အမျိုးသားအုပ်ထိန်းသူထံမှ ခွင့်ပြုချက်မလိုဘဲ ပတ်စ်ပို့လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗီးယားနိုင်ငံမှာ အမျိုးသမီးများကို အမျိုးသားအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်မလိုအပ်ဘဲ ခရီးသွားလာခွင့်ပြုလိုက်ပြီလို့ တော်ဝင်အမိန့်ဒီကရီတစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

(Photo: EPA)

သြဂုတ် ၁ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်တဲ့ အမိန့်ဒီကရီအရ အသက် ၂၁ နှစ်ပြည့်ပြီးတဲ့ ဆော်ဒီအမျိုးသမီးတွေဟာ အမျိုးသားအုပ်ထိန်းသူထံမှ ခွင့်ပြုချက်မလိုဘဲ ပတ်စ်ပို့လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသုံး အားလုံးဟာ ပတ်စ်ပို့လျှောက်ထားပြီး ခရီးသွားလာနိုင်ကြောင်းနဲ့ အမျိုးသမီးတွေလည်း အမျိုးသားများကဲ့သို့ပင် တန်းတူညီမျှဖြစ်ကြောင်း အမိန့်ဒီကရီက ဆိုပါတယ်။


ဆော်ဒီအစိုးရက သြဂုတ် ၁ ရက်မှာ ထုတ်ပြန်လိုက်တဲ့ အမိန့်ဒီကရီတွေအနက် အမျိုးသမီးတွေဟာ ကလေးမွေးဖွားမှု၊ လက်ထပ်ထိမ်းမြားမှု သို့မဟုတ် ကွာရှင်းပြတ်စဲမှုအတွက်တို့ကိုလည်း မှတ်ပုံတင်စာရင်းသွင်းခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ ထို့အတူ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန် အလုပ်ခန့်ထားမှုဆိုင်ရာ စည်းမျဉ်းတွေကိုလည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

(ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်း) (Photo: AFP)

ဆော်ဒီမှာ တော်ဝင်အမိန့်ဒီကရီဖြင့် အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေအရ နိုင်ငံသားအားလုံးဟာ ကျားမလိင်ခွဲခြားမှု၊ မသန်းစွမ်းဖြစ်မှု သို့မဟုတ် အသက်အရွယ်ကို အခြေခံပြီး ခွဲခြားဆက်ဆံမှုမရှိဘဲ အလုပ်လုပ်ခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။

ယခု အမိန့်ဒီကရီ မထုတ်ပြန်မီအထိ ဆော်ဒီအမျိုးသမီးတွေဟာ ပတ်စ်ပို့လျှောက်ထားရန် သို့မဟုတ် ခရီးသွားလာရန် ခင်ပွန်း၊ ဖခင် သို့မဟုတ် အခြား ဆွေမျိုးတော်စပ်တဲ့ အုပ်ထိန်းသူအမျိုးသားထံမှ ခွင့်ပြုချက်ရယူရန် လိုအပ်ခဲ့ပါတယ်။ ဆော်ဒီမှာ အိမ်ရှေ့မင်းသား မိုဟမ်မက်ဘင်ဆဲလ်မန်းက အမျိုးသမီးတွေ ကားမောင်းခွင့်မရှိခဲ့မှုအားကစားကွင်းအတွင်း ဝင်ရောက်ခွင့်မရှိခဲ့မှု အပါအဝင် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပါတယ်။

(Photo: Getty Images)

အိမ်ရှေ့မင်းသားက ၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံရဲ့စီးပွားရေးကို ပြုပြင်ပြောင်းလဲပြီး ဖြစ်နေစေရန် အစီအစဉ်ကို ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဖော်ကြေညာထားခဲ့ပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသားက နိုင်ငံရဲ့ အလုပ်သမားအင်အားထုမှာ အမျိုးသမီးများပါဝင်မှုကို ၂၂ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က