ချားလ်စ်မင်းသားဟာ မပြင်းထန်တဲ့ ရောဂါလက္ခဏာရှိနေပါတယ်။

ဗြိတိန်တော်ဝင်မိသားစုဝင် ချားလ်စ်မင်းသားထံမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း လန်ဒန်မြို့ရှိ တော်ဝင်စံအိမ် Clarence House က အတည်ပြု ထုတ်ပြန်ပါတယ်။

(Photo: Sky News)

အသက် ၇၁ နှစ်အရွယ် Cornwall မြို့စား ချားလ်စ်မင်းသားဟာ မပြင်းထန်တဲ့ ရောဂါလက္ခဏာရှိနေပေမဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း ပြောခွင့်ရအမျိုးသားက ဆိုပါတယ်။ ချားလ်စ်မင်သားရဲ့ဇနီး အသက် ၇၂ နှစ်အရွယ် Cornwall မြို့စားကတော် ကမ်မီလာကိုလည်း ဗိုင်းရပ်စ်စစ်ဆေးခဲ့ပေမဲ့ သူမထံမှာ ကူးစက်မှုမတွေ့ရကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။



လက်ရှိမှာ ချားလ်စ်မင်းသားနဲ့ ကမ်မီလာတို့ဟာ Balmoral ရဲတိုက်မှာ ကိုယ်တိုင် သီးခြားခွဲနေထိုင်လျက်ရှိပြီး မင်းသားက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း နေအိမ်မှာ အလုပ်လုပ်နေကြောင်း Clarence House က ပြောပါတယ်။ အစိုးရနဲ့ ဆေးဘက်ဆိုင်ရာက အကြံပေးမှုနဲ့အတူ မင်းသားနဲ့ မြို့စားကတော်တို့ဟာ စကော့တလန်မှာ သီးခြားခွဲနေထိုင်လျက်ရှိတယ်လို့ တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

(Photo: Jonathan Brady/AFP/Getty Images)

ဗိုင်းရပ်စ်စစ်ဆေးမှုတွေကို Aberdeenshire မှာ National Health Service (NHS) က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း ချားလ်စ်မင်းသားဟာ အများပြည်သူဆိုင်ရာ တော်ဝင်မိသားစုဝင်တာဝန်တွေကို ဆောင်ရွက်ခဲ့စဥ် များပြားတဲ့ အနီးကပ်ထိတွေ့မှုများရှိခဲ့ရာမှ ၎င်းနဲ့ တွေ့ဆုံခဲ့သူတိုင်းကို အတိအကျ စစ်ဆေးမှုတွေများ မလုပ်ဆောင်နိုင်ခဲ့ဘဲ ဗိုင်းရပ်စ်ကူးစက်ခံတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ဘက်ကင်ဟမ်နန်းတော်မှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်ရှိနေစဥ် နန်းတော်ဝန်ထမ်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ မတ်လ ၂၅ ရက် ညနေပိုင်းအထိ ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈,၀၇၇ ဦး၊ သေဆုံးသူ ၄၂၂ ဦးနဲ့ ပြန်လည်သက်သာလာသူ ၁၂၅ ဦးရှိကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က