ဈေးဝယ်စင်တာမှာ အနည်းဆုံး သေနတ်သံတစ်ချက် ကြားခဲ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ဧရိယာအတွင်း မြို့နယ်တစ်ခုရှိ ဈေးဝယ်စင်တာမှာ မကျေမနပ်ဖြစ်ပြီး ဒေါသထွက်နေတဲ့ ဝန်ထမ်းတစ်ဦးက လူအုပ်စုတစ်ခုကို ဓားစာခံအဖြစ် ထိန်းသိမ်းထားကြောင်း သတင်းကြောင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ကို ချထားကြောင်း သိရပါတယ်။

(Photo: AFP)

လုံခြုံရေးအစောင့်တစ်ဦးက San Juan မြို့နယ်ရှိ Greenhills Mall အတွင်း V-Mall ဈေးဝယ်စင်တာရဲ့ အုပ်ချုပ်ရေးရုံးခန်းအတွင်း လူဦးရေ ၃၀ အထိကို ဓားစာခံများအဖြစ် ထိန်းသိမ်းထားကြောင်းနဲ့ အနည်းဆုံး လူတစ်ဦး ပစ်ခတ်ခံရကြောင်း ယနေ့ (မတ်လ ၂ ရက်) ဖြစ်ရပ်နဲ့ပတ်သက်ပြီး San Juan မြို့အုပ်ချုပ်ရေးမှူး Francis Zamora က အစောပိုင်း ပြောကြားပါတယ်။



(Photo: AFP)

"ကျွန်တော်တို့ရရှိထားတဲ့ ကနဦး သတင်းကတော့ သူ့ဆီမှာ သေနတ်တွေနဲ့ လက်ဗစ်ဗုံးတွေရှိတယ်ပါ၊ လူတစ်ယောက် အပစ်ခံရပြီး ဆေးရုံပို့ထားပါတယ်" လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ ဈေးဝယ်စင်တာမှာ အနည်းဆုံး သေနတ်သံတစ်ချက် ကြားခဲ့ရပြီးနောက် ဈေးဝယ်သူတွေနဲ့ ဝန်ထမ်းတွေကို အဆောက်အအုံထဲမှ ထွက်ခွာကြရန် အာဏာပိုင်တွေက ပြောခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: AFP)

အာဏာပိုင်တွေက ဓားစာခံများ ဖမ်းဆီးထားတဲ့ လုံခြုံရေးအစောင့်ဆိုသူနဲ့ ညှိနှိုင်းနေတယ်လို့ Francis Zamora က ABS-CBN သတင်းဌာနကို ပြောပါတယ်။ ဈေးဝယ်စင်တာအတွင်းရှိ လူများကို ထွက်ခွာစေပြီး တံခါးများ ပိတ်ထားကြောင်း အခင်းဖြစ်နေရာမှာ ရောက်ရှိနေခဲ့သူ ABS-CBN မှ ဓာတ်ပုံသတင်းထောက်က ဆိုပါတယ်။ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုအရ ဈေးဝယ်စင်တာကနေ လူအများအပြား ပြေးထွက်လာခဲ့တာ တွေ့ရပါတယ်။

-နောက်ဆက်တွဲသတင်း


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က