• International News
    ဂျပန်မှာ မကြုံစဖူး အပူချိန်မြင့်တက်မှုတွေကြောင့် တစ်ပတ်အတွင်း လူ ၈၀ ဦးထက်မနည်း သေဆုံး
Ko John
[Unicode Version]

ဂျပန်နိုင်ငံမှာ အပူလှိုင်းဖြတ်သန်းမှုကြောင့် မကြုံစဖူး အပူချိန်များ မြင့်တက်နေမှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အပူချိန်မြင့်တက်မှုကြောင့် လူ ၈၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အပူချိန်များ မြင့်တက်နေမှုကို သဘာဝဘေးအန္တရာယ် ကျရောက်မှုအဖြစ် ဂျပန်မိုးလေဝသဌာနက ယနေ့ (ဇူလိုင် ၂၄ ရက်) ကြေညာလိုက်ကြောင်း သိရပါတယ်။

_102665539_gettyimages-1003666256.jpg

Photo: Getty Images



ဂျပန်ဒေသအချို့မှာ အပူချိန်ဟာ မကြုံစဖူး မြင့်တက်နေကြောင်း မိုးလေဝသဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က သတိပေး ပြောကြားခဲ့ပါတယ်။ အပူဒဏ်ကြောင့် လူဦးရေ ၂၂,၀၀၀ ကျော်ကို ဆေးရုံတင်ခဲ့ရပြီး ထက်ဝက်နီးပါးဟာ သက်ကြီးရွယ်များ ဖြစ်ကြတယ်လို့ အရေးပေါ်ဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။

အပူလှိုင်းကျရောက်ပြီး အပူချိန်များ လျော့ကျသွားမယ့် လက္ခဏာမတွေ့ရသေးကြောင်းလည်း မိုးလေဝသ ခန့်မှန်းသူတွေက ဆိုပါတယ်။

ယမန်နေ့ (ဇူလိုင် ၂၃ ရက်) က ကူမာဂါယာမြို့ (Kumagaya) မှာ အပူချိန် ၄၁.၁ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပြီး ဂျပန်နိုင်ငံမှာ အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။

_102665628_gettyimages-1004130324.jpg

Photo: Getty Images



တိုကျိုအလယ်ပိုင်းမှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံ မိုးလေဝသဌာနက အပူချိန်တွေဟာ သြဂုတ်လအစောပိုင်းအထိ ၃၅ ဒီဂရီဆဲလ်စီးယပ်နဲ့ အထက်ကို ဆက်လက် မြင့်တက်နေမယ်လို့ သတိပေးခဲ့ပါတယ်။

"နေရာဒေသအချို့မှာ အပူချိန်က မကြုံစဖူး မြင့်တက်နေတာ တွေ့ရပါတယ်၊ အပူလှိုင်းက အသက်အန္တရာယ်ရှိနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့ပြီး ဒါကို သဘာဝဘေးအန္တရာယ် ကျရောက်မှုအဖြစ် ကျွန်တော်တို့ သတ်မှတ်ပါတယ်" လို့ ဂျပန်မိုးလေဝသဌာနမှ ပြောခွင့်ရအမျိုးသား မိုတိုအကီ တာကီကာဝါက ပြောခဲ့ပါတယ်။

workers-and-media-memebers-are-seen-under-the-light-of-the-sun-during-a-heat-wave--at-the-construction-site-of-the-new-national-stadium--the-main-stadium-of-tokyo-2020-olympics-and-paralympics--during-3.jpg

Photo: Reuters



ဂျပန်နိုင်ငံရှိ အစိုးရကျောင်းတွေအနက် ထက်ဝက်မရှိတဲ့ အရေအတွက်မှာသာ လေအေးပေးစနစ် တပ်ဆင်ထားကြောင်း အပူချိန်များ မြင့်တက်နေမှုကြောင့် ကျောင်းသူကျောင်းသားများ အန္တရာယ်မရှိစေရန် နွေရာသီကျောင်းပိတ်ရက်များ ထပ်မံတိုးချဲ့သွားနိုင်တယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒီဆူဂါက ဆိုပါတယ်။

