ဇန်နဝါရီလထဲမှာ ကျင်းပသွားမှာပါ။

သဘင်ဥက္ကဌဖြစ်သူ မင်းသားချော ဖိုးချစ်ကတော့ သူချစ်ရတဲ့ ပရိသတ်တွေနဲ့ အတူတူ ဖျော်ဖြေပွဲ လုပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ 

Photo: Phoe Chit



ဖိုးချစ်ကတော့ နှစ်သစ်မှာ ပရိသတ်တွေကို ဖျော်ဖြေဖို့အတွက် ဇာတ်သဘင်ပွဲ ကျင်းပသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စည်းကမ်းတကျနဲ့ ကျင်းပနိုင်တဲ့ ပွဲ ဖြစ်အောင်လို့လည်း ကြိုးစားသွားမယ်လို့ ဖိုးချစ်က ဆိုပါတယ်။ 

“ Happy New Years ညကျရင် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဇာတ်ရုံကြီးထဲမှာ ကျွန်တော် ကမယ်။ ပရိသတ်တွေတော့ မထည့်သေးဘူး။ ပရိသတ်တွေနဲ့ အတူတူ စည်းကမ်းတကျ ပွဲလုပ်လို့ရအောင် ကျွန်တော် မတင်ပြရသေးဘူး။ ဒါပေမယ့် ဇန်နဝါရီလထဲရောက်ရင်တော့ ပရိသတ်တွေကို ထည့် ပြီးတော့ ကတော့မယ်။ ဝင်ဆန့်နိုင်မယ့် လူဦးရေက (၂၅၀) ထက်မပိုဘူး။ ကျွန်တော့် ဇာတ်ရုံမှာတော့ Mask မတပ်ပဲနဲ့ ဝင်လို့မရဘူး၊ လူစုလူဝေး ဖြစ်ပြီးတော့ အတင်း ဝင်လို့ မရဘူး။ လူဦးရေ အကန့်အသတ်ထားပြီး ဘယ်နံပါတ်စဉ်ကနေ ဘယ်လောက်အထိက ဘယ်အပေါက်မှာ ဝင်ပါ လို့ သတ်မှတ်ထားမယ်။ အစားအသောက် ကျွေးဖို့ အတွက်လည်း စည်းကမ်းတကျ လုပ်မယ်။ ကျွန်တော့်ကို ဆုချ မယ့် ပရိသတ်တွေကိုလည်း အဝေးကနေ ဆုချပေးလို့ရအောင် ကျွန်တော် စီစဉ်ထားတယ်။ ခွင့်ပြုချက် ရအောင် ကျွန်တော် ကြိုးစားမယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ 

Photo: Phoe Chit

ဖိုးချစ်ဟာ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကို မကြာခင်မှာ ရောင်းချပေးသွားမယ်လို့ ပြောပါတယ်။ လာရောက်ကြည့်ရှုကြတဲ့ ပရိသတ်တွေရဲ့ ကျန်းမာရေးကိုလည်း တာဝန်ခံသွားမယ်လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ ဇန်နဝါရီလထဲမှာတော့ ကျွန်တော့် မိသားစုများအတွက် အွန်လိုင်းကနေ လက်မှတ်တွေ ရောင်းပါမယ်။ ရောင်းပြီးရင် ပရိသတ်တွေ နဲ့ အတူတူ ကျွန်တော့် ဇာတ်ရုံမှာ ကမယ်။ ဒီအစီအစဉ်ကိုလည်း ဝန်ကြီးဌာနကို တင်ပြမှာပါ။ ပွဲလာကြည့်တဲ့ မိသားစုတွေက ဘယ်ကနေ လာပါတယ် ဆိုတဲ့ ရာဇဝင်လေးကို ကျွန်တော် Save ထားမယ်။ ကျွန်တော့်ဘက်က ဒီ ပရိသတ် (၂၅၀) အတွက် တာဝန်ယူတယ်။ ကျွန်တော်တင်မကဘူး ရွှေမန်းသဘင်က ဦးချမ်းသာတို့လည်း ကမယ်။ တခြား ကပြဖျော်ဖြေဖို့အတွက် ပြောဆိုထားတဲ့ အဖွဲ့တွေလည်း ရှိတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Phoe Chit

ဖိုးချစ်ဟာ မြန်မာ့ဇာတ်သဘင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး နယ်ပရိသတ်များရဲ့ တခဲနက် အားပေးခြင်းကို ခံရတဲ့ မင်းသားဦးဖြစ်ပါတယ်။ ဇာတ်သဘင်လောကမှာလည်း နာမည်ကြီးသလို သူရှင်သန်ရာ ဇာတ်သဘင်နဲ့ ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာ့ ဇာတ်သဘင်ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က