ဖိလစ်ပိုင်မှာ COVID-19 ကြောင့် တစ်ရက်အတွင်း သေဆုံးမှုဟာ အရှေ့တောင်အာရှဒေသတွင်း အများဆုံး စံချိန်တင်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 ကူးစက်မှုများ ပိုမိုကျယ်ပြန့်လာခြင်းကို ကာကွယ်တားဆီးရန် အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က တစ်အိမ်တစ်ဆင်း COVID-19 လူနာရှာဖွေရေး လုပ်ဆောင်သွားမယ်လို့ အစိုးရဝန်ကြီးတစ်ဦးက ဇူလိုင် ၁၄ ရက်နေ့မှာ ပြောပါတယ်။

(Photo: Reuters)

ဖိလစ်ပိုင်မှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေတာကြောင့် မနီလာမြို့တော် ဧရိယာအတွင်း မြို့တစ်မြို့ရှိ လူဦးရေ ၂၅၀,၀၀၀ ခန့်ကို တင်းကျပ်တဲ့ lockdown စီမံဆောင်ရွက်မှုတွေ ပြန်လည်သတ်မှတ်ထားပါတယ်။ အများပြည်သူအနေနဲ့ COVID-19 ကူးစက်ခံရမှုတွေကို သတင်းပို့ကြရန် ပြည်ထဲရေးဝန်ကြီး Eduardo Año က တိုက်တွန်းခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်တဲ့ ကူးစက်ခံရသူ မည်သူမဆို ထောင်ဒဏ်ချမှတ်ခံရမယ်လို့ သတိပေးခဲ့ပါတယ်။



ဖိလစ်ပိုင်မှာ COVID-19 ကြောင့် တစ်ရက်အတွင်း သေဆုံးမှုဟာ အရှေ့တောင်အာရှဒေသတွင်း အများဆုံး စံချိန်တင်ခဲ့ပြီးနောက် ယခုကဲ့သို့ တင်းကျပ်ပြင်းထန်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ ဇွန် ၁ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်း lockdown စီမံဆောင်ရွက်မှုတွေ ဖြေလျှော့ပေးခဲ့ပြီးနောက် ကူးစက်မှုဟာ သုံးဆဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

"ကိုဗစ်ပေါ့စတစ် လူနာတွေအနေနဲ့ အထူးသဖြင့် သူတို့အိမ်က သီးခြားခွဲနေဖို့ အဆင်မပြေခဲ့ရင် သူတို့ကို အိမ်မှာပဲ မိမိဘာသာ အသွားအလာ ကန့်သတ်နေထိုင်တာမျိုး မလုပ်စေချင်ပါဘူး၊ ဒါကြောင့် အခုလို တစ်အိမ်တက်ဆင်းသွားပြီး COVID-19 လူနာတွေ့ရင် သီးခြားခွဲထားမယ့် နေရာတွေကို ခေါ်ဆောင်သွားမှာပါ" လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဖိလစ်ပိုင်အစိုးရရဲ့ ယခုအစီအစဥ်ကို လူ့အခွင့်အရေးအုပ်စုတွေက ဝေဖန်မှုတွေ ရှိလာနိုင်တယ်လို့လည်း ဆိုပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးလျှင် COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၅၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၅၃၄ ဦးရှိခဲ့ပြီး သံသယလူနာ သေဆုံးမှုအရေအတွက်မှာ ၁၂,၀၀၀ နီးပါးဖြစ်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က