"တစ်နိုင်ငံလုံးမှာ စံချိန်တင် အပူလှိုင်းကျရောက်နေတာကြောင့် ကျောင်းသူကျောင်းသား ကလေးငယ်တွေ အန္တရာယ်မဖြစ်စေအောင် ကာကွယ်ဖို့အတွက် အရေးတကြီး စီစဉ်ဆောင်ရွက်မှုတွေ လိုအပ်နေပါတယ်" လို့ ၎င်းက ယနေ့ (ဇူလိုင် ၂၄ ရက်) ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

2018-07-24_160658.jpg

Photo: AFP/Martin Bureau



အပူချိန်များ မြင့်တက်နေမှုကြောင့် ပြည်သူများအနေနဲ့ ရေများများသောက်ရန်၊ လေအေပေးစက်သုံးကြရန်နဲ့ မကြာခဏ အနားယူနေကြရန် အစိုးရက တိုက်တွန်းထားပါတယ်။

ဂျပန်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့တဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ရပ်အပြီး အပူလှိုင်းကျရောက်မှု ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

အပူချိန်မြင့်တက်မှု ကြုံတွေ့နေရသည့် ကမ္ဘာ့နေရာဒေသများ

- ဥရောပ နေရာဒေသ အများအပြားမှာ အပူချိန်များ ဆက်လက်မြင့်တက်နေပြီး ဂရိနိုင်ငံမှာ တောမီးလောင်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဂရိတောမီးကြောင့် ဇူလိုင် ၂၄ ရက်အထိ စာရင်းတွေအရ သေဆုံးသူအရေအတွက် ၇၄ ဦးထက်မနည်းရှိပြီ ဖြစ်ပါတယ်။

- ဆွီဒင်နိုင်ငံမှာလည်း အပူချိန်မြင့်တက်ရာမှ တောမီးများလောင်မှုကြောင့် လူတစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး လူဦးရေး ဒါဇင်အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။ အပူချိန်မြင့်တက်မှုနဲ့ ခြောက်သွေ့မှုတွေကြောင့် ဆွီဒင်နိုင်ငံတစ်ဝှမ်း တောမီးလောင်မှုတွေဟာ မြောက်ဘက်စွန်း အာတိတ်စက်ဝိုင်းဒေသအထိ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။

- နော်ဝေနိုင်ငံမှာလည်း ပြီးခဲ့တဲ့ မေလအတွင်း အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ပြီး တောမီးလောင်မှုတွေ ဖြစ်ခဲ့ပါတယ်။

2018-07-24_160801.jpg

ဂရိမှာ တောမီးလောင်နေမှု မြင်ကွင်း (Photo: AFP)



- ဗြိတိန်နိုင်ငံ နေရာဒေသတွေမှာလည်း အပူလှိုင်းကျရောက်ကာ အပူချိန်များ မြင့်တက်နေမှုကြောင့် အင်္ဂလန် အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ အပူဒဏ်နဲ့ဆက်နွယ်တဲ့ ကျန်းမာရေးစောင့်ကြည့်မှု သတိပေးချက် ထုတ်ပြန်ထားပါတယ်။

- ကနေဒါနိုင်ငံ အရှေ့ပိုင်းတစ်လျှောက်ရှိ မြို့တွေမှာလည်း ဇူလိုင်လ အစောပိုင်းမှစပြီး အပူလှိုင်းကျရောက်မှု ကြုံတွေ့နေရပြီး Quebec ဒေသ တစ်ခုတည်းမှာပင် အပူဒဏ်ကြောင့် လူ ၇၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

- အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ အပူလှိုင်းကြောင့် လော့စ်အိန်ဂျိလစ် အပြင်ဘက်ရှိ Chino မြို့မှာ အပူချိန် ၄၈.၉ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့မှု အပါအဝင် အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

- အယ်လ်ဂျီးရီးယားနိုင်ငံမှာ Ouargla မြို့မှာ ဇူလိုင် ၅ ရက်နေ့ အပူချိန်ဟာ ၅၁.၃ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ရောက်ရှိခဲ့ပြီး အာဖရိကရဲ့ အမြင့်ဆုံး အပူချိန်အဖြစ် စံချိန်တင်ခဲ့ပါတယ်။

[Zawgyi Version]

ဂ်ပန္ႏုိင္ငံမွာ အပူလႈိင္းျဖတ္သန္းမႈေၾကာင့္ မႀကဳံစဖူး အပူခ်ိန္မ်ား ျမင့္တက္ေနမႈေၾကာင့္ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း အပူခ်ိန္ျမင့္တက္မႈေၾကာင့္ လူ ၈၀ ဦးထက္မနည္း ေသဆုံးခဲ့ပါတယ္။ အပူခ်ိန္မ်ား ျမင့္တက္ေနမႈကို သဘာဝေဘးအႏၱရာယ္ က်ေရာက္မႈအျဖစ္ ဂ်ပန္မုိးေလဝသဌာနက ယေန႕ (ဇူလုိင္ ၂၄ ရက္) ေၾကညာလိုက္ေၾကာင္း သိရပါတယ္။

Photo: Getty Images



ဂ်ပန္ေဒသအခ်ဳိ႕မွာ အပူခ်ိန္ဟာ မႀကဳံစဖူး ျမင့္တက္ေနေၾကာင္း မုိးေလဝသဌာနမွ ေျပာခြင့္ရပုဂၢဳိလ္က သတိေပး ေျပာၾကားခဲ့ပါတယ္။ အပူဒဏ္ေၾကာင့္ လူဦးေရ ၂၂,၀၀၀ ေက်ာ္ကုိ ေဆး႐ုံတင္ခဲ့ရၿပီး ထက္ဝက္နီးပါးဟာ သက္ႀကီး႐ြယ္မ်ား ျဖစ္ၾကတယ္လို႕ အေရးေပၚဌာနမွ တာဝန္႐ွိသူေတြက ေျပာပါတယ္။

အပူလႈိင္းက်ေရာက္ၿပီး အပူခ်ိန္မ်ား ေလ်ာ့က်သြားမယ့္ လကၡဏာမေတြ႕ရေသးေၾကာင္းလည္း မုိးေလဝသ ခန္႕မွန္းသူေတြက ဆုိပါတယ္။

ယမန္ေန႕ (ဇူလုိင္ ၂၃ ရက္) က ကူမာဂါယာၿမဳိ႕ (Kumagaya) မွာ အပူခ်ိန္ ၄၁.၁ ဒီဂရီဆဲလ္စီးယပ္အထိ ျမင့္တက္ခဲ့ၿပီး ဂ်ပန္ႏုိင္ငံမွာ အျမင့္ဆုံးအပူခ်ိန္အျဖစ္ စံခ်ိန္တင္ခဲ့ေၾကာင္း သိရပါတယ္။

Photo: Getty Images



တုိက်ဳိအလယ္ပုိင္းမွာ အပူခ်ိန္ ၄၀ ဒီဂရီဆဲလ္စီးယပ္အထိ ပထမဆုံးအႀကိမ္ ျဖစ္လာခဲ့ပါတယ္။ ဂ်ပန္ႏုိင္ငံ မုိးေလဝသဌာနက အပူခ်ိန္ေတြဟာ ၾသဂုတ္လအေစာပုိင္းအထိ ၃၅ ဒီဂရီဆဲလ္စီးယပ္နဲ႕ အထက္ကုိ ဆက္လက္ ျမင့္တက္ေနမယ္လုိ႕ သတိေပးခဲ့ပါတယ္။

