ဖုံးဖိပေးနေကြတာလားတဲ့။

နေပြည်တော်က သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေသာမက ပြည်သူတွေကပါ စိတ်မကောင်းဖြစ်လို့နေကြတာပါ။ ပိုးအိအိခန့်ကလည်း သမီးလေးရဲ့ သတင်းတွေကို ဖတ်ရင်း တရားဥပဒေစိုးမိုးရေးက ဒီလောက်တောင် အခြေအနေ ဆိုးနေရသလားဆိုပြီး မေးခွန်းထုတ်လိုက်ပါတယ်။

 

Photo : ပိုးအိအိခန့်



သရုပ်ဆောင် ပိုးအိအိခန့်က  သက်ငယ်မုဒိမ်းဆိုပြီး ကြားလိုက်ရတာနဲ့ အသည်းတွေ နာရတဲ့ထိ ဖြစ်ရတဲ့ အမှုမျိုး ဖြစ်တယ်လို့ဆိုပါတယ်။ အခုလည်း ဒီနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးက ဒီလောက်တောင် အခြေအနေ ဆိုးနေရသလားဆိုပြီး သူမက မေးခွန်းထုတ်ထားပါတယ်။

“မဟုတ်ပါဘူးကွာဒီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးက ဒီလောက်တောင် အခြေအနေ ဆိုးနေရသလား..... သက်ငယ်မုဒိန်းဆိုတာက ကိုယ့်ရဲ့ သွေးသားအရင်းမှ မဟုတ်ဘူး ။သက်ငယ်မုဒိန်းဟေ့ဆိုပြီး ကြားလိုက်ရတာနဲ့ အသဲထဲမှာ တစ်ဆတ်ဆတ်နဲ့ တုန်နေအောင် ဒေါသတွေထွက် အသည်းတွေ နာရတဲ့ အထိ ဖြစ်တဲ့ အမှုမျိုးပါ.ဒီအမှုကြီး ဒီလောက်ရှင်းနေတာ ဒီလောက်ကြာနေစရာလိုလို့လား ဖုံးဖိပေးနေကြတာလား။ မဖုံးမဖိပေးကြဘူးဆိုရင်လည်း သမီးလေးအဖေရဲ့ ထွက်ဆိုချက်တွေမှာ ( နေရာ ၃ နေရာ ၊ လူ ၁၀ ယောက် ) ဒီဟာလေးကြားထဲမှာ ဒီအမှုက ဒီလောက်တောင်ခက်နေရသလားဟာ” ဆိုပြီး ဇူလိုင်(၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

 

Photo : ပိုးအိအိခန့်

သူမမှာ တစ်နေ့တစ်နေ့ ဆရာသက္ကတင်တဲ့ စာတွေ စောင့်ဖတ်ရင်း ရင်တွေနာ ရင်တွေမောရပါတယ်လို့ ဆိုပါတယ်။

“တစ်နေ့ တစ်နေ့ ဆရာသက္ကတင်တဲ့ စာတွေ စောင့်ဖတ်ရင်း ရင်တွေနာ ရင်တွေမော သမီးလေးမိဘနေရာကို ဘယ်လိုမှတောင် မစဉ်းစားနိုင်တော့ဘူး ဘယ်လောက်တောင်ခံစား ယူကြုံးမရ ဖြစ်နေရမလဲလို့..ဒီကိစ္စမှာ လူမမယ် သမီးလေးကို မုဒိန်းကျုးလွန်တဲ့ကောင်ရယ်ကျုးလွန်တာမြင်လိုက်တဲ့ မျက်မြင်သက်သေရယ် ကျုးလွန်တဲ့ မုဒိန်းကောင်ကိုသိသွားပီးတဲ့နောက် အတတ်နိုင်ဆုံး သိသိကြီးနဲ့ လိုက်ဖုံးလိုက်ဖိပေးတဲ့ သူတွေရယ်(ဟုတ်ရင်နာ မဟုတ်ရင်မနာနဲ့) ဒီဘဝမှာ မင်းတို့ လူလာဖြစ်တာ အရမ်းကို အံ့သြမိပါတယ်..... လူဖြစ်လာတာ လူစိတ်ရှိဖို့လိုမယ်.... လူဖြစ်လာပြီး လူစိတ်မရှိရင် လူ့တိရိစ္ဆာန်တွေပါပဲ.” ဆိုပြီး ဆက်လက်ပြောထားတာ တွေ့ရပါတယ်။

Photo : ပိုးအိအိခန့်

ပိုးအိအိခန့်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့သူလေးဖြစ်ပါတယ်။ သူမဟာ ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေ(မဟာဘွဲ့) ကို ရရှိထားသူပါ။ လက်ရှိမှာတော့ သူမက ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုသာ ဆက်လက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ သိပ်မကြာသေးခင်က ပဲ ‘’တုနှိုင်းမဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က