တောဝက်ဘောလုံးအသင်းက ကလေးတွေကို ကျောက်ဂူထဲက နေ ကယ်ထုတ်ပေးဖို့ ကူညီခဲ့တဲ့ ဗြိတိန်နိုင်ငံက ရေငုတ်သမားနှစ်ယောက်ဖြစ်တဲ့ John Volanthen နဲ့ Jason Mallinson တို့ကို ထိုင်းအာဏာပိုင်တွေက ထိုင်းလေကြောင်းလိုင်းအတွက် တသက်သာ လေယာဉ်အခမဲ့ စီးနင်းခွင့် ချီမြှင့်ခဲ့ပါတယ်။
Photo - AP
သူတို့နှစ်ယောက်ဟာ တောဝက်ဘောလုံးအသင်းက ကလေး ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြကို ပထမဆုံး တွေ့ရှိခဲ့တဲ့ ရေငုပ်သမားနှစ်ယောက်ဖြစ်ပြီး အခြားဆုတံဆိပ်တွေကိုလည်း ထိုင်းအာဏာပိုင်တွေက ချီးမြှင့်ခဲ့ပါတယ်။ရေငုပ်သမား တစ်ယောက်ဖြစ်တဲ့ Mallinson က "သူတို့ကို အပြင်ကို အသက်ရှင်လျှက်ထုတ်ပေးနိုင်ခဲ့တဲ့ အတွက် အရမ်းကို ဝမ်းသာမိပါတယ်။ နောက်ဆိုရင်တော့ ဂရုစိုက်ကြဦးနော်။" လို့ ပြောခဲ့ပါတယ်။
သူတို့ဟာ ဇူလိုင်က ၁၁ ရက်နေ့မှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်ကနေ ဗြိတိန်နိုင်ငံကို ပြန်လည်ထွက်ခွာသွားပြီလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေ သူတို့ သူရဲကောင်းနှစ်ဦးကို အမြဲတမ်းကြိုဆိုနေဆိုတဲ့ သဘောနဲ့ ခုလိုမျိုး ထိုင်းလေကြောင်းလိုင်းမှာ တသက်တာ လေယာဉ်စီးနှင်းခွင့်ကို အပ်နှင်းရတာလည်းဖြစ်ပါတယ်။ ဒီအတွက်လည်း ဂုဏ်ယူပါတယ်။" လို့ ထိုင်းနိုင်ငံခရီးသွားလာရေးဝန်ကြီး ဝိရဆက် ကော်ဆိုရက် ကပြောပါတယ်။