နိုင်ငံကျော်ဆရာတော်ကြီးတွေကိုလည်း ကိုယ်တိုင်ဖူးခဲ့ရတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

သရုပ်ဆောင်မယ်လိုဒီ နဲ့ ခင်ပွန်းဖြစ်သူ ကိုသာကောင်း တို့ဟာ ဇွန်လ ၂၇ ရက်နေ့က တာချီလိတ်မြို့မှာ မိုင်းဖုန်းဆရာတော်ဘုရားကြီး၊ ဗန်းမော်ဆရာတော် ဘုရားကြီးနဲ့ တောင် တန်းသာသနာပြုဆရာတော်ဘုရားကြီးတို့ကို ဝတ္ထုငွေကပ်လှူခဲ့တယ်လို့ သိရပါတယ်။ ဒီအလှူနဲ့ ပတ်သက်ပြီးတော့လည်း ၇ ရက်သားသမီး ပရိသတ်တွေအတွက် ဆုတောင်းမေတ္တာပို့သခဲ့ပါသေးတယ်။

'' ပြုသမှျှကုသိုလ်ကောင်းမူကြောင့် ၇ရက်သားသမီးများအားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုးလိုရာဆန္ဒ ပြည့်စုံကြပါစေရှင်။ မိုင်းဖုန်းဆရာတော်ဘုရားကြီးကိုကြာသင်္ကန်းကပ်လှူခွင့်ရခဲ့ပါတယ်ရှင်၊  ဗန်းမော်ဆရာတော်ဘုရားကြီးကို ဝတ္ထုငွေကပ်လှူခွင့်ရခဲ့ပါသည်ရှင် တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီးကို ဝတ္ထုငွေကပ်လှူခွင့်ရခဲ့ပါတယ်ရှင်'' ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့ည ၉ နာရီ ၃၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

သားလေးကိုယ်စား ဖေဖေ့အတွက် ဆုတောင်းပေးလိုက်တဲ့ မယ်လိုဒီ 

မယ်လိုဒီတို့ မိသားစုလေးဟာ ဇွန်လ ၂၅ ရက်နေ့ကတည်းက ဘုရားဖူးခရီးစဉ်အဖြစ် တာချီလိတ်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ကိုသာ ကောင်းနဲ့ သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ  ကျင်းပခဲ့တာပါ။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီရဲ့ သားလေးကတော့ အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ။ သားလေး သိဒ္ဓိစစ်ကတော့ ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတတ်နေရပြီလို့ သိရပါတယ်။ သားသားရဲ့ ကျောင်းသွားကျောင်းပြန် ချစ်စရာပုံရိပ်လေးတွေကိုလည်း မယ်လိုဒီက ဖေ့စ်ဘွတ်မှာ မကြာခဏတင်ဖြစ်ပါတယ်။ မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာခဏဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က