ဗာဂျီးနီးယား၊ နယူးဂျာစီနဲ့ နယူးယော့ခ် ပြည်နယ်များသို့ ဆက်လက် ဦးတည်‌နေပါတယ်။

အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားနဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်တွေကို အပူပိုင်းမုန်တိုင်း Isaias ဝင်ရောက်တိုက်ခတ်ခဲ့ရာ မိုးသည်းထန်စွာရွာသွန်းပြီး တစ်နာရီလျှင် ၈၅ မိုင်အထိ လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

(တောင်ကာရိုလိုင်းနားမှ ရေကြီးမှုမြင်ကွင်းတစ်ခု) (Photo: Getty Images)

Isaias ဟာ တောင်ကာရိုလိုင်းနဲ့ မြောက်ကာရိုလိုင်းနား နယ်စပ်အနီး ကုန်းတွင်းပိုင်းကို ဒေသစံတော်ချိန် ဩဂုတ် ၃ ရက် ညပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေ တက်ရောက်နိုင်ကြောင်အမေရိကန် National Hurricane Center (NHC) က ခန့်မှန်းထားပါတယ်။



Isaias ဟာ ယခနှစ်ရဲ့ နဝမမြောက် မုန်တိုင်းဖြစ်ပြီး ညပိုင်းအချိန်မှာ ကမ်းရိုးတန်းကို ဝင်ရောက်စဥ် ဟာရီကိန်းအဆင့် အားကောင်းလာနိုင်ကြောင်း NHC က နောက်ဆုံး ခန့်မှန်းထားတဲ့ မုန်တိုင်းလည်းဖြစ်ပါတယ်။ Isaias မုန်တိုင်းဟာ ကာရိုလိုင်းနားပြည်နယ်တွေကို မဝင်ရောက်မ ကာရေဘီယန်ဒေသရှိ ကျွန်းစုတွေကို ဖြတ်သန်းတိုက်ခတ်ပြီးနောက် အားလျော့သွားခဲ့ကြောင်းနဲ့ ထိုဒေသမှာ မုန်တိုင်းကြောင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

မုန်တိုင်းဟာ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် ရွေ့လျားသွားစဥ် ကာရိုလိုင်းနားပြည်နယ်တွေရဲ့ အရှေ့ပိုင်းနဲ့ အတ္တလန်တစ်အလယ်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး အသင့်အတင့် မြစ်ရေကြီးမှုနဲ့ ရုတ်တရက် ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း NHC က သတိပေးထားပါတယ်။ မုန်တိုင်းဒီရေဟာ အမြင့် ၅ ပေအထိရှိနိုင်ကြောင်းနဲ့ မိုးရေချိန် ၈ လက်မအထိ ရွာသွန်းနိုင်ကြောင်း သိရပါတယ်။ လက်ရှိမှာ Isaias မုန်တိုင်းဟာ ဗာဂျီးနီးယား၊ နယူးဂျာစီနဲ့ နယူးယော့ခ် ပြည်နယ်များသို့ ဦးတည်‌နေတယ်လို့ ဆိုပါတယ်။

(ပွာတိုရီကိုမှာ မုန်တိုင်းဖြတ်သန်းအပြီး မြင်ကွင်းတစ်ခု) (Photo: EPA)

Isaias မုန်တိုင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်နဲ့ တနင်္လာနေ့ (ဩဂုတ် ၃ ရက်) မှာ ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်ခဲ့ပြီးနောက် တောင်ကာရိုလိုင်းနားပြည်နယ် ကမ်းလွန်မှာ ဆက်လက် တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။ Isaias ဟာ ဖလော်ရီဒါကို မဝင်ရောက်မီ ဒိုမီနီကန်ရီပတ်ဘလစ်နဲ့ ပွာတိုရီကိုတို့မှာ ဖြတ်သန်းတိုက်ခတ်ခဲ့ရာ သစ်ပင်များ အမြစ်မှကျွတ်ထွက်လဲပြိုခြင်း၊ ကောက်ပဲသီးနှံနဲ့ နေအိမ်များ ပျက်စီးခြင်းနဲ့ ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူနှစ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Share

Loading Next Article...
က္က