"ေနရာေဒသအခ်ဳိ႕မွာ အပူခ်ိန္က မႀကဳံစဖူး ျမင့္တက္ေနတာ ေတြ႕ရပါတယ္၊ အပူလႈိင္းက အသက္အႏၱရာယ္႐ွိႏုိင္တဲ့ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္ခဲ့ၿပီး ဒါကုိ သဘာဝေဘးအႏၱရာယ္ က်ေရာက္မႈအျဖစ္ ကၽြန္ေတာ္တုိ႕ သတ္မွတ္ပါတယ္" လုိ႕ ဂ်ပန္မုိးေလဝသဌာနမွ ေျပာခြင့္ရအမ်ဳိးသား မုိတိုအကီ တာကီကာဝါက ေျပာခဲ့ပါတယ္။

Photo: Reuters



ဂ်ပန္ႏုိင္ငံ႐ွိ အစိုးရေက်ာင္းေတြအနက္ ထက္ဝက္မ႐ွိတဲ့ အေရအတြက္မွာသာ ေလေအးေပးစနစ္ တပ္ဆင္ထားေၾကာင္း အပူခ်ိန္မ်ား ျမင့္တက္ေနမႈေၾကာင့္ ေက်ာင္းသူေက်ာင္းသားမ်ား အႏၱရာယ္မ႐ွိေစရန္ ေႏြရာသီေက်ာင္းပိတ္ရက္မ်ား ထပ္မံတုိးခ်ဲ႕သြားႏုိင္တယ္လို႕ အစိုးရေျပာခြင့္ရပုဂၢဳိလ္ ယုိ႐ွီဟီဒီဆူဂါက ဆုိပါတယ္။

"တစ္ႏုိင္ငံလုံးမွာ စံခ်ိန္တင္ အပူလႈိင္းက်ေရာက္ေနတာေၾကာင့္ ေက်ာင္းသူေက်ာင္းသား ကေလးငယ္ေတြ အႏၱရာယ္မျဖစ္ေစေအာင္ ကာကြယ္ဖုိ႕အတြက္ အေရးတႀကီး စီစဥ္ေဆာင္႐ြက္မႈေတြ လုိအပ္ေနပါတယ္" လုိ႕ ၎က ယေန႕ (ဇူလုိင္ ၂၄ ရက္) ျပဳလုပ္တဲ့ သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

Photo: AFP/Martin Bureau



အပူခ်ိန္မ်ား ျမင့္တက္ေနမႈေၾကာင့္ ျပည္သူမ်ားအေနနဲ႕ ေရမ်ားမ်ားေသာက္ရန္၊ ေလေအေပးစက္သုံးၾကရန္နဲ႕ မၾကာခဏ အနားယူေနၾကရန္ အစိုးရက တုိက္တြန္းထားပါတယ္။

ဂ်ပန္မွာ မုိးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးေျမၿပဳိမႈေတြေၾကာင့္ လူ ၂၀၀ ေက်ာ္ ေသဆုံးခဲ့တဲ့ သဘာဝေဘးအႏၱရာယ္ ျဖစ္ရပ္အၿပီး အပူလႈိင္းက်ေရာက္မႈ ႀကဳံေတြ႕ေနရတာလည္း ျဖစ္ပါတယ္။

အပူခ်ိန္ျမင့္တက္မႈ ႀကဳံေတြ႕ေနရသည့္ ကမာၻ႕ေနရာေဒသမ်ား

- ဥေရာပ ေနရာေဒသ အမ်ားအျပားမွာ အပူခ်ိန္မ်ား ဆက္လက္ျမင့္တက္ေနၿပီး ဂရိႏုိင္ငံမွာ ေတာမီးေလာင္မႈေတြ ျဖစ္ေပၚေနပါတယ္။ ဂရိေတာမီးေၾကာင့္ ဇူလုိင္ ၂၄ ရက္အထိ စာရင္းေတြအရ ေသဆုံးသူအေရအတြက္ ၇၄ ဦးထက္မနည္း႐ွိၿပီ ျဖစ္ပါတယ္။

