• International News

    မယ်ဆိုင်ဂူထဲမှာ ထိုင်းလူငယ်အုပ်စုကို ရှာဖွေတွေ့ရှိခဲ့တဲ့ ရေငုပ်သမားနှစ်ဦးက ဘယ်သူတွေလဲ?

Ko John
[Unicode Version]

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးအသင်း နည်းပြတို့ကို ဇူလိုင် ၂ ရက် ညပိုင်းအချိန်က ပြန်ရှာတွေ့ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ထိုင်းလူငယ်အုပ်စုကို ရှာဖွေကယ်ဆယ်ရေးမှာ ပူးပေါင်းကူညီနေတဲ့ ဗြိတိန်မှ ရေငုပ်သမားနှစ်ဦးက စတင်တွေ့ရှိခဲ့ကြပါတယ်။

2018-07-03_232533.jpg

ဗြိတိန်ရေငုပ်သမားနှစ်ဦးဖြစ်သည့် ရစ်ချတ်နှင့် ဂျွန် (မျက်မှန်တပ်ထားသူ)



ဂူထဲမှာ ၉ ရက်ကြာပျောက်ဆုံးနေခဲ့ပြီးနောက် ၁၀ ရက်မြောက်နေ့ ညပိုင်းမှာ ထိုင်းလူငယ်အုပ်စုကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ရေငုပ်သမားနှစ်ဦးဟာ စစ်တပ်အမှုထမ်းတွေ မဟုတ်ကြသလို ကြေးစားရေငုပ်သမားတွေလည်း မဟုတ်ကြပါဘူး။ ၎င်းတို့နှစ်ဦးဟာ ဗြိတိန်မှ လာရောက်ကူညီကြတဲ့ စေတနာ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ရှိ ရေကြီးနေတဲ့ Tham Luang ဂူထဲမှာ ၉ ရက်ကြာ ပိတ်မိနေခဲ့ကြတဲ့ လူငယ်အုပ်စုကို အဆိုပါ ဗြိတိန်ရေငုပ်သမားနှစ်ဦးက စတင်တွေ့ရှိခဲ့ကြပြီး လူငယ်လေးတွေက ၎င်းတို့နှစ်ဦးကို "ဘယ်ကလာတာလဲ" လို့ မေးခဲ့ကြပါတယ်။

2018-07-03_232502.jpg

ရေငုပ်ဝတ်စုံနှင့်အတူ တွေ့ရသည့် ရစ်ချတ်နှင့်ဂျွန်



ရေငုပ်သမားတစ်ဦးက "အင်္ဂလန်၊ ယူကေ" လို့ ပြန်ဖြေခဲ့ပါတယ်။ ထိုင်းလူငယ်အုပ်စုကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ရေငုပ်သမားနှစ်ဦးဟာ British Cave Rescue Council (BCRC) အဖွဲ့အစည်းကနေ လာရောက်ကူညီကြတဲ့ အဖွဲ့ဝင်သုံးဦးပါအဖွဲ့မှ ဖြစ်ပါတယ်။ ၎င်းတို့က ထိုင်းရေတပ်အထူးတပ်ဖွဲ့နဲ့ အတူ ဂူအတွင်း ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေစဉ် လူငယ်အုပ်စုကို ပထမဆုံး တွေ့ရှိခဲ့ကြသူတွေ ဖြစ်ပါတယ်။

thai-cave-boys-new-video.jpg

ထိုင်းရေတပ်က ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမှာတွေ့ရသည့် ဂူအတွင်းမှ လူငယ်အုပ်စု



ထိုင်းလူငယ်တွေကို စတင်တွေ့ရှိတဲ့ ဗီဒီယိုမှတ်တမ်းအတွင်း ဗြိတိန်ရေငုပ်သမားနှစ်ဦးနဲ့ အပြန်အလှန် စကားပြောဆိုကြတာကို မြင်တွေ့ကြားသိခဲ့ရပါတယ်။ အဆိုပါ ဗီဒီယိုကို ထိုင်းရေတပ်အထူးတပ်ဖွဲ့ရဲ့ Facebook page မှာ လွှင့်တင်ထားခဲ့ပါတယ်။

