ပြန်လည်သက်သာကောင်းမွန်ရန် ကြာမြင့်ချိန်ကို လျှော့ချပေးနိုင်ပြီး ထိရောက်မှုရှိခဲ့ကြောင်း တွေ့ရပါတယ်။

ဂျပန်အခြေစိုက် Fujifilm အုပ်စုရဲ့ Fujifilm Toyama Chemical ဆေးဝါးကုမ္ပဏီက ထုတ်လုပ်ထားတဲ့ တုပ်ကွေးဗိုင်းရပ်စ် တိုက်ဖျက်ဆေးကို COVID-19 လူနာတွေမှာ နောက်ဆုံးအဆင့် (phase 3) စမ်းသပ်ကုသမှုအရ ပြန်လည်သက်သာကောင်းမွန်ရန် ကြာမြင့်ချိန်ကို လျှော့ချပေးနိုင်ပြီး ထိရောက်မှုရှိကြောင်း လေ့လာတွေ့ရှိရတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

(Photo: Nikkei)

Favipiravir (Avigan အမည်ဖြင့်လည်း သိထားကြ) ဆေးဖြင့် ရောဂါလက္ခဏာ မပြင်းထန်တဲ့ COVID-19 လူနာတွေကို စမ်းသပ်ကုသခဲ့ရာ အကျိုးသက်ရောက်မှုရှိခဲ့ပြီး ဂျပန်မှာ ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အဖွဲ့အစည်းထံမှ တရားဝင်ခွင့်ပြုချက်ရရှိရန် မျှော်လင့်ချက်များ အားကောင်းလာခဲ့ပါတယ်။



Avigan ဆေးကို တတိယအဆင့် စမ်းသပ်မှုအဖြစ် ဂျပန်မှာ လူနာ ၁၅၆ ဦးမှာ စမ်းသပ်ကုသခဲ့ရာ ၁၁.၉ ရက်အကြာမှာ ပြန်လည်သက်သာခဲ့တာ တွေ့ရပါတယ်။ ထိုဆေးမပေးဘဲထားတဲ့ လူနာအုပ်စုမှာတော့ ပြန်လည်သက်သာရန် ၁၄.၇ ရက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ Avigan ဆေး စမ်းသပ်မှုရလဒ်တွေဟာ ကိန်းဂဏန်းအချက်အလက်တွေအရ သိသာထင်ရှားခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောထားပါတယ်။

(Photo: Reuters)

ယခု ထုတ်ပြန်မှုအပြီးမှာ Fujifilm ရဲ့ တိုကျိုစတော့ဈေးကွက်မှာ ရှယ်ယာဈေးနှုန်း ၄ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့ပြီး လေးလအတွင်း အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။ Avigan ဆေးကို ပြည်တွင်းမှာ COVID-19 ကုသရန် မေလအတွင်း ဂျပန်အစိုးရက ခွင့်ပြုပေးခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးကလည်း ထိုဆေးရဲ့ အလားအလာရှိမှုကို ပြောကြားထားခဲ့ပါတယ်။ ဂျပန်အစိုးရက Avigan ဆေးထုတ်လုပ်မှုကို သုံးဆတိုးမြှင့်ရန် တိုက်တွန်းထားပြီး အကူအညီ တောင်းခံလာတဲ့ နိုင်ငံတွေကို လှူဒါန်းသွားမယ်လို့ ကတိပြုထားပါတယ်။

(Photo: ANI)

Fujifilm Toyama Chemical က ထုတ်လုပ်ထားတဲ့ Avigan ဆေးကို ၂၀၁၄ ခုနှစ်မှာ အရေးပေါ် တုပ်ကွေးကုသဆေးအဖြစ် ဂျပန်အစိုးရက ခွင့်ပြုခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က ဂီနီနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားခဲ့စဥ် ဂျပန်အစိုးရက Avigan ဆေးများကို အရေးပေါ် အကူအညီအဖြစ် ပေးပို့ခဲ့ဖူးပါတယ်။ Avigan ဆေးက ဗိုင်းရပ်စ်တွေရဲ့ RNA (Ribonucleic acid) အပေါ် သက်ရောက်မှုရှိပြီး ဗိုင်းရပ်စ်တွေရဲ့ ပွားများနိုင်စွမ်းကို ဟန့်တားထိန်းချုပ်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

တရုတ်က COVID-19 ကုသရန် ဂျပန်နိုင်ငံထုတ် တုပ်ကွေးဆေးကို အသုံးပြုမည်ဟုဆို


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က