သူ့ရင်ထဲက ခံစားချက်တွေ ရင်ဖွင့်ပြောပြလာပါတယ်။

တိုင်ရွန်ဟာ သက်ငယ်မုဒိမ်းမှုဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယား အတွက် လမ်းလယ်ခေါင်ထွက်ပြီး ဆန္ဒပြဖို့တောင် အဆင်သင့်ပဲလို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း သက်ငယ်မုဒိမ်းမှု နဲ့ ပတ်သက်တဲ့ ခံစားချက်တွေ အခုလို ပြောပြလာပါတယ်။

Photo: တိုင်ရွန်



သရုပ်ဆောင်တိုင်ရွန်က နေပြည်တော်မှာ ဖြစ်ပေါ်ခဲ့တဲ့ သမီးလေး ဗစ်တိုးရီးယားရဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သူ့ရင်ထဲက ခံစားချက်ကို ရင်ဖွင့်ပြောပြလာပါတယ်။ သမီးလေးအတွက် ဆန္ဒပြဖို့ဆိုရင်လည်း ဝန်မလေးဘူးလို့ဆိုပါတယ်။

‘’ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံရှိရင် အမှားကို အမှန်လို့ ပြောင်းလဲ သတ်မှတ်နိုင်တယ်။ မတရားဥပဒေ ရှက်ဖို့ကောင်းတယ်။ ကျွန်တော် ဘာမှတော့ နားမလည်ပါဘူး ဒါပေမယ့် လိုအပ်လာရင် ဒီကလေးအတွက် လမ်းလည်ခေါင်ထွက် ဆန္ဒပြဖို့ အဆင်သင့်ပဲ။ ဒီလို မုဒိန်းကောင်တွေကြောင့် မိဘတွေ ဘယ်နစ်ယောက် သားသမီးတွေ ဆုံးရှုံးခဲ့ကြပြီလဲ ဒီတိုင်းကြည့်နေကြတော့မှာလားဗျာ’’ ဆိုပြီးတော့ ဇွန်လ ၂၉ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: တိုင်ရွန်

သမီးလေး ဗစ်တိုးရီးယား အတွက် အမှုမှန်ပေါ်ပေါက်လာစေဖို့အတွက် အနုပညာရှင်များစွာတို့ကလည်း ဝန်းရံထားကြတာ တွေ့ရပါတယ်။ သမီးလေးအတွက် စိတ်မကောင်းဖြစ်တဲ့အကြောင်းကိုလည်း သူတို့ကိုယ်တိုင် Social Media တွေပေါ်မှာ ရင်ဖွင့်ပြောပြထားကြပါသေးတယ်။ အဲဒီနောက် အနုပညာရှင်တွေသာမက သက်ငယ်မုဒိမ်းမှုကို ဆန့်ကျင်တဲ့ ပရိသတ်တွေကလည်း ‘’Justice For Victoria’’ ဆိုတဲ့ ဓာတ်ပုံလေးနဲ့ Facebook Profile ကိုယ်စီ ပြောင်းနေကြတာကိုလည်း တွေ့ရပါတယ်။

Photo: တိုင်ရွန်

ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က