အမှုမှန် အမြန်ဆုံးပေါ်ပေါက်ဖို့ဆုတောင်းနေပါတယ်။

အိန္ဒြာကျော်ဇင်က မုဒိမ်းမှု ကျူးလွန်ခံခဲ့ရသူ သမီးလေး ဗစ်တိုးရီးယားအတွက် သားသမီးချင်း ကိုယ်ချင်းစာတဲ့ စိတ်နဲ့ စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။ သမီးလေး အတွက် အမှုမှန် အမြန်ဆုံးပေါ်ပေါက်စေချင်တယ်လို့ ပြောပါတယ်။

Photo: Eaindra Kyawzin



သရုပ်ဆောင် အိန္ဒြာကျော်ဇင်က နေပြည်တော်မှာ ဖြစ်ခဲ့တဲ့ သက်ငယ်မုဒိမ်း ကျူးလွန်ခံရသူ သမီးလေး ဗစ်တိုးရီးယားအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ သမီးတစ်ယောက်ရဲ့ မိခင်ဖြစ်တာကြောင့် အရမ်းခံစားရတယ်လို့ ဆိုပါတယ်။

‘’သမီးတစ်ယောက်ရဲ့ အမေအဖြစ်ရှိနေတဲ့ အူဝဲအတွက်တော့ အရမ်းခံစားရတယ်။ အမှုမှန် အမြန်ပေါ်ပေါက်ပါစေ မြန်မာပြည်မှာ တရားဥပဒေပိုမိုစိုးမိုးလာရန် ပြည်သူေ တွတရားဥပဒေကို ပိုမိုယုံကြည် လေးစားလိုက်နာလာရန် တရားဥပဒေစိုးမိုးရေး တွင် ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်’’ ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: Amazing Grace

သက်ငယ်မုဒိမ်းကျူးလွန်သူတွေအပေါ်ကိုလည်း ထိရောက်တဲ့ ပြစ်ဒဏ်ပေးစေချင်တယ်လို့ ဆိုပါတယ်။ အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေဖို့ကိုလည်း ဆုတောင်းခဲ့ပါသေးတယ်။

‘’နိုင်ငံတော်အစိုးရနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများက နေပြည်တော်က ကလေးမုဒိမ်းမှု၏ တရားခံအစစ် ကိုမပျက်မကွက်ဖော်ထုတ်ပေးပါရန်။ ပြည်သူများကလေးစားစွာတောင်းဆို လိုက်ပါသည်’’လို့ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပညာပေးဇာတ်ကားတစ်ကားဖြစ်တဲ့ ''ဟစ်တိုင်''ရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။

Photo: Eaindra Kyawzin

သမီးလေး ဗစ်တိုးရီးယား အတွက် အမှုမှန်ပေါ်ပေါက်လာစေဖို့အတွက် အနုပညာရှင်များစွာတို့ကလည်း ဝန်းရံထားကြတာ တွေ့ရပါတယ်။ သမီးလေးအတွက် စိတ်မကောင်းဖြစ်တဲ့အကြောင်းကိုလည်း သူတို့ကိုယ်တိုင် Social Media တွေပေါ်မှာ ရင်ဖွင့်ပြောပြထားကြပါသေးတယ်။ အဲဒီနောက် အနုပညာရှင်တွေသာမက သက်ငယ်မုဒိမ်းမှုကို ဆန့်ကျင်တဲ့ ပရိသတ်တွေကလည်း ‘’Justice For Victoria’’ ဆိုတဲ့ ဓာတ်ပုံလေးနဲ့ Facebook Profile ကိုယ်စီ ပြောင်းနေကြတာကိုလည်း တွေ့ရပါတယ်။

Photo: Amazing Grace

အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။

Share

Loading Next Article...
က္က