ကာကွယ်ဆေးကို လူတွေမှာ စမ်းသပ်မှုများ အစောဆုံးအဖြစ် အောက်တိုဘာလအတွင်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ သုတေသနဌာနတစ်ခုက အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုး လူတွေမှာစမ်းသပ်မှုကို အစောဆုံးအဖြစ် အောက်တိုဘာလအတွင်း ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က ယမန်နေ့ ဩဂုတ် ၆ ရက်) မှာ ပြောပါတယ်။

(Photo: Nati Shohat/Flash90)

Israel Institute of Biological Research (IIBR) က ကျန်းမာရေးဝန်ကြီးဌာနဲ့ ပူးပေါင်းပြီး အောက်တိုဘာလအတွင်း ဂျုးဘာသာရေး အားလပ်ရက်များအပြီးမှာ လူတွေကို ကာကွယ်ဆေးထိုးနှံစမ်းသပ်မှု လုပ်ဆောင်သွားမယ်လို့ ၎င်းကဆိုပါတယ်။ IIBR က COVID-19 ကာကွယ်ဆေးထုတ်လုပ်နေခဲ့တာ ခြောက်လကြာပြီဖြစ်ပြီး မတ်လအတွင်း တိရိစ္ဆာန်တွေမှာ စမ်းသပ်မှုများ စတင်ခဲ့ပါတယ်။



"ကနဦး စမ်းသပ်မှုအားလုံးက အောင်မြင်ပါတယ်၊ မျှော်လင့်ကောင်းရှိပါတယ်" လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက တဲလ်အဗစ်မြို့ရဲ့တောင်ဘက် ၁၆ မိုင်ခန့်အကွာ နက်စ်ဇိုင်အိုနာ (Ness Ziona) မြို့ရှိ သုတေသနဌာနကို သွားရောက်ပြီးနောက် ပြောခဲ့ပါတယ်။ "အကောင်းဆုံး ကာကွယ်ဆေးတစ်ခုပါ၊ ကျွန်တော်တို့ လက်ထဲမှာရှိပါတယ်" လို့ IIBR ညွှန်ကြားရေးမှူး Shmuel Shapira က ဆိုပါတယ်။

(Photo: Ariel Hermoni/Defense Ministry)

အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး David Friedman က အဆိုပါ သုတေသနဌာနရဲ့ ဇီဝဓာတုဆိုင်ရာ ကာကွယ်ရေးဓာတ်ခွဲခန်းသို့ ပြီးခဲ့တဲ့လအတွင်း လာရောက်ခဲ့ပြီး တာဝန်ရှိသူတွေက COVI-19 ကာကွယ်ဆေးအကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။ IIBR က ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) ထံမှ အတည်ပြုချက်ရရှိရန် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အစ္စရေးဟာ လတ်တလော COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၇၈,၅၀၀ နဲ့ သေဆုံးသူ ၅၆၉ ဦးရှိလာခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကာကွယ်ဆေးတစ်ခုရရှိနိုင်ရန် အပြိုင်အဆိုင် အားထုတ်ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း COVID-19 ကာကွယ်ဆေးတစ်ခုခုကို အများပြည်သူသုံးအဖြစ် အားလုံးအတွက် ရရှိနိုင်ခဲ့ပါက ကမ္ဘာ့တစ်ဝန်း စီးပွားရေးအခြေအနေဟာ ပိုမိုလျင်မြန်စွာ နာလန်ထူလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Halth Organization - WHO) အကြီးအကဲ Tedros Adhanom Ghebreyesus ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။

WHO အကြီးအကဲက NBC ရုပ်မြင်သံကြားက စီစဥ်တဲ့ Aspen Security Forum ရဲ့ အဖွဲ့ဝင်တွေနဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ထိုသို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ WHO က COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘေးအန္တရာယ်ကင်းမှုနဲ့ ထိရောက်မှုရှိရန် လိုအပ်ကြောင်းနဲ့ ကမ္ဘာတစ်ဝန်းကို ဖြန့်ဖြူးရာမှာ မျှတမှုရှိရန် ပြောထားပါတယ်။

Share

Loading Next Article...
က္က