လက်ရှိမှာ Tham Luang ဂူအတွင်း ပြန်ရှာတွေ့ခဲ့ပြီဖြစ်တဲ့ ထိုင်းလူငယ်အုပ်စုကို ဂူအပြင်သို့ ပြန်ခေါ်ထုတ်နိုင်ရန် အစီအစဉ်များ ရေးဆွဲနေပြီး ဂူအတွင်း ရေကြီးနေမှုကြောင့် သွားလာရန်ခက်ခဲနေရာ ရေပြန်ကျသွားမယ့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလအထိ အဆိုပါလူငယ်များ ဂူထဲမှာပင် စောင့်ဆိုင်းရနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

2018-07-03_094654.jpg

ဂူထဲမှာ ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့သည့် ထိုင်းလူငယ်ဘောလုံးအသင်း



၎င်းတို့ထံသို့ ၄ လစာအတွက် လုံလောက်အတဲ့ အစားအစာများ ပို့ဆောင်ထားပြီး ဆရာဝန်နဲ့ သူနာပြုများလည်း ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။ ထိုင်းလူငယ်အုပ်စုကို ဂူအတွင်းမှရေများ ပြန်ကျသွားမယ့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလမတိုင်မီ ဂူအပြင်သို့ပြန်ခေါ်ထုတ်ပါက ၎င်းတို့ဟာ ရေငုပ်နည်းသင်ကြားရမှာ ဖြစ်ပါတယ်။

Wild Boar လူငယ်ဘောလုံးအသင်းမှ အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ဟာ ဇွန်လ ၂၃ ရက်မှာ Tham Luang ဂူအတွင်း ဝင်ရောက်သွားခဲ့ကြပြီးနောက် ပျောက်ဆုံးနေခဲ့ပါတယ်။

06858525.jpg

Tham Luang ဂူအတွင်း မြင်ကွင်းတစ်ခု



၎င်းတို့အုပ်စု ဝင်ရောက်သွားခဲ့ပြီးနောက် ဂူအတွင်း ရေကြီးလာခဲ့ရာက ပြန်မထွက်နိုင်ဖြစ်ကာ ပိတ်မိနေခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဆိုပါ ဂူအတွင်းသို့ မိုးရာသီကာလမှာ ရေများစီးဝင်လေ့ရှိပြီး ရေကြီးနစ်မြုပ်လေ့ရှိတာကြောင့် ထိုကာလအတွင်း ဂူအတွင်း ဝင်ရောက်ခြင်းကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။

စေတနာ့ဝန်ထမ်း ဗြိတိန်ရေငုပ်သမားနှစ်ဦး

စေတနာ့ဝန်ထမ်း ရေငုပ်သမားနှစ်ဦးဟာ အသက် ၄၇ နှစ်အရွယ် ဂျွန်ဗိုလန်သန်းနဲ့ အသက် ၅၆ နှစ်အရွယ် ရစ်ချတ်စတန်တန်တို့ ဖြစ်ကြတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ထိုင်းလူငယ်အုပ်စုကို ပထမဆုံး တွေ့ရှိခဲ့တဲ့ ရေငုပ်သမားနှစ်ဦးအနက် ဂျွန်က ဘရစ္စတိုးလ်မှာနေထိုင်တဲ့ အင်တာနက်ပညာရှင်ဖြစ်ပြီး လှိုဏ်ဂူအတွင်း ကယ်ဆယ်ရေးလုပ်ငန်း အကျွမ်းကျင်ဆုံးသူတွေအနက် တစ်ဦးလည်းဖြစ်ပါတယ်။

