မနေ့ကတည်းက အောင့်နေတာတဲ့။

 ဇေရဲထက်တစ်ယောက် ရှုတင်သွားခါနီး ဗိုက်အောင့်လို့ အရေးပေါ် ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။ ဆေးရုံဆေးခန်းကြောက်တဲ့ ဇေရဲထက် အခုလို ဖြစ်နေတဲ့အတွက် အမြန်ဆုံး နေပြန်ကောင်းလာဖို့ ပရိသတ်တွေကလည်း ဆုတောင်းပေးနေကြတာ တွေ့ရပါတယ်။

Photo : ဇေရဲထက်



သရုပ်ဆောင် ဇေရဲထက်တစ်ယောက် ရှုတင်သွားခါနီး ဗိုက်အောင့်လာလို့ အရေးပေါ် ဆေးရုံပြေးလိုက်ရတယ်လို့ ဆိုပါတယ်။ မနေ့ကတည်းက ဗိုက်အောင့်နေပေမယ့်လည်း ပျောက်လိုက် သက်သာလိုက် ဖြစ်နေခဲ့ပြီး ဒီနေ့ ရှုတင်သွားခါနီးမှာမှ ထပ်ပြီး အောင့်လာလို့ ဆေးရုံပြေးလိုက်ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၁၇) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ဇေရဲထက်

“ဗိုက်အောင့်နေတာမနေ့ကတည်းက ပျောက်လိုက်သက်သာလိုက်နဲ့ ဒီနေ့ရူတင်သွားခါနီး အရမ်းအောင့်လာလို့ ပင်လုံဆေးရုံသို့ အရေးပေါပြေးရ ဟူး ကျန်းမာခြင်းသည် လာဘ်ကြီးတပါးတဲ့ ကျန်းမာအောင်နေကြပါ။ ကျန်းမာမှ ကိုယ်လုပ်ချင်တဲ့အရာမှန်သမျှ လုပ်နိုင်ကြမှာလေ (၇)ရက်သားသမီးများ အားလုံးကျန်းမာချမ်းသာပါစေ” လို့ ပြောထားတာတွေ့ရပါတယ်။

Photo : ဇေရဲထက်

ဆေးရုံဆေးခန်းကြောက်တဲ့ ဇေရဲထက်တစ်ယောက် အခုလို ဖြစ်နေတဲ့အတွက် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ကျန်းမာရေး ဂရုစိုက်ဖို့ကိုလည်း ပရိသတ်တွေက ပြောထားကြပါသေးတယ်။ ဇေရဲထက်က လက်ရှိမှာ “အသည်းကွဲသာဓု” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ေဆောင်နတာဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကြီးကို ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က ရိုက်ကူးနေတာဖြစ်ပြီး ပြေတီဦး၊ ဇေရဲထက်၊ နွယ်ဒါလီထွန်းတို့က အဓိကပါဝင်သရုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

Photo : ဇေရဲထက်

ဇေရဲထက်(Zay Ye Htet) ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေစလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက်ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေ ကြားကနေ အခုဆိုရင် အောင်မြင်တဲ့အနေအထားတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က