ဖောက်ထွင်းသူတွေက အမေရိကန် FBI နဲ့ ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်းက စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ မြောက်ကိုရီးယားသံရုံး ဖောက်ထွင်းခံရမှုဟာ အလေးအနက်ထားစရာ အကြမ်းဖက်သမား တိုက်ခိုက်မှုတစ်ခု ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကိုယ်စားလှယ်ဖြစ်သူက မတ်လ ၃၁ ရက်မှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

ယခု ပြောကြားမှုဟာ သံရုံးဖောက်ထွင်းခံရမှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ ပထမဆုံး မှတ်ချက်ပြုမှုလည်း ဖြစ်ပါတယ်။ သံရုံးဖောက်ထွင်းကို စုံစမ်းစစ်ဆေးရန်လည်း မြောက်ကိုရီးယား နိုင်ခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်က တေင်းဆိုလိုက်ပါတယ်။



ဒါ့အပြင် ယခု ဖောက်ထွင်းမှုနောက်ကွယ်မှာ အမေရိကန် FBI နဲ့ မြောက်ကိုရီးယားဆန့်ကျင်ရေး အုပ်စုတစ်ခု ပါဝင်ပတ်သက်နေကြောင်း ကောလာဟလတွေကိုလည်း အနီးကပ် စောင့်ကြည့်နေတယ်လို့ ၎င်းကပြောပါတယ်။ မြောက်ကိုရီးယားသံရုံး ဖောက်ထွင်းခံရမှုကို စပိနိုင်ငံ မက်ဒရစ်မြို့မှာ စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရပါတယ်။

(Map: Google Maps)

"သံတမန်ရေးရာ အဆောက်အအုံထဲကို တရားမဝင် ကျူးကျော်ဝင်ရောက်ပြီး ခြောက်လှန့်မှုဖြစ်စေတဲ့ လုပ်ရပ်က အလေးအနက်ထားစရာ အချုပ်အခြာအာဏာကို ထိပါးမှုတစ်ခုဖြစ်ပြီး နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုပါပဲ၊ တစ်ကမ္ဘာလုံးမှာ ဒီလို လုပ်ရပ်မျိုးုကို ဘယ်တော့မှ သည်းခံမှာမဟုတ်ပါဘူး" လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်ရဲ့ ပြောကြားမှုကို မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ဖော်ပြခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ (မတ်လ ၂၇ ရက်) မှာတော့ မက္ကစီကိုနိုင်ငံသား Adrain Hong Chang ဟာ မြောက်ကိုရီးယားသံရုံး ဖောက်ထွင်းမှုဖြစ်ပြီး ငါးရက်အကြာမှာ နယူးယောခ့်မြို့ရှိ FBI နဲ့ ဆက်သွယ်ခဲ့တဲ့ အဆိုပါအုပ်စုရဲ့ခေါင်းဆောင် ဖြစ်တယ်လို့ စပိန်တရားရုံးက ထုတ်ပြန်ခဲ့ပါတယ်။

(Photo: CCD)

စပိန်တရားရုံးက ထိုသို့ ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာမှာပင် လူသိများထင်ရှားတဲ့ မြောက်ကိုရီးယား ဘက်ပြောင်းခိုလှုံသူတွေ ပါဝင်တယ်လို့ယုံကြည်ရတဲ့ Cheollima Civil Defense (CCD) အမည်ရှိ ဆန့်ကျင်ရေးအုပ်စုက သံရုံးဖောက်ထွင်းစီးနင်းမှုကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

အဆိုပါ အုပ်စုက ပြည်ပြေးအစိုးရဖွဲ့စည်းကြောင်း မတ်လ ၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ CCD အုပ်စုက ကွာလာလမ်ပူမှာ ဓာတုအဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ညီအစ်ကိုတော်စပ်သူ ကင်မ်ဂျုံနမ်ရဲ့သားဖြစ်သူကိုလည်း ကာကွယ်စောင့်ရှောက်ထားကြောင်း သိရပါတယ်။

စပိန်တရားရုံး သတင်းရင်းမြစ်တစ်ခုရဲ့ အဆိုအရ CCD အုပ်စုခေါင်းဆောင်နဲ့ အခြား သံသယရှိသူတွေကို ဖမ်းဝရမ်းထုတ်ထားကြောင်းလည်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က မြောက်ကိုရီးယားသံရုံးကို ဖောက်ထွင်းဝင်ရောက်ခဲ့သူတွေဟာ သံရုံးဝန်ထမ်းတစ်ဦးကို ဘက်ပြောင်းခိုလှုံရန် စည်းရုံးခဲ့ကြောင်း၊ စာရွက်စာတမ်းတွေနဲ့ ကွန်ပျူတာတွေကို ယူဆောင်သွားခဲ့ကြောင်း တရားရုံးက ပြောခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

(Photo: AFP)

တရားရုံးထုတ်ပြန်ချက်အရ CCD အုပ်စုခေါင်းဆောင် Hong Chang ဟာ မြောက်ကိုရီးယားသံရုံး ဖောက်ထွင်းမှုဖြစ်ပြီး တစ်ရက်အကြာမှာ အမေရိကန်ကို သွားရောက်ခဲ့ပြီး ထိုကိစ္စနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေပေးရန် FBI ကို ဆက်သွယ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စပိန်တရားရုံး အနေနဲ့ Hong Chang ဟာ FBI နဲ့ ဆက်သွယ်ခဲ့ကြောင်းကို မည်ကဲ့သို့ သိရှိခဲ့ကြောင်းကိုတော့ အတိအကျ ပြောမထားပါဘူး။

FBI က မြောက်ကိုရီးယားသံရုံးကို ဖောက်ထွင်းဝင်ရောက်ခဲ့သူတွေရဲ့ အမည်စာရင်းအား စပိန်စုံစမ်းရေးမှူးတွေထံမှ လက်ခံရရှိထားကြောင်းနဲ့ စပိန်အာဏာပိုင်တွေရဲ့ တောင်းဆိုမှုကိစ္စကို ဆန်းစစ်လေ့လာနေကြောင်း အမေရိကန်အစိုးရ သတင်းရင်းမြစ်တစ်ခုက မတ်လ ၂၇ ရက်မှာ ပြောခဲ့ပါတယ်။ အမေရိကန်အစိုးရကတော့ မြောက်ကိုရီးယားသံရုံး ဖောက်ထွင်းမှုကိစ္စမှာ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ကြောင်း ပြောကြားပြီး စပိန်က ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းတွေနဲ့ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ကြောင်း သိရပါတယ်။

Source: Reuters, BBC

Share

Loading Next Article...
က္က