တကယ်ကို အံ့သြစရာကောင်းပါတယ်။

ဒီနေ့ကတော့ ပရဟိတမင်းသားကြီး ဦးကျော်သူအတွက် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်တဲ့အကြောင်း ပရိသတ်တွေကို ဦးကျော်သူ ကိုယ်တိုင် ပြောပြခဲ့ပါတယ်။ မကြာခင်ကပဲ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်နဲ့ မင်္ဂလာသက်တမ်း ၃၇ နှစ်ပြည့်မှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo: Kyaw Thu Facebook

 

သရုပ်ဆောင်ပရဟိတမင်းသားကြီး ဦးကျော်သူက ပုဂံမှာရှိတဲ့ အလိုတော်ပြည့်ဘုရားမှာ အချိန်အခါမဟုတ် ပိတောက်ပန်းတွေ ပွင့်နေတယ် ဆိုတာကို ပရိသတ်တွေ သိအောင် ပြောပြခဲ့ပါတယ်။ သူ့အနေနဲ့ မကြာခဏဆိုသလို အဓိဌာန်ဝင်လေ့ ရှိသူဖြစ်တာကြောင့် စက်တင်ဘာလ ၆ ရက်နေ့ကပဲ အဓိဌာန်အောင်မြင်ခဲ့သေးတယ်လို့ သိရပါတယ်။

'' ထူးထူးခြားခြား မနေ့က အဓိဌာန်တစ်ခုအောင်တယ်။ဒီနေ့ မနက် ပုဂံ အလိုတော်ပြည့်ဘုရားက ပိတောက်ပင်က ပိတောက်ပန်းတွေ အချိန် အခါမဟုတ် ထူးခြားစွာ ပွင့်တယ်။အားလုံး မင်္ဂလာပါဗျာ'' ဆိုပြီးတော့ စက်တင်ဘာလ ၇ ရက်နေ့ မနက် ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက် နှာ ပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: Kyaw Thu Facebook

 

သြဂုတ်လ ၃၁ ရက်နေ့တုန်းက ဦးကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့ဟာ မင်္ဂလာသက်တမ်း ၃၇ နှစ်ပြည့်ခဲ့ပါတယ်။ နှစ်ပတ်လည် အမှတ်တရ ပွဲအနေနဲ့ သူ့ရဲ့ နာရေးကူညီမှု အသင်းသားတွေနဲ့ အတူ ပျော်ပျော်ရွှင်ရ့ွှင် ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။

''ပရဟိတသားသမီးညီနောင်များရဲ့စည်းလုံးညီညွတ်မှုကိုပြသလိုက်တဲ့(၃၇)နှစ်ပွဲအောင်မြင်ခဲ့ပါပြီ။ အားလုံးသော ပရဟိတညီနောင်များ၊ ဝန်ထမ်းများ၊မိတ်ဆွေများ၊အလှူရှင်များအားလုံးကို နှလုံးသားထက်မှ လှိုက်လှဲစွာ ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် ရှေ့ဆက်၍ အများ ပြည်သူ အကျိုးကို ယခုမင်္ဂလာပွဲလေးကျင်းပခဲ့သလို စည်းလုံးညီညွတ်စွာပေးဆပ်ကြပါစို့ဟု တိုက်တွန်းမိပါသည်။" ဆိုပြီး သြဂုတ်လ(၃၁) ရက်နေ့က ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။

Photo: Kyaw Thu Facebook

မင်္ဂလာသက်တမ်း(၃၇)နှစ်ပြည့်သွားပြီဆိုတဲ့ ကျော်သူတို့ဇနီးမောင်နှံ 

ဦးကျော်သူတို့ ဇနီးမောင်နှံဟာ ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ပြိး အားတတ်သရော ဦးဆောင်ဆောင်ရွက်နေသူတွေလည်း ဖြစ်ပါတယ်။ ရှေ့သွားနောက် လိုက် ညီလွန်းလှတဲ့  ဦးကျော်သူတို့ ဇနီးမောင်နှံအတွက် ပရိသတ်များကလည်း မင်္ဂလာနှစ်ပတ်လည် ဆုတောင်းစကားများ ပြောထားကြတာ တွေ့ရပါတယ်။

Photo: Kyaw Thu Facebook

 

ဦးကျော်သူဟာ ၂၀၀၇ခုနှစ်နောက်ပိုင်းတွင် အနုပညာအလုပ်တွေရပ်နားခဲ့ပြီးနောက်ပိုင်းမှာ ပရဟိတသမားကြီးတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲနေရာ တစ်နေရာယူထားနိုင်သူလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ယခုအစိုးရသစ်လက်ထပ်မှ စတင်ကာ အနုပညာအလုပ် တွေ ပြန်လည်လုပ်ကိုင်လာသူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က