အိမ်ထောင်စု ၉၀၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေခဲ့ပါတယ်။

အမေရိကန်တောင်ပိုင်း ပြည်နယ်တွေမှာ မုန်တိုင်းများတိုက်ခတ်ရာမှ လေဆင်နှာမောင်းတွေနဲ့ ရေကြီးမှုတွေဖြစ်ပေါ်ပြီး လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

(Photo: @CityofMonroe/Twitter)

လူဝီစီးယားနား၊ တက္ကဆက်နဲ့ မစ္စစ္စပီပြည်နယ်တွေမှာ တနင်္ဂနွေနေ့ (ဧပြီ ၁၂ ရက်) က လေဆင်နှာမောင်းများ ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။ ထို့အတူ အလာဘားမားနဲ့ ဂျော်ဂျီယာပြည်နယ်တွေရဲ့ နေရာဒေသတွေမှာလည်း ယနေ့ (ဧပြ ၁၃ ရက်) လေဆင်နှာမောင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ယနေ့ ဒေသစံတော်ချိန် မနက်ပိုင်းမှာ အိမ်ထောင်စု ၉၀၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေခဲ့ရတယ်လို့ ဆိုပါတယ်။



(Photo: @CityofMonroe/Twitter)

မစ္စစ္စပီပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုဌာနက တနင်္ဂနွေနေ့မှာ လေဆင်နှာမောင်းများကြောင့် သေဆုံးမှုတွေရှိခဲ့ကြောင်း အတည်ပြုပါတယ်။ အမေရိကန်မီဒီယာမှာ ဖော်ပြမှုအရ ဂျော်ဂျီယာမှာ ယနေ့ မနက်ပိုင်းက လေဆင်နှာမောင်းတိုက်စဥ် နေအိမ်ပေါ်ကို သစ်ပင်လဲကျမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

(Photo: AP)

လူဝီစီးယားနားပြည်နယ် မွန်ရိုးမြို့မှာ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်းလည်း သိရပါတယ်။ ထိုမြို့မှာ လေဆင်နှာမောင်းကြောင့် အနည်းငယ် ထိခိုက်ဒဏ်ရာရမှုများသာရှိခဲ့တယ်လို့ ဆိုပါတယ်။ CNN သတင်းရဲ့ အဆိုအရ မုန်တိုင်းတွေဟာ မြောက်ဘက်ကို ဦးတည်ရွေ့လျားနေကြောင်းနဲ့ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းရှိ ပြည်နယ်တွေကို ခြိမ်းခြောက်နေကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က