အသက်ငယ်ရွယ်သူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာဖြစ်ပွားတာ အလွန်ရှားပါတယ်။

အမေရိကန်မှာ နို့စို့အရွယ် ကလေးငယ်တစ်ဦး COVID-19 ရောဂါကြောင့် သေဆုံးခဲ့ကြောင်း အီလီနွိုက်စ်ပြည်နယ်မှ တာဝန်ရှိသူတွေက ပြောပါတယ်။


(Photo: Reuters)

ယခု ဖြစ်ရပ်ဟာ COVID-19 ကပ်ရောဂါ ကမ္ဘာအနှံ့ ကူးစက်ဖြစ်ပွားမှုအတွင်း အလွန်ရှားပါတဲ့ ကလေးငယ်သေဆုံးမှုလည်း ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 နဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုများအနက် နို့စို့အရွယ်ကလေးတစ်ဦး ပါဝင်ခဲ့ကြောင်း အီလီနွိုက်ပြည်နယ်အုပ်ချုပ်ရေးမှူး JB Pritzker က မတ်လ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပြည်နယ်ကျန်းမာရေးဌာနရ့ အဆိုအရ ချီကာဂိုမြို့မှာ သေဆုံးခဲ့တဲ့ ထိုကလေးယ်ဟာ အသက်တစ်နှစ်အောက်အရွယ်ဖြစ်ပြီး ၎င်းထံမှာ COVID-19 ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။



(Photo: AP)

"နို့စို့အရွယ်ကလေးတစ်ယောက် COVID-19 ကြောင့် သေဆုံးတာမျိုး အရင်က မရှိခဲ့ပါဘူး၊ သေဆုံးရတဲ့ အကြောင်းအရင်းကို သိနိုင်ဖို့အတွက် ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်" လို့ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး Ngozi Ezike က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ပြင်သစ်နိုင်ငံမှာ အသက် ၁၉ နှစ်အောက် ဆယ်ကျော်သက်တစ်ဦး COVID-19 ကြောင့် သေဆုံးခဲ့ပါတယ်။

Ile-de-France ဒေသရှိ အသက် ၁၆ နှစအရွယ် ဆယ်ကျော်သက် မိန်းကလေးတစ်ဦး COVID-19 ကူးစက်ခံရပြီး သေဆုံးခဲ့ကြောင်း ပြင်သစ်ကျန်းမာရေးတာဝန်ရှိသူ Jerome Salomon က ပြောပါတယ်။ "အသက်ငယ်ရွယ်သူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာဖြစ်ပွားတာ အရမ်းရှားပါတယ်" လို့ Salomon က မှတ်ချက်ပြုပါတယ်။

(Photo: AFP)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်က COVID-19 ကူးစက်ခံရတဲ့ ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့ကြောင်း လော့စ်အိန်ဂျလိစ်ကောင်တီ ကျန်းမာရေးဌာနက ပြောပါတယ်။ သို့သော် အဆိုပါ ဆယ်ကျော်သက် သေဆုံးရမှုအကြောင်းရင်းဟာ ရှုပ်ထွေးမှုရှိနေပြီး အခြား အကြောင်းကြောင့်လည်း ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ယနေ့ (မတ်လ ၂၉ ရက်) မနက်ပိုင်းအထိ အမေရိကန်မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၃,၇၅၀ ဦး စစ်ဆေးတွေ့ရှိထားပြီး ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်မှုအများဆုံး ဖြစ်နေပါတယ်။ ယနေ့ မနက်ပိုင်းအထိ အမေရိကန်မှာ COVID-19 ကြောင့် ၂,၂၂၇ ဦး သေဆုံးခဲ့ပြီး ပြန်လည်သက်သာသူ ၃,၂၃၁ ဦးရှိခဲ့ပါတယ်။



(Photo: Getty Images)

ကမ္ဘာတစ်ဝှမ်းမှာတော့ ယနေ့ မနက်ပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၆၃,၇၄၀ ဦး၊ သေဆုံးသူ ၃၀,၈၇၉ ဦးနဲ့ ပြန်လည်သက်သာသူ ၁၄၂,၁၃၈ ဦးရှိခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ထိုရောဂါဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကလေးတွေဟာ ရောလက္ခဏာ ပြင်းထန်လေ့မရှိဘဲ သေဆုံးမှုနှုန်း အလွန်နည်းတယ်လို့ ဆိုပါတယ်။

Johns Hopkins Bloomberg School of Public Health က ဖေဖေါ်ဝါရီလလယ်ပိုင်းမှစပြီး COVID-19 စတင်တွေ့ရှိခဲ့တဲ့ ဝူဟန်မြို့နဲ့ ပတ်ဝန်းကျင်ရှိ

ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၄,၀၀၀ ကို လေ့လာဆန်းစစ်မှုတွေအရ

အသက် ၁၀ နှစ်မှ ၁၉ နှစ်အရွယ်အတွင်းရှိသူ အရေအတွက် တစ်ရာခိုင်နှုန်း ပါဝင်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ အသက် ၁၀ နှစ်အောက် ဗိုင်းရပ်စ်ကူးစက်ခံ လူနာအရေအတွက်ဟာ တစ်ရာခိုင်နှုန်းအောက်ဖြစ်ပြီး သေဆုံးသူမရှိခဲ့ဘူးလို့   AFP သတင်းမှာ ဖော်ပြပါတယ်။

.

Share

Loading Next Article...
က္က