_102305030_853a4ae5-4524-4965-bb3a-396fd7a4cd68.jpg

ရေငုပ်ကျွမ်းကျင်သူ၊ အင်တာနက်ပညာရှင်နှင့် ခရီးရှည် မာရာသွန် အပြေးသမား ဂျွန်



၎င်းဟာ ကင်းထောက်ယောက်ျားလေး အရွယ်ကတည်းက ရေငုပ်ခဲ့သူဖြစ်ပြီး ရေငုပ်သမားအပြင် ခရီးရှည်မာရသွန် အပြေးသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အတွင်း Sunday Times နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရေငုပ်သမားဂျွန်က လှိုဏ်ဂူအတွင်း ရေငုပ်ရာမှာ ထိတ်လန့်တုန်လှုပ်မှုနဲ့ စိတ်လှုပ်ရှားမှု မဖြစ်သင့်ဘဲ စိတ်အေးအေးထားရန် လိုအပ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

_102314368_richardstanton.jpg

ဗြိတိန်နန်းတော်ရဲ့ ဂုဏ်ထူးဆောင် MBE ဘွဲ့ရ မီးသတ်သမားတစ်ဦးဖြစ်သည့် ရစ်ချတ်



နောက်ထပ် ဗြိတိန်ရေငုပ်သမား ရစ်ချတ်ကတော့ ကိုဗင်ထရီမှ မီးသတ်သမားတစ်ဦးပဲ ဖြစ်ပါတယ်။ ရစ်ချတ်ဟာ အသက် ၁၈ နှစ်အရွယ်ကတည်းက ရေငုပ်ခဲ့သူဖြစ်ပြီး ၎င်းရဲ့ ကယ်ဆယ်ရေးဆောင်ရွက်မှုတွေကြောင့် ဗြိတိန်နန်းတော်က ဂုဏ်ပြုချီးမြှင့်တဲ့ MBE ဘွဲ့ရရှိထားပါတယ်။

ရစ်ချတ်ရဲ့ အကြီးမားဆုံး ကယ်ဆယ်ရေးဆောင်ရွက်ချက်မှာ မက္ကစီကိုနိုင်ငံရှိ ဂူတစ်ခုအတွင်း ပိတ်မိခဲ့ကြတဲ့ ဗြိတိသျှစစ်သား ခြောက်ဦးကို ကယ်ဆယ်ခဲ့မှုဖြစ်တယ်လို့ ဒေသခံသတင်းစာကို ၂၀၁၂ ခုနှစ်မှာ ပြောခဲ့ပါတယ်။

ရစ်ချတ်နဲ့ဂျွန်တို့ဟာ ၂၀၁၀ ခုနှစ်မှာလည်း ပြင်သစ်တောင်ပိုင်း Ardeche ဒေသရှိ လှိုဏ်ဂူတစ်ခုထဲမှာ ပိတ်မိနေခဲ့တဲ့ ပြင်သစ်လှိုဏ်ဂူလေ့လာရေးသမား အဲရစ် အက်စ်တက်ဘ်လီကို ရှာဖွေကယ်ဆယ်ရေးမှာ ပါဝင်ကူညီခဲ့ကြဖူးပါတယ်။ အဆိုပါ လှိုဏ်ဂူလေ့လာရေးသမားရဲ့ အလောင်းကို ၎င်းပျောက်ဆုံးသွားပြီး ၈ ရက်အကြာမှာ ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

richard-stanton-british-cave-diver.jpg

ရစ်ချတ် (ဝဲဘက်မှ)၊ ရောဘတ် (အလယ်) နှင့် ဂျွန်တို့ကို ဂူအနီးမှာ တွေ့ရစဉ်



ဗြိတိန် ရေငုပ်သမားနှစ်ဦးဟာ ၂၀၁၁ ခုနှစ်ကလည်း ဂူအတွင်း အချိန်အကြာဆုံးရေငုပ်မှု ကမ္ဘာ့စံချိန်အဖြစ် စပိန်နိုင်ငံရှိ Pozo Azul ဂူအတွင်း ရေငုပ်ခဲ့ကြတဲ့အဖွဲ့မှာ ပါဝင်ခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးလုံးဟာ South and Mid Wales Cave Rescue Team ရဲ့ စေတနာ့ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။

ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း BCRC ထံ ဆက်သွယ်ပြီး အကူအညီတောင်းခဲ့ကြပါတယ်။ BCRC က အတွေ့အကြုံရှိတဲ့ ရေငုပ်သမားသုံးဦးကို ကူညီပေးရန် စေလွှတ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

ယခု ထိုင်းလူငယ်အုပ်စုကို ဂူအတွင်း စတင်တွေ့ရှိခဲ့ကြတဲ့ ဂျွန်နဲ့ခရစ်ခ်တို့ဟာ အခြား ရေငုပ်သမားဖြစ်သူ ရောဘတ် ချားလစ်ဟာပါးနဲ့အတူ မယ်ဆိုင်ကိုရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

[Zawgyi Version]

ထုိင္းႏုိင္ငံ မယ္ဆုိင္ဂူထဲမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ ေယာက္်ားေလး ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕ ေဘာလုံးအသင္း နည္းျပတုိ႕ကုိ ဇူလုိင္ ၂ ရက္ ညပိုင္းအခ်ိန္က ျပန္႐ွာေတြ႕ခဲ့ၿပီး ျဖစ္ပါတယ္။ အဆုိပါ ထိုင္းလူငယ္အုပ္စုကုိ ႐ွာေဖြကယ္ဆယ္ေရးမွာ ပူးေပါင္းကူညီေနတဲ့ ၿဗိတိန္မွ ေရငုပ္သမားႏွစ္ဦးက စတင္ေတြ႕႐ွိခဲ့ၾကပါတယ္။

ၿဗိတိန္ေရငုပ္သမားႏွစ္ဦးျဖစ္သည့္ ရစ္ခ်တ္ႏွင့္ ဂၽြန္ (မ်က္မွန္တပ္ထားသူ)



ဂူထဲမွာ ၉ ရက္ၾကာေပ်ာက္ဆုံးေနခဲ့ၿပီးေနာက္ ၁၀ ရက္ေျမာက္ေန႕ ညပိုင္းမွာ ထုိင္းလူငယ္အုပ္စုကုိ ပထမဆုံး ႐ွာေဖြေတြ႕႐ွိခဲ့တဲ့ ေရငုပ္သမားႏွစ္ဦးဟာ စစ္တပ္အမႈထမ္းေတြ မဟုတ္ၾကသလုိ ေၾကးစားေရငုပ္သမားေတြလည္း မဟုတ္ၾကပါဘူး။ ၎တုိ႕ႏွစ္ဦးဟာ ၿဗိတိန္မွ လာေရာက္ကူညီၾကတဲ့ ေစတနာ့ဝန္ထမ္းေတြပဲ ျဖစ္ပါတယ္။

ထုိင္းႏုိင္ငံ ခ်င္း႐ုိင္းခ႐ိုင္႐ွိ ေရႀကီးေနတဲ့ Tham Luang ဂူထဲမွာ ၉ ရက္ၾကာ ပိတ္မိေနခဲ့ၾကတဲ့ လူငယ္အုပ္စုကုိ အဆုိပါ ၿဗိတိန္ေရငုပ္သမားႏွစ္ဦးက စတင္ေတြ႕႐ွိခဲ့ၾကၿပီး လူငယ္ေလးေတြက ၎တုိ႕ႏွစ္ဦးကုိ "ဘယ္ကလာတာလဲ" လုိ႕ ေမးခဲ့ၾကပါတယ္။

ေရငုပ္ဝတ္စုံႏွင့္အတူ ေတြ႕ရသည့္ ရစ္ခ်တ္ႏွင့္ဂၽြန္



ေရငုပ္သမားတစ္ဦးက "အဂၤလန္၊ ယူေက" လုိ႕ ျပန္ေျဖခဲ့ပါတယ္။ ထုိင္းလူငယ္အုပ္စုကုိ ပထမဆုံး ႐ွာေဖြေတြ႕႐ွိခဲ့တဲ့ ေရငုပ္သမားႏွစ္ဦးဟာ British Cave Rescue Council (BCRC) အဖြဲ႕အစည္းကေန လာေရာက္ကူညီၾကတဲ့ အဖြဲ႕ဝင္သုံးဦးပါအဖြဲ႕မွ ျဖစ္ပါတယ္။ ၎တုိ႕က ထုိင္းေရတပ္အထူးတပ္ဖြဲ႕နဲ႕ အတူ ဂူအတြင္း ႐ွာေဖြကယ္ဆယ္ေရး လုပ္ေဆာင္ေနစဥ္ လူငယ္အုပ္စုကုိ ပထမဆုံး ေတြ႕႐ွိခဲ့ၾကသူေတြ ျဖစ္ပါတယ္။

