လူဦးရေသိန်းနဲ့ချီပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရပါတယ်။

အမေရိကန်တောင်ပိုင်းတစ်လျှောက် ပြင်းထန်တဲ့ မုန်တိုင်းတွေကြောင့် လေပြင်းတိုက်မှုတွေနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

(Photo: AP)

အလာဘားမား၊ လူဝီစီးယားနားနဲ့ တက္ကဆက်ပြည်နယ်တို့မှာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ (ဇန်နဝါရီ ၁၀ ရက်) မှစပြီး သီတင်းပတ်ကုန်ရက်များအတွင်း မုန်တိုင်းတိုက်မှုတွေကြောင့် လူဦးရေသိန်းနဲ့ချီပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရပြီး နေအိမ်နဲ့ လမ်းမများ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။



စနေနေ့ (ဇန်နဝါရီ ၁၁ ရက်) က လေဆင်နှာမောင်းများ တိုက်ခတ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားခဲ့ပြီး အလာဘားမားပြည်နယ်ဟာ အန္တရာယ်အရှိဆုံးဖြစ်ကြောင်း သက်ဆိုင်ရာဌာနက ပြောထားခဲ့ပါတယ်။ မုန်တိုင်းတွေကြောင့် အမေရိကန် အနောက်အလယ်ပိုင်း နေရာဒေသတွေမှာလည်း ရေခဲမှုနဲ့ နှင်းထူထပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: AP)

ရာသီဥတုဆိုးရွားမှုကြောင့် ချီကာဂိုမြို့ရဲ့ အဓိက လေဆိပ်နှစ်ခုမှာ ရာနဲ့ချီတဲ့ လေကြောင်းခရီးစဥ်များ ဖျက်သိမ်းခဲ့ရပါတယ်။ လူဝီစီးယားနားပြည်နယ်မှာ လေဆင်နှာမောင်း ဖြတ်သန်းတိုက်ခတ်စဥ် သက်ကြီးရွယ်အိုစုံတွဲတစ်တွဲရဲ့ ရွေ့လျားနေအိမ်ဟာ မုန်တိုင်းနဲ့အတူပါသွားခဲ့ပြီး ၎င်းတို့နှစ်ဦး သေဆုံးခဲ့ကြောင်း Bossier Parish ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်တွင်း သက်ကြီးရွယ်အိုစုံတွဲရဲ့ ခွေးသုံးကောင် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ် အမျိုးသားတစ်ဦးဟာလည်း သောကြာနေ့မှာပင် နေအိမ်ပေါ်ကို သစ်ပင်လဲကျမှုအတွင်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင်း အလာဘားမားပြည်နယ် Pickens ကောင်တီမှာလည်း လူသုံးဦး သေဆုံးခဲ့ကြောင်း National Weather Service (NWS) က အတည်ပြုခဲ့ပါတယ်။

(Photo: AP)

အဆိုပါ သေဆုံးသူတွေနဲ့ ပတ်သက်ပြီး အကြောင်းရင်း အသေးစိတ်ကို NWS က မထုတ်ပြန်ခဲ့ပေမဲ့ ဒေသခံမီဒီယာကတော့ ၎င်းတို့ဟာ လေဆင်နှာမောင်းကြောင့် သေဆုံးခဲ့ကြောင်း ပြောထားပါတယ်။ သတိပေးချက်တွေကို အလေးအနက်ထားကြရန်လည်း NWS က Twitter မှာ ရေးသားထားပါတယ်။

တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့မှာလည်း ကားတစ်စီး လမ်းချော်ပြီး ချောင်းထဲထိုးကျမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပါတယ်။ ထို့အတူ တက္ကဆက်ပြည်နယ် Nacogdoches ကောင်တီမှာ နေအိမ်ပေါ်ကို သစ်ပင်လဲပြိုကျပြီး အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

တက္ကဆက်မှာ ရာသီဥတုဆိုးရွားမှုအတွင်း အဆောက်အအုံများ ပျက်စီးခဲ့ပြီး သစ်ပင်အများအပြားနဲ့ လျှစ်စစ်ဓာတ်အားလိုင်းတိုင်များ လဲပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ မုန်တိုင်းတိုက်မှုတွေကြောင့် မစ်ဆူရီ၊ အိုကလာဟိုးမားနဲ့ အာကင်ဆက်ပြည်နယ်တို့မှာလည်း နေအိမ်နဲ့ အဆောက်အအုံ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပေမဲ့ သေဆုံးဒဏ်ရာရသူ မရှိခဲ့ဘူးလို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က