ဒီ ဆံပင်ကို ၁၀ နှစ်အကြာထားခဲ့ရတာပါ.

ဦးကျော်သူက မြတ်မြတ်နိုးနိုးနဲ့ ၁၀ နှစ်တာ အရှည်ထားခဲ့ရတဲ့ ဆံပင်ကို ဒီနေ့မှာပဲ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ကောင်အတွက် ကတုံးတုံးလိုက်ပြီလို့ ဆိုပါတယ်. ဒီ ဆံပင်အရှည်ထားရတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကိုလည်း အခုလိုပြောပြလာပါတယ်.

Photo: Kyaw Thu

ဦးကျော်သူက လက်ရှိရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းအတွက် ၁၀ နှစ်တာ အမြတ်တနိုးထားခဲ့တဲ့ ဆံပင်အရှည်ကြီးကိုဖြတ်ပြီး ကတုံးတုံးခဲ့တာကို တွေ့ရပါတယ်. ဒီ ဆံပင်ဖြတ်နေစဉ်အတွင်းမှာလည်း သူ့ရဲ့ စိတ်ခံစားချက်ကို အခုလို ဖော်ပြခဲ့ပါတယ်.

'' ကျွန်တော်က ဒီဆံပင်ကို အရမ်းချစ်တယ်. အရမ်းမြတ်နိုးတယ်. ဒါကြောင့်မို့လို့ အသက် ၆၀ နီးပါးအချိန်အထိ ကျွန်တော် ဒီဆံပင်အရှည်ကြီးကို ထားတာ. ဒီဆံပင်ကို ဘာကြောင့်ရိတ်လဲဆိုတော့ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီး ဒီဇာတ်ကားကြီးက သာသနာပြုတဲ့ ဇာတ်ကား. ဒါကြောင့် ရုပ်ရှင်ကြည့်တဲ့ ပရိသတ်တွေကို တကယ့် အစစ်အမှန်သာ ရစေချင်တဲ့အတွက် ကျွန်တော် ချစ်မြတ်နိုးတဲ့ ဆံပင်တွေကို အဆုံးရှုံးခံလိုက်ခြင်းပဲဖြစ်ပါတယ်''လို့ သူကဆိုပါတယ်.

Photo: Kyaw Thu

ဦးကျော်သူက ဆံပင်အရှည်ထားတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်. ဒီ့အတွက် သူ့ရဲ့ သဘောထားကိုလည်း ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက် ၁၂ နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်.

'' ဒီဆံပင်က ၁၀ နှစ်လောက်ရှိပြီ. ပရဟိတလုပ်တယ် လူဆိုတာ ဘယ်နေ့သေမယ်. ဘယ်အချိန်သေမယ်ဆိုတာ မသိနိုင်ဘူး အနိစ္စ.ဒုက္ခ. အနတ္တကိုမြင်တယ်. ဆံပင်ရှည်လို့ အသားမဲလို့ နားကပ်ပန်ထားလို့ တက်တူးထိုးထားလို့ နှုတ်ခမ်းမွှေး. မုတ်ဆိတ်မွှေးထားလို့ လူယုတ်မာ မဖြစ်နိုင်ဘူးဆိုတာကို သက်သေပြတဲ့ အနေနဲ့ ကျွန်တော်ပြတာပါ'' လို့ သူကဆိုပါတယ်.

Photo: Kyaw Thu

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဗုဒ္ဓဘာသာဇာတ်ကားဖြစ်တဲ့အတွက် ပိုပြီးတော့ ကြိုးစား ရိုက်ကူးဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်. စစ်မှန်တဲ့ ငြိမ်းချမ်းရေး အတွက် သူ့ရဲ့ စွန့်စားမှု တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်.

'' ဘာသာရေးကား ဆိုပေမယ့် လူမျိုးဘာသာမရွေးကြည့်လို့ရပါတယ်. ဗုဒ္ဓဘာသာရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတရား. ဘယ်ဘာသာမဆို ငြိမ်းချမ်းမှုကို လိုလားတယ်. ဒါက ငြိမ်းချမ်းမှုကို ဖော်ကျူးတဲ့ကား. ကျွန်တော့်အနေနဲ့ ဒီ ငြိမ်းချမ်းရေးအတွက် ဒီဆံပင်ကို အဆုံးအရှုံးခံလိုက်ရတာပေါ့လေ. ဒါကိုတော့ ကျွန်တော် ကျေနပ်တယ်. ပီတိလည်းဖြစ်တယ်.'' လို့ ဆိုပါတယ်.

Photo: Kyaw Thu

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကို ဦးကျော်သူရဲ့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးထုတ်လုပ်သွားမယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါ တယ်။ ဒီဇာတ်ကားကြီးထဲမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ် နဲ့ ရတနာဗိုလ် တို့က အဓိက ပါဝင်သရုပ် ဆောင်သွားမှာဖြစ်ပြီး နောက်ထပ်အနုပညာရှင်များစွာလည်း အားဖြည့်ပါဝင်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က