ထုိင္းေရတပ္က ဇူလုိင္ ၄ ရက္မွာ ထုတ္ျပန္ခဲ့သည့္ ဗီဒီယုိမွာေတြ႕ရသည့္ ဂူအတြင္းမွ လူငယ္အုပ္စု



ထုိင္းလူငယ္ေတြကုိ စတင္ေတြ႕႐ွိတဲ့ ဗီဒီယုိမွတ္တမ္းအတြင္း ၿဗိတိန္ေရငုပ္သမားႏွစ္ဦးနဲ႕ အျပန္အလွန္ စကားေျပာဆုိၾကတာကုိ ျမင္ေတြ႕ၾကားသိခဲ့ရပါတယ္။ အဆုိပါ ဗီဒီယုိကုိ ထုိင္းေရတပ္အထူးတပ္ဖြဲ႕ရဲ႕ Facebook page မွာ လႊင့္တင္ထားခဲ့ပါတယ္။

လက္႐ွိမွာ Tham Luang ဂူအတြင္း ျပန္႐ွာေတြ႕ခဲ့ၿပီျဖစ္တဲ့ ထုိင္းလူငယ္အုပ္စုကုိ ဂူအျပင္သုိ႕ ျပန္ေခၚထုတ္ႏုိင္ရန္ အစီအစဥ္မ်ား ေရးဆြဲေနၿပီး ဂူအတြင္း ေရႀကီးေနမႈေၾကာင့္ သြားလာရန္ခက္ခဲေနရာ ေရျပန္က်သြားမယ့္ စက္တင္ဘာ သုိ႕မဟုတ္ ေအာက္တုိဘာလအထိ အဆုိပါလူငယ္မ်ား ဂူထဲမွာပင္ ေစာင့္ဆုိင္းရႏုိင္ဖြယ္႐ွိတယ္လို႕ ဆုိပါတယ္။

ဂူထဲမွာ ၉ ရက္ၾကာ ေပ်ာက္ဆုံးေနခဲ့သည့္ ထိ္ုင္းလူငယ္ေဘာလုံးအသင္း



၎တုိ႕ထံသုိ႕ ၄ လစာအတြက္ လုံေလာက္အတဲ့ အစားအစာမ်ား ပုိ႕ေဆာင္ထားၿပီး ဆရာဝန္နဲ႕ သူနာျပဳမ်ားလည္း ေရာက္႐ွိခဲ့ၿပီလို႕ သိရပါတယ္။ ထုိင္းလူငယ္အုပ္စုကို ဂူအတြင္းမွေရမ်ား ျပန္က်သြားမယ့္ စက္တင္ဘာ သုိ႕မဟုတ္ ေအာက္တုိဘာလမတုိင္မီ ဂူအျပင္သို႕ျပန္ေခၚထုတ္ပါက ၎တုိ႕ဟာ ေရငုပ္နည္းသင္ၾကားရမွာ ျဖစ္ပါတယ္။

Wild Boar လူငယ္ေဘာလုံးအသင္းမွ အသက္ ၁၁ ႏွစ္မွ ၁၆ ႏွစ္အ႐ြယ္ ေယာက္်ားေလး ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ ေဘာလုံးနည္းျပတုိ႕ဟာ ဇြန္လ ၂၃ ရက္မွာ Tham Luang ဂူအတြင္း ဝင္ေရာက္သြားခဲ့ၾကၿပီးေနာက္ ေပ်ာက္ဆုံးေနခဲ့ပါတယ္။

