ပိုးမွှားလေးတွေ တိုးတက်ခိုအောင်းလာနိုင်တဲ့ အခြေအနေထိ ကြီးထွားမလာခင် လဲပေးဖို့ပဲ ဖြစ်ပါတယ်။


သွားတိုက်တံဟာ အမြဲသန့်ရှင်းနေရမှာဖြစ်ပြီး ဘက်တီးရီးယားတွေ ရှိနေလို့ လုံးဝမရပါဘူး။  သွားတိုက်တံကို ပုံမှန်လဲပေးဖို့လိုပါတယ်။ အကောင်းဆုံးက သုံးလတစ်ခါ အသစ်လဲသင့်တာ ဖြစ်ပါတယ်။ သွားတိုက်တံမှာ ပိုးမွှားလေးတွေ တိုးတက်ခိုအောင်းလာနိုင်တဲ့ အခြေအနေထိ ကြီးထွားမလာခင် လဲပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုလဲပေးမှု မရှိဘူးဆိုရင်တော့ အောက်ပါအခြေအနေတွေကို ကြုံရမှာပါ။

အစာအိမ်လမ်းကြောင်း

ပိုးမွှားတွေ အစာအိမ်လမ်းကြောင်းထဲ ရောက်ရှိနိုင်ပါတယ်။ ပိုးမွှားနဲ့ အမှုန်အမွှားတွေဟာ စုဝေးအထိုင်ကျလာပြီး အစာအိမ်လမ်းကြောင်းထဲ ဝင်လာနိုင်ပါတယ်။  ဒါ့အပြင် သွားတိုက်တံကို သုံးစွဲပြီးနောက်ပိုင်း သေချာမဆေးတာ၊ မသန့်ရှင်းတဲ့နေရာမှာထားတာ၊ ဖုံးမထားတာတွေဟာလည်း ပိုးမွှားတွေ ပိုမိုစုဝေးလာစေပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - မွေ့ရာမပါဘဲ အိပ်သင့်တဲ့အကြောင်းအရင်း (၅) ချက်)

သွားဖုံး

သွားတိုက်တံကို ရေရှည်သုံးစွဲတာ ကြာလာတဲ့အခါ ပုံပျက်လာပါတယ်။ ဒီအခါ သွားတိုက်ရင် သွားဖုံးနာကျင်တာတွေ ဖြစ်လာတတ်ပါတယ်။ သွားဖုံးကို ပိုးဝင်တာ၊ သွားကြွှေလွှာတွေ ထိခိုက်တာမျိုးတွေ ဖြစ်လာပြီး သွားနဲ့ပတ်သက်တဲ့ ရောဂါတွေ ရလာနိုင်ပါတယ်။

ခံတွင်းနံ့

နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ ခံတွင်းနံ့မကောင်းတာ ဖြစ်ပါတယ်။ သွားတိုက်တံဟာ ရေရှည်ကြာလာတဲ့အခါမှာ သွားတွေကို သန့်ရှင်းမှုမှာ ထိရောက်ခြင်းမရှိတော့ပါဘူး။ သွားကြားထဲက စားကြွင်းစားကျန်လေးတွေကို သန့်ရှင်းနိုင်ခြင်းလည်း မရှိတော့ပါဘူး။ဒီလိုဆိုးကျိုးတွေကို ရင်ဆိုင်နေမယ့်အစား သွားပွတ်တံကို ပုံမှန် သုံးလတစ်ခါ လဲပေးတာ အကောင်းဆုံးပါပဲ။

Photos & Source: Articles of Health Care

Share

Loading Next Article...
က္က