- ဆြီဒင္ႏုိင္ငံမွာလည္း အပူခ်ိန္ျမင့္တက္ရာမွ ေတာမီးမ်ားေလာင္မႈေၾကာင့္ လူတစ္ဦးထက္မနည္း ေသဆုံးခဲ့ၿပီး လူဦးေရး ဒါဇင္အမ်ားအျပား ဒဏ္ရာရခဲ့ၾကပါတယ္။ အပူခ်ိန္ျမင့္တက္မႈနဲ႕ ေျခာက္ေသြ႕မႈေတြေၾကာင့္ ဆြီဒင္ႏုိင္ငံတစ္ဝွမ္း ေတာမီးေလာင္မႈေတြဟာ ေျမာက္ဘက္စြန္း အာတိတ္စက္ဝိုင္းေဒသအထိ ပ်ံ႕ႏွံ႕ေရာက္႐ွိခဲ့ပါတယ္။

- ေနာ္ေဝႏုိင္ငံမွာလည္း ၿပီးခဲ့တဲ့ ေမလအတြင္း အပူခ်ိန္မ်ား စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး ေတာမီးေလာင္မႈေတြ ျဖစ္ခဲ့ပါတယ္။

ဂရိမွာ ေတာမီးေလာင္ေနမႈ ျမင္ကြင္း (Photo: AFP)



- ၿဗိတိန္ႏုိင္ငံ ေနရာေဒသေတြမွာလည္း အပူလႈိင္းက်ေရာက္ကာ အပူခ်ိန္မ်ား ျမင့္တက္ေနမႈေၾကာင့္ အဂၤလန္ အေ႐ွ႕ပုိင္းနဲ႕ အေ႐ွ႕ေတာင္ပုိင္းေတြမွာ အပူဒဏ္နဲ႕ဆက္ႏြယ္တဲ့ က်န္းမာေရးေစာင့္ၾကည့္မႈ သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

- ကေနဒါႏုိင္ငံ အေ႐ွ႕ပိုင္းတစ္ေလွ်ာက္႐ွိ ၿမဳိ႕ေတြမွာလည္း ဇူလုိင္လ အေစာပုိင္းမွစၿပီး အပူလႈိင္းက်ေရာက္မႈ ႀကဳံေတြ႕ေနရၿပီး Quebec ေဒသ တစ္ခုတည္းမွာပင္ အပူဒဏ္ေၾကာင့္ လူ ၇၀ ထက္မနည္း ေသဆုံးခဲ့ပါတယ္။

- အေမရိကန္ႏုိင္ငံ ကယ္လီဖုိးနီးယားျပည္နယ္ ေတာင္ပုိင္းမွာ အပူလႈိင္းေၾကာင့္ ေလာ့စ္အိန္ဂ်ိလစ္ အျပင္ဘက္႐ွိ Chino ၿမဳိ႕မွာ အပူခ်ိန္ ၄၈.၉ ဒီဂရီဆဲလ္စီးယပ္အထိ ျမင့္တက္ခဲ့မႈ အပါအဝင္ အပူခ်ိန္မ်ား စံခ်ိန္တင္ျမင့္တက္ခဲ့ပါတယ္။

- အယ္လ္ဂ်ီးရီးယားႏုိင္ငံမွာ Ouargla ၿမဳိ႕မွာ ဇူလုိင္ ၅ ရက္ေန႕ အပူခ်ိန္ဟာ ၅၁.၃ ဒီဂရီဆဲလ္စီးယပ္သုိ႕ ျမင့္တက္ေရာက္႐ွိခဲ့ၿပီး အာဖရိကရဲ႕ အျမင့္ဆုံး အပူခ်ိန္အျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs