အိန္ဒိယဟာ တစ်ကမ္ဘာလုံးမှာ နေ့အလိုက် ကူးစက်မှုအသစ် အများဆုံးတွေ့ရတဲ့ နိုင်ငံဖြစ်နေဆဲလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ယနေ့ (စက်တင်ဘာ ၂၂ ရက်) ထုတ်ပြန်မှုအရ နေ့အလိုက် COVID-19 အတည်ပြုလူနာ တွေ့ရှိရမှုဟာ တစ်လနီးပါးအတွင်း အနိမ့်ဆုံး ဖြစ်လာကြောင်း သိရပါတယ်။

(Photo: Reuters)

အိန္ဒိယပြည်ထောင်စုအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်မှုအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၇၅,၀၈၃ ဦးနဲ့ သေဆုံးသူ ၁,၀၅၃ ဦး တိုးလာခဲ့ပါတယ်။ အဆိုပါ ကူးစက်မှုအသစ် အရေအတွက်ဟာ အိန္ဒိယမှာ တစ်လအတွင်း နေ့စဥ် တွေ့ရှိနေရတဲ့ ကူးစက်မှုတွေအနက် အနည်းဆုံးဖြစ်ပါတယ်။



နေ့အလိုက် ကူးစက်မှုအသစ် လျော့ကျခဲ့ပေမဲ့ အိန္ဒိယဟာ တစ်ကမ္ဘာလုံးမှာ နေ့အလိုက် ကူးစက်မှုအသစ် အများဆုံးတွေ့ရတဲ့ နိုင်ငံဖြစ်နေဆဲလို့ ဆိုပါတယ်။ လူဦးရေထူထပ်မှုနဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့က COVID-19 ထိန်းချုပ်ရေးမှာ နှောင့်နှေးမှု ဖြစ်စေခဲ့ပါတယ်။ အိန္ဒိယဟာ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်ပြီးလျှင် ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၅.၆ သန်းကျော်နဲ့ သေဆုံးသူ ၈၈,၉၃၅ ဦးရှိခဲ့ပါတယ်။

(Photo: AFP)

ဆက်စပ်သတင်းတစ်ရပ်အရ အိန္ဒိယမှာ လာမယ့် သီတင်းပတ်များအတွင်း အလားအလာကောင်းတဲ့ ရုရှားနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ထိုးနှံစမ်းသပ်မှုတွေ လုပ်ဆောင်သွားရန် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ ကာကွယ်ဆေးတစ်မျိုး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း စတင်နိုင်မယ်လို့ အိန္ဒိယ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Dr Reddy's Laboratories Ltd. က ပြောထားပါတယ်။ ရုရှားထုတ် Sputnik-V ကာကွယ်ဆေး စမ်းသပ်မှုတွေကို နိုင်ငံတစ်ဝန်းရှိ အစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာ ပြုလုပ်သွားမယ်လို့ Dr Reddy's မှ တာဝန်ရှိသူ Deepak Sapra က Reuters သတင်းဌာနကို ပြောပါတယ်။

(Photo: Reuters)

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ COVID-19 ထိန်းချုပ်ရေး မတ်လအတွင်းမှစပြီး သုံးလကြာ lockdown စီမံဆောင်ရွက်ချက်များ သတ်မှတ်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ်မိုဒီက ဈေးဆိုင်များ၊ ရုံးခန်းများနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးများ ပြန်လည်ဖွင့်လှစ်ရန် ပြည်နယ်တွေကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ခဲ့ပါတယ်။ သို့သော် COVID-19 ကြောင့် စီးပွားရေးသက်ရောက်မှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး အိန္ဒိယရဲ့စီးပွားရေးဟာ ဇွန်လအထိ သုံးလအတွင်း လေးပုံတစ်ပုံ ကျုံ့သွားခဲ့ရာ မှတ်တမ်းအရ အကြီးဆုံးပမာဏဖြစ်တယ်လို့ ဆိုပါတယ်။ 

ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး အစောပိုင်းစမ်းသပ်မှု အောင်မြင်ဟုဆို


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က