Tham Luang ဂူအတြင္း ျမင္ကြင္းတစ္ခု



၎တုိ႕အုပ္စု ဝင္ေရာက္သြားခဲ့ၿပီးေနာက္ ဂူအတြင္း ေရႀကီးလာခဲ့ရာက ျပန္မထြက္ႏုိင္ျဖစ္ကာ ပိတ္မိေနခဲ့ၾကတာလည္း ျဖစ္ပါတယ္။ အဆုိပါ ဂူအတြင္းသုိ႕ မုိးရာသီကာလမွာ ေရမ်ားစီးဝင္ေလ့႐ွိၿပီး ေရႀကီးနစ္ျမဳပ္ေလ့႐ွိတာေၾကာင့္ ထုိကာလအတြင္း ဂူအတြင္း ဝင္ေရာက္ျခင္းကုိ တားျမစ္ထားတယ္လုိ႕ ဆုိပါတယ္။

ေစတနာ႕ဝန္ထမ္း ၿဗိတိန္ေရငုပ္သမားႏွစ္ဦး

ေစတနာ႕ဝန္ထမ္း ေရငုပ္သမားႏွစ္ဦးဟာ အသက္ ၄၇ ႏွစ္အ႐ြယ္ ဂၽြန္ဗုိလန္သန္းနဲ႕ အသက္ ၅၆ ႏွစ္အ႐ြယ္ ရစ္ခ်တ္စတန္တန္တုိ႕ ျဖစ္ၾကတယ္လို႕ မီဒီယာေတြက ေဖာ္ျပပါတယ္။

ထုိင္းလူငယ္အုပ္စုကို ပထမဆုံး ေတြ႕႐ွိခဲ့တဲ့ ေရငုပ္သမားႏွစ္ဦးအနက္ ဂၽြန္က ဘရစၥတုိးလ္မွာေနထုိင္တဲ့ အင္တာနက္ပညာ႐ွင္ျဖစ္ၿပီး လႈိဏ္ဂူအတြင္း ကယ္ဆယ္ေရးလုပ္ငန္း အကၽြမ္းက်င္ဆုံးသူေတြအနက္ တစ္ဦးလည္းျဖစ္ပါတယ္။

ေရငုပ္ကၽြမ္းက်င္သူ၊ အင္တာနက္ပညာ႐ွင္ႏွင့္ ခရီး႐ွည္ မာရာသြန္ အေျပးသမား ဂၽြန္



၎ဟာ ကင္းေထာက္ေယာက္်ားေလး အ႐ြယ္ကတည္းက ေရငုပ္ခဲ့သူျဖစ္ၿပီး ေရငုပ္သမားအျပင္ ခရီး႐ွည္မာရသြန္ အေျပးသမားတစ္ဦးလည္း ျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္အတြင္း Sunday Times နဲ႕ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေရငုပ္သမားဂၽြန္က လႈိဏ္ဂူအတြင္း ေရငုပ္ရာမွာ ထိတ္လန္႕တုန္လႈပ္မႈနဲ႕ စိတ္လႈပ္႐ွားမႈ မျဖစ္သင့္ဘဲ စိတ္ေအးေအးထားရန္ လုိအပ္တယ္လို႕ ေျပာခဲ့ဖူးပါတယ္။

ၿဗိတိန္နန္းေတာ္ရဲ႕ ဂုဏ္ထူးေဆာင္ MBE ဘြဲ႕ရ မီးသတ္သမားတစ္ဦးျဖစ္သည့္ ရစ္ခ်တ္



ေနာက္ထပ္ ၿဗိတိန္ေရငုပ္သမား ရစ္ခ်တ္ကေတာ့ ကုိဗင္ထရီမွ မီးသတ္သမားတစ္ဦးပဲ ျဖစ္ပါတယ္။ ရစ္ခ်တ္ဟာ အသက္ ၁၈ ႏွစ္အ႐ြယ္ကတည္းက ေရငုပ္ခဲ့သူျဖစ္ၿပီး ၎ရဲ႕ ကယ္ဆယ္ေရးေဆာင္႐ြက္မႈေတြေၾကာင့္ ၿဗိတိန္နန္းေတာ္က ဂုဏ္ျပဳခ်ီးျမွင့္တဲ့ MBE ဘဲြ႕ရ႐ွိထားပါတယ္။

