ပြန်လွတ်လာပြီဆိုတာ မဟုတ်ပါဘူး။

လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သရုပ်ဆောင် မေသန်းနု ပြန်လွတ်လာပြီဆိုတဲ့ သတင်းတွေ ပြန့်နေတဲ့အပေါ် ဒါရိုက်တာ စင်ရော်မောင်မောင် ယခုလို ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။

Photo: Zin Yaw Mg



ငွေကြေးလိမ်လည်မှုနဲ့ အကျဉ်းချခံထားရတဲ့ သရုပ်ဆောင်အကယ်ဒမီ မေသန်းနု အကျဉ်းထောင်ကနေ ပြန်လွတ်လာပြီဆိုတာ သတင်းအမှန်မဟုတ်ကြောင်း ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပါတယ်။ ဒီ သတင်းအမှားတွေကို တင်ထားတဲ့ မီဒီယာ တချို့ကိုလည်း ပြန်လည်ဖြုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

“ ကျွန်တော် မနက်ကတည်းက ဖြေရှင်းနေရတဲ့ ကိစ္စလေးတစ်ခုပြောချင်လို့ပါ။ မေသန်းနု အကျဉ်းချခြင်းခံနေရာကမှ ထောင်က လွတ်လာပြီဆိုတဲ့ သတင်းဟာ မဟုတ်ပါဘူးခင်ဗျာ။ ဒီသတင်းဟာ လွဲနေပါတယ်။ မီဒီယာ တချို့က တင်နေတာကိုလည်း တွေ့ရပါတယ်။ မှားနေတာဖြစ်တဲ့အတွက် သတင်းပြန်ဖြုတ်ပေးလို့ရရင်လည်း ဖြုတ်ပေးပါ။ သို့မဟုတ် ပြန်ဖြေရှင်းပေးစေချင်ပါတယ်ခင်ဗျာ” ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဗီဒီယို ဖိုင်လေးနဲ့တ ကွပြောပြထားတာဖြစ်ပါတယ်။ 

Photo: Zin Yaw Mg

မေသန်းနုကဟာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ အင်းစိန်အကျဥ်း‌ထောင်မှာ ပြစ်ဒဏ်ခံယူနေရတာလည်း ဖြစ်ပါတယ်။နှစ်ဆန်းတစ်ရက်နေ့တုန်းကလည်း သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ သရုပ်ဆောင် မေသန်း နု ပါဝင်ဖို့ အားလုံးက ဆုတောင်းပေးခဲ့ကြပေမယ့်လည်း အကျဥ်းသား(၂၄,၈၉၆)ဦး လွတ်မြောက်တဲ့ အထဲမှာ သရုပ်ဆောင် မေသန်းနု မပါဝင်ခဲ့နိုင်ပါဘူး။ မေသန်းနုရဲ့ ခင်ပွန်းဟောင်း ဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်အနေနဲ့လည်း သရုပ်ဆောင်မေသန်းနု ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် အစွမ်းကုန် ဆောင်ရွတ်ပေးနေသလို မေသန်းနု အကျဥ်းထောင်က ပြန်လည်လွတ်မြောက်လာရင် နေနိုင်ဖို့အတွက် အိမ်လုံးချင်းတစ်လုံးပြင်ဆင်ပေးထားတာကိုလည်း တွေ့ရပါတယ်။

ဆက်လက်ပြီးတော့လည်း ဒါရိုက်တာ စင်ရော်မောင်မောင်အနေနဲ့ သားဖြစ်သူနဲ့အတူ အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ကိုင်ဖို့အတွက် ပြင်ဆင်နေသလို ဇူလိုင်(၃) ရက်နေ့မှာ ကျရောက်မယ့် သားရဲ့မွေးနေ့အတွက် အလှူအတန်းတွေ လုပ်ပေးသွားဖို့အတွက်လည်းပြင်ဆင်နေတယ်လို့ ဇွန်လ(၂၁) ရက်နေ့က တင်ထားတဲ့ဗီဒီယိုလေး မှာ ပြောထားပါသေးတယ်။

“ အဓိက ကတော့ (၃) ရက်နေ့မှာ မင်းသန့်မွေးနေ့ရှိပါတယ်။ မင်းသန့်မွေးနေ့ကို အလှူလုပ်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်ခင်ဗျာ။ အဲဒီအချိန်မှာ ဧည့်သည်တွေလည်း ဖိတ်ခွင့်ရမယ်၊ LockDown ဖြည်သွားမယ်ဆိုရင် ဧည့်သည်တွေကို ဖိတ်ပါမယ်။ နဂိုအတိုင်း လူစုလူဝေးမလုပ်ရဘူးဆိုရင်လည်း ကျွန်တော်ရယ်၊ မင်းသန့်ရယ် ဆရာတော်ကြီးဆီမှာ ရေစက်ချဖို့ရှိပါတယ်။ ဘောက်ထော်က မဟာဗောဓိရွှေကျင်ကျောင်းတိုက်မှာပါ ခင်ဗျာ။ မင်းသန့် အမေအတွက်လည်း ဆုတောင်းပေးပါ” လို့ ဆိုပါတယ်။

Photo: Zin Yaw Mg

မေသန်းနုကတော့ လက်ရှိမှာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ရန်ကင်းတရားရုံးက ထောင်ဒဏ် တစ်နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါအမှုအတွက် ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာစင်ရော်မောင်မောင်ဟာ မတ်လ(၁၁) ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ အယူခံဝင်ခဲ့ပေမယ့် ပယ်ချခြင်းခံခဲ့ရတယ်လို့လည်း စင်ရော်မောင်မောင်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ စင်ရော်မောင်မောင်အနေနဲ့ သူချစ်တဲ့ သားလေး ခံစားနေရတာတွေကို မကြည့်ရက်တော့ တာကြောင့် မေသန်းနုရဲ့ အမှုကိစ္စမှာ ပါဝင်ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ချ ချခဲ့ရတာလည်း ဖြစ်ပါတယ်။ တရားလိုဘက်က တင်ပြမှုတွေဟာ တရားမျှတမှု မရှိဘူးလို့လည်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း အသိပေးပွဲမှာ စင်ရော်မောင်မောင်က ပြောပြခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က