Shionogi က ကာကွယ်ဆေး တိုးမြှင့်ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး စက်ပစ္စည်းများ ဖြည့်တင်းသွားမယ်လို့ ဆိုပါတယ်။

ဂျပန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Shionogi & Co က ၎င်းတို့ရဲ့ အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ တစ်နှစ်လျှင် သန်း ၃၀ တိုးမြှင့်ထုတ်လုပ်သွားရန် ရည်မှန်းထားကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနကို ဇူလိုင် ၂၀ ရက်နေ့မှာ ပြောကြားပါတယ်။

(Photo: Reuters)

ကာကွယ်ဆေးထုတ်လုပ်ရန် အပြင်းအထန် ပြိုင်ဆိုင်နေကြစဥ်အတွင်း Shionogi က ၎င်းရဲ့ ပြည်တွင်းထုတ်လုပ်မှုကို သုံးဆတိုးမြှင့်ရန် ရည်ရွယ်ပြီး ဆေးဝါးထုတ်လုပ်ရေးစက်ရုံမှာ လိုအပ်တဲ့ စက်ပစ္စည်းများ ဖြည့်တင်းသွားမယ်လို့ ဆိုပါတယ်။ Shionogi က ကာကွယ်ဆေးထုတ်လုပ်မှု အဆင့်အားလုံးကို ဂျပန်ပြည်တွင်းမှာ လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်းလည်း အမည်မဖော်ပြတဲ့ ကုမ္ပဏီပြောခွင့်ရအမျိုးသားတစ်ဦးက ပြောခဲ့ကြောင်း Nikkei Business Daily သတင်းက ဖော်ပြပါတယ်။



(Photo: Reuters)

ဂျပန်အစိုးရက COVID-19 ကာကွယ်ဆေးကို ပြည်ပမှ တင်သွင်းရယူရန် ရည်ရွယ်ထားစဥ် ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်ခြင်းက ပြည်ပတင်သွင်းမှုအပေါ် များစွာမှီခိုနေရခြင်းကို လျှော့ချလိမ့်မယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေက COVID-19 ကာကွယ်ဆေး ဖော်စပ်ထုတ်လုပ်ရန် အပတ်တကုတ် လုပ်ဆောင်နေကြပါတယ်။

ဂျပန်နိုင်ငံဟာ အခြားနိုင်ငံအချို့မှာကဲ့သို့ ကူးစက်ဖြစ်ပွားမှု အလွန်အမင်း မြင့်တက်မှုအခြေအနေကို မကြုံခဲ့ရပါဘူး။ လက်ရှိအချိန်အထိ ဂျပန်မှာ ကူးစက်ခံရသူ ၂၅,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၀၀၀ နီးပါးရှိခဲ့ပါတယ်။ ဂျပန်မှာ Shionogi & Co နဲ့ AnGes Inc အပါအဝင် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေက COVID-19 ကာကွယ်ဆေးထုတ်လုပ်နေကြောင်း သိရပါတယ်။ 

Share

Loading Next Article...
က္က