ရစ္ခ်တ္ရဲ႕ အႀကီးမားဆုံး ကယ္ဆယ္ေရးေဆာင္႐ြက္ခ်က္မွာ မကၠစီကုိႏုိင္ငံ႐ွိ ဂူတစ္ခုအတြင္း ပိတ္မိခဲ့ၾကတဲ့ ၿဗိတိသွ်စစ္သား ေျခာက္ဦးကုိ ကယ္ဆယ္ခဲ့မႈျဖစ္တယ္လို႕ ေဒသခံသတင္းစာကုိ ၂၀၁၂ ခုႏွစ္မွာ ေျပာခဲ့ပါတယ္။

ရစ္ခ်တ္နဲ႕ဂၽြန္တုိ႕ဟာ ၂၀၁၀ ခုႏွစ္မွာလည္း ျပင္သစ္ေတာင္ပုိင္း Ardeche ေဒသ႐ွိ လႈိဏ္ဂူတစ္ခုထဲမွာ ပိတ္မိေနခဲ့တဲ့ ျပင္သစ္လႈိဏ္ဂူေလ့လာေရးသမား အဲရစ္ အက္စ္တက္ဘ္လီကုိ ႐ွာေဖြကယ္ဆယ္ေရးမွာ ပါဝင္ကူညီခဲ့ၾကဖူးပါတယ္။ အဆုိပါ လႈိဏ္ဂူေလ့လာေရးသမားရဲ႕ အေလာင္းကုိ ၎ေပ်ာက္ဆုံးသြားၿပီး ၈ ရက္အၾကာမွာ ျပန္႐ွာေတြ႕ခဲ့ေၾကာင္း သိရပါတယ္။

ရစ္ခ်တ္ (ဝဲဘက္မွ)၊ ေရာဘတ္ (အလယ္) ႏွင့္ ဂၽြန္တုိ႕ကုိ ဂူအနီးမွာ ေတြ႕ရစဥ္



ၿဗိတိန္ ေရငုပ္သမားႏွစ္ဦးဟာ ၂၀၁၁ ခုႏွစ္ကလည္း ဂူအတြင္း အခ်ိန္အၾကာဆုံးေရငုပ္မႈ ကမာၻ႕စံခ်ိန္အျဖစ္ စပိန္ႏုိင္ငံ႐ွိ Pozo Azul ဂူအတြင္း ေရငုပ္ခဲ့ၾကတဲ့အဖြဲ႕မွာ ပါဝင္ခဲ့ၾကပါတယ္။ ၎တုိ႕ႏွစ္ဦးလုံးဟာ South and Mid Wales Cave Rescue Team ရဲ႕ ေစတနာ့ဝန္ထမ္းေတြ ျဖစ္ၾကပါတယ္။

ထုိင္းအာဏာပုိင္ေတြက ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း BCRC ထံ ဆက္သြယ္ၿပီး အကူအညီေတာင္းခဲ့ၾကပါတယ္။ BCRC က အေတြ႕အႀကဳံ႐ွိတဲ့ ေရငုပ္သမားသုံးဦးကုိ ကူညီေပးရန္ ေစလႊတ္ခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။

ယခု ထုိင္းလူငယ္အုပ္စုကုိ ဂူအတြင္း စတင္ေတြ႕႐ွိခဲ့ၾကတဲ့ ဂၽြန္နဲ႕ခရစ္ခ္တုိ႕ဟာ အျခား ေရငုပ္သမားျဖစ္သူ ေရာဘတ္ ခ်ားလစ္ဟာပါးနဲ႕အတူ မယ္ဆုိင္ကုိေရာက္လာခဲ့ၾကတာ ျဖစ္ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs