင်ဆိုင်ထားပါတယ်။သူ့ရဲ့ ချစ်စရာကောင်းလှတဲ့ တစ်ဦးတည်းသောသမီးလေးစံထိပ်ထားဦးကိုတော့ လက်ရှိမှာ စာကိုပဲ အဓိက လုပ်စေချင်တယ်လို့ ဆိုပါတယ်။ သမီးလေးကိုလည်း လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမဖြစ်တဲ့အကြောင်းကိုလည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo : ခိုင်သင်းကြည်

သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည်ဟာ အနုပညာမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင် ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က