စိတ်မကောင်းစရာလည်း ကြုံခဲ့ရတယ်။

J Fire ကတော့ မကြာခင် အသစ်ထွက်ရှိတော့မယ့် သီချင်းလေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက စိတ်မကောင်းစရာလေးတွေ ကြားခဲ့ရတယ်လို့ ပြောပါတယ်။ 

photo: J Fire



အဆိုတော် J Fire ကတော့ မကြာခင်မှာ သီချင်းအသစ်တစ်ပုဒ် ထွက်ရှိတော့မယ်လို့ သိရပါတယ်။ သူဟာ မကြာခဏဆိုသလို Single Song လေးတွေ ထွက်ရှိထားတဲ့သူပါ။ ဒီတစ်ခါ အသစ်ထွက်ရှိလာမယ့် သီချင်းနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေရဲ့ ကြိုတင်ဝေဖန်မှုတွေကြောင့် စိတ်မကောင်းဖြစ်ခဲ့တယ်လို့သူက ဆိုပါတယ်။ 

"၂၆ရက် သီချင်းအသစ်ထွက်မယ်လို့ကြေညာတဲ့အချိန် ပရိသတ်ထဲဆီက Feedbackလေးပြန်ကြားရပါတယ် “ဒီတစ်ခါဘာတွေထပ်ပြီး မတူကွဲပြားတာတွေလုပ်ပြလဲမသိဘူး"တဲ့။ နည်းနည်းစိတ်မကောင်းဖြစ်မိပါတယ်။ ကြားထဲ Animation နဲ့ထွက်ဖို့ ၃ လလောက်စောင့်ခဲ့ရပေမယ့် အဆင်မပြေလို့ Cancel လုပ်လိုက်ပြီး Lyrics Video နဲ့ ထွက်ဖို့ပဲ ဆုံးဖြတ်ခဲ့ကြတယ်" လို့ ဒီဇင်ဘာလ (၂၁) ရက်နေ့ နေ့လယ် ၂ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

photo: J Fire

J Fire ဟာ " လမ်းမပေါ်က ဘဝ" ၊ " Cypher" ၊ " ခေတ်" စတဲ့ Music Video တွေ ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းတွေကနေ အောင်မြင်မှု ရရှိလာတဲ့ ငွေကြေးနဲ့ နောက်ထပ် ဂီတဖန်တီးမှုတွေ လုပ်နေရတယ်လို့ သူက ဆိုပါတယ်။ 

 "လမ်းမှပေါ်ကဘဝ" ၊ "Cypher" မှသည် " ခေတ်" အထိ Quality တိုးတက်အောင်ဖန်တီးလာခဲ့ကာ နောက်ထပ်လည်းများစွာအဆင့်မြင့်တင်ရန် Idea များနှင့် လုပ်နိုင်စွမ်းကျန်နေသေးပြီး... " ခေတ်"သီချင်းအောင်မြင်မှုမှ ဝင်ငွေများဖြင့် နောက်တစ်ဆင့် ဆက်လက်ဖန်တီးဖို့ ကြိုးစားနေတုန်းမှာပဲ ၃ လပိုင်းကထဲက အဓိကဝင်ငွေစီးဆင်းရာ Show များမှဝင်ငွေစီးဆင်းမှုရပ်တန့်ခဲ့ရပါတယ်။ ပရိသတ်ကြီးခင်ဗျာ ၂၆ ရက်နေ့ထွက်မယ့် သီချင်းတစ်ပုဒ်ကို နှလုံးသားဖြင့်သာခံစားအားပေးကြစေလိုကြောင်း၊ ကပ်ဘေးကာလအတွင်း ရူးမိုက်ခေါင်းမာ စွာဖြင့် နောက်ထပ် မတူကွဲပြားသော အရာတစ်ခုလည်းဆက်လက်ဖန်တီးနေပါကြောင်း ၊ကျန်းမာရေး အထူးဂရုစိုက်ကြပါရန် နှင့် နေရေး ထိုင်ရေး စားရေး သောက်ရေး အစစအရာအရာ အခက်အခဲမရှိ အဆင်ပြေကြပါစေကြောင်းဆုတောင်းရင်း" ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

photo: J Fire

J-Fire ကိုတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘’မန္တလေး တစ်ပင်ရွှေထီး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေကနေ မန္တလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘’ ကောက်ရိုးလေး တစ်မျှင်’’ Music MTV ကနေတဆင့် ရန်ကုန်ပရိသတ်တွေရဲ့ အားပေးမှုကိုပါ တစ်ခဲနက် ရရှိခဲ့